အဖွားကြီးပုံစံမိတ်ကပ်လိမ်းလာတဲ့ သတိုးသမီးကိုမြင်ပြီး မင်္ဂလာပွဲကိုဖျက်သိမ်းခဲ့တဲ့ သတိုးသား

ကံမကောင်းစွာနဲ့သူမရဲ့သတို့သားကိုစဖို့နေ့ရွေးတာမှားသွားပါတယ်။ဒီအကြောင်းကတော့စနေတာကနေဆိုးရွားတဲ့ဘက်ကိုရောက်နိုင်တယ်ဆိုတဲ့အကောင်းဆုံးဥပမာပါပဲ။တရုတ်နိုင်ငံကအမျိုးသမီးတယောက်ကသူမရဲ့သတို့သားလောင်းကဘယ်လောက်ချစ်လဲဆိုတာစမ်းသပ်ခဲ့ပါတယ်။ဒါပေမယ့်သူမနေ့ရွေးတာမှားသွားပါတယ်။မင်္ဂလာဆောင်အကြိုဓာတ်ပုံရိုက်မယ့်နေ့မှာအဖွားကြီးတယောက်လိုမိတ်ကပ်ပြင်လာခဲ့တာပါ။ တရုတ်နိုင်ငံရှန်ဇန်မြို့မှာနေတဲ့အသက်၂၆နှစ်အရွယ်အရွယ်သတိ့ုသမီးလောင်းကွင်ကိုကသူမသတို့သားရဲ့အချစ်ကိုစမ်းသပ်ခဲ့ပါတယ်။သူမကိုယ်ကိုအသက်၅၀အရွယ်မိတ်ကပ်၊ဆံပင်အဖြူတွေနဲ့မျက်ကွင်းညိုနေတဲ့မျက်နှာအိုအိုနဲ့မင်္ဂလာအကြိုဓာတ်ပုံရိုက်မယ့်နေရာကိုလာခဲ့ပါတယ်။ ကံမကောင်းတာသူမရဲ့သတို့သားဖြစ်တဲ့ဂိုချန်ကစနောက်တာတွေမကြိုက်ပါဘူး။ကိစ္စကကြီးလာပြီးသူတို့ကရှန်ဇန်ရဲ့ဒုံမန်လမ်းဟောင်းမှာအော်ဟစ်ပြီးရန်ဖြစ်ကြပါတယ်။ဖြတ်သွားဖြတ်လာလူတွေကသူတို့နားကိုစုလာပြီးရန်ဖြစ်တာကိုဗီဒီယိုတွေရိုက်ကြပါတယ်။ မျက်မြင်သက်သေတွေပြောတာကတော့သတို့သားကမိတ်ကပ်တွေကိုဖျက်လိုက်ဖို့ပြောပါတယ်။သတို့သမီးကတော့လုံးဝငြင်းပါတယ်။သူသာသူမကိုနောက်အနှစ်၅၀အထိချစ်နိုင်မယ်ဆိုရင်ဒီပုံနဲ့မင်္ဂလာဦးဓာတ်ပုံအရိုက်ခံနိုင်ရမယ်လို့ပြောပါတယ်။ သတို့သားကသူမလိုချင်တာကိုမလုပ်ပေးနိုင်လို့ရန်ဖြစ်နေတာကိုအဓိပ္ပါယ်မရှိဘူးလို့ခံစားရပါတယ်။အဲဒါနဲ့သူ့ရဲ့မျက်မှန်ကိုမြေပေါ်ပစ်ချပြီးတက္ကစီတစ်စီးငှါး၍ထွက်သွားခဲ့ပါတယ်။ သတို့သမီးကလမ်းပေါ်မှာပဲအရမ်းငိုပြီးကျန်နေခဲ့ပေမယ့်သတို့သားကပြန်မလာခဲ့ပါဘူး။နာရီနည်းနည်းကြာအောင်ထိုင်စောင့်ပီးတဲ့နောက်မှာသတို့သမီးကလဲတက္ကစီငှါပြီးထွက်သွားတယ်လို့အနားကလူတွေကပြောပါတယ်။ Writer -Min Thu ( XYZ News ) Ads

တစ်ညတည်း အမငါးကောင်နဲ့ မိတ်လိုက်ခဲ့လို့ အားပြတ်ပြီး ဂလူးကို့စ် သွင်းယူရတဲ့ ကြောင်ကြီး

တရုတ်နိုင်ငံက အိမ်မွေးတိရစ္ဆာန်ဟိုတယ်မှာ ကြောင်မြီးတိုကြီးတစ်ကောင်က တစ်ညတည်းမှာ အမငါးကောင်နဲ့ မိတ်လိုက်တာကြောင့် ဂလူးကို့စ်ပါ သွင်းယူလိုက်ရပါတယ်။ အဲဒီလို မိတ်လိုက်ကောင်းတာကြောင့် ရှောက်ပီဆိုတဲ့ ကြောင်ဟာ ခပ်မျော့မျော့သာ ကျန်တော့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ တောင်ပိုင်း ကွမ်တုံပြည်နယ်က ကျို့ဇနီးမောင်နှံဟာ …

ကျားငယ်နဲ့ ခွေးပေါက်လေးတွေရဲ့ မယုံနိုင်စဖွယ် အဆွေခင်ပွန်းဖွဲ့ အတူနေထိုင်မှု

မိတ်ဆွေဆိုတာ အသက်အရွယ်၊ လူမျိုး၊ တိုင်းရင်းသားနဲ့ ဘာသာရေးတို့နဲ့ မသက်ဆိုင်ပါဘူး။ အသွင်မတူ ကွဲပြားမှုဟာ ခွဲခြားကောင်း ခွဲခြားကောင်းပေမယ့် နောက်ဆုံးမှာတော့ အဆွေခင်ပွန်းတွေကို ခွဲမထုတ်နိုင်ပါဘူး။ ဒီ ဥပမာကို ဘင်္ဂလားကျားပေါက်လေး ဟန်တာနဲ့ ဂျာမနီမျိုး ခွေးလေး ချက်ဆီးတို့က …

တောကြီးမျက်မဲထဲမှာ လမ်းပျောက်သွားခဲ့ပေမယ့် အံ့ဖွယ် အသက်ရှင်သန်နိုင်ခဲ့ကြတဲ့ လူ ( ၇ ) ယောက်

နှစ်တိုင်းမှာ လူတော်တော်များများက တောထဲမှာ လမ်းပျောက်သွားတတ်ပါတယ်။ တစ်ချို့တွေကတော့ အသက်ရှင်ရက် ပြန်မလာနိုင်ခဲ့ပေမယ့် ကြမ်းတမ်းတဲ့ စစ်ဆေးမှုတွေကိုဖြတ်သန်းပြီး အသက်ရှင်ရက်ပြန်လာနိုင်တဲ့လူတွေလည်းရှိပါတယ်။အခုဆောင်းပါးကတော့ ဖြစ်နိုင်ချေတွေကိုကျော်လွန်ပြီး တောထဲကနေ ဘေးကင်းကင်း ပြန်လာနိုင်ခဲ့ကြတဲ့ သတ္တိရှိတဲ့လူ ၇ယောက်အကြောင်းပြောသွားမှာဖြစ်ပါတယ်။ 1-Jamie Neale လန်ဒန်မြောက်ပိုင်းက ၁၉နှစ်အရွယ် …

မုန့်ဖုတ်ဆိုဒါကို မွေ့ရာပေါ်ဖြူးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးများ

ခေတ်သစ်ဈေးကွက်ထဲမှာဆိုရင် ကျွန်တော်တို့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့သန့်ရှင်းရေးပစ္စည်းတွေပေါများလွန်းလှပါတယ်။ ဒါပေမဲ့လဲ သင့်မီးဖိုချောင်ကနေ ဘေးကင်းစိတ်ချရတဲ့သန့်ရှင်းရေးကုန်ကြမ်းပစ္စည်းတစ်ခုကိုရနိုင်ပါတယ်။ အဲ့ဒါကတော့ မုန့်ဖုတ်ဆိုဒါပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သန့်ရှင်းရေးပစ္စည်းအနေနဲ့မုန့်ဖုတ်ဆိုဒါရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ မွေ့ရာ ဒီမွေ့ရာသန့်ရှင်းတဲ့နည်းလမ်းဟာဆိုရင် အညစ်အကြေးတွေ၊ ချွေးတွေ၊ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေ နဲ့ မကောင်းတဲ့အငွေ့အသက်တွေကိုဖယ်ရှားပေးမှာဖြစ်ပါတယ်။ အရင်ဆုံးမွေ့ရာတစ်ခုလုံးကိုရှင်းလိုက်ပါ။ ပီးရင် ဇကာစစ်ကိုအသုံးပြုပီး …

ကမ္ဘာပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ အတွက် အခက်ခဲဆုံးနိုင်ငံ ( ၁၀ ) နိုင်ငံ

ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကလေးသူငယ်အကာအကွယ်ပေးရေး နှင့် ရာဇဝတ်မှု ဖြစ်ပွားနှုန်းတို့အရ ကလေးသူငယ်နဲ့ မိခင်တို့အတွက် အဆိုးဆုံး ၁၀ နိုင်ငံကိုဖော်ပြလိုက်ရပါတယ်။ ၁။ The Central African Republic ထိုနိုင်ငံဟာ စစ်တမ်းတွေအရ ကမ္ဘာလှည့်ခရီးသည်တွေအတွက်အဆိုးဆုံးနေရာတွေထဲကတခုပါ။ အာဖရိကအလယ်ပိုင်းမှာတည်ရှိတဲ့ထိုနိုင်ငံဟာ …

အစိုးရရဲ့ အစီအစဉ်ကို မစောင့်နိုင်တော့လို့ တကိုယ်တည်း လမ်းဖောက်ခဲ့တဲ့ အမျိုးသား

အစိုးရရဲ့ အစီအစဉ်ကို မစောင့်နိုင်တော့လို့ ကိုယ့်အားကိုယ်ကိုးကာ တကိုယ်တည်း လမ်းဖောက်ခဲ့တဲ့ ကင်ညာနိုင်ငံက အမျိုးသားတဦးဟာ သူရဲကောင်းတဦးအဖြစ် နိုင်ငံတကာ မီဒီယာတွေရဲ့ ချီးကျူးဂုဏ်ပြုခံနေရတယ်လို့ ဧပြီ ၂၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီအမျိုးသားဟာ အသက် …

သင်​ဟာ သာမန်လူတွေနဲ့မတူတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ဆိုတာ သိနိုင်တဲ့အချက်များ

1-ညအိပ်​ရာဝင်​​နောက်​ကျတယ်​ စစ်​တမ််းတွေအရ ဉာဏ်​ကြီးရှင်​အများစုဟာ နံနက်​​စော​စောထတတ်​တဲ့သူ​တွေမဟုတ်​ပါဘူးတဲ့။အလုပ်​ပိုတွင်​ပြီး သူတို့ဟာ ​နောက်​ကျမှ အိပ်​ရာဝင်​ရတာကိုနှစ်​သက်​ကြပြီး တစ်​ချို့ဟာ အိပ်​မ​ပျော်​တဲ့​ရောဂါ Insomnia ​တောင်​ရှိကြပါတယ်​။ သူတို့ဟာ ညဘက်​မှာ တီထွင်​နိုင်​စွမ််းပိုမိုမြင့်မားကြပါတယ်​။ 2-ဟာသဉာဏ်​ရွှင်​တယ်​ ကိုယ်​ရည်​ကိုယ်​​သွေးနဲ့ ဉာဏ်​ရည်​စစ်​​ဆေးတဲ့စာ​မေးပွဲသင်​ဟာ ​တွေမှာအမှတ်​မြင်မြင်ရတဲ့ထူးချွန်​သူ​တွေဟာ ဟာသဉာဏ်​ရွှင်​ကြပါတယ်​။ သူတို့ဟာ …

အာဖရိကတိုက်က သဲကန္တာရကြီးကို သစ်တောကြီးအဖြစ် ပြောင်းလဲပစ်မယ့် စီမံကိန်း

အချိန်နဲ့အမျှရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်တွေကဆိုးဝါးလာနေလို့အစိမ်းရောင်တံတိုင်းလိုမျိုးစီမံကိန်းတွေကအနာဂတ်အတွက်မျှော်လင့်ချက်ပါပဲ။အာဖရိကခေါင်းဆောင်တွေရဲ့ပန်းတိုင်ကတိုက်တခုလုံးရဲ့မိုင်၅၀၀၀လောက်ကိုစိုက်ဖို့ဖြစ်ပြီးရာသီဥတုပြောင်းလဲမှုရပ်ခြင်း၊သဲကန္တာရတွေများတာကိုတားဆီးခြင်းနဲ့အဲဒီဒေသမှာနေတဲ့လူသန်းပေါင်းများစွာရဲ့ဘဝကိုပိုကောင်းစေခြင်းစတာတွေမျှော်လင့်ပါတယ်။ အစိမ်းရောင်တံတိုင်းက၁၅ရာခိုင်နှုန်းပြီးနေပြီးအရင်ကနဲ့မတူတဲ့ဘဝကိုပေးနေပါပြီ။ကျွန်ုပ်တို့ကလဲရာသီဥတုပြောင်းလဲမှုကိုတိုက်ခိုက်မှုကိုတွေ့ပြီးသင့်ကိုဒီအကြောင်းမျှဝေချင်ပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်ကအပင်တွေနဲ့ဖန်တီးထားတဲ့အစိမ်းရောင်တံတိုင်းတည်ဆောက်ဖို့အကြံကိုတော့အင်္ဂလိပ်သစ်တောပိုင်းလှုပ်ရှားသူဖြစ်တဲ့ရစ်ချက်စိန့်ဘာဘီဘိတ်ကာကစခဲ့တာပါ။ဒါပေမယ့်၂၀၀၇ခုနှစ်ကအထိအကောင်အထည်မပေါ်ပဲယနေ့မှပဲအစကိုတွေ့ရတာပါ။ အရမ်းဝေးတဲ့သန်း၄၀ဟက်တာရှိတဲ့ကန္တာရမြေကိုပြန်ရှင်သန်စေပြီးတနှစ်ကိုလူ၂.၅သန်းလောက်အတွက်လောက်ငစေမယ့်ကောက်ပဲသီးနှံတနှစ်တန်၅၀၀၀၀၀လောက်စိုက်ပျိုးမှာပါ။ဒိစီမံကိန်းသာအခုအတိုင်းဆက်သွားရင်အာဖရိကရဲ့ကန္တာရကလူတွေအတွက်ပြန်ရှင်သန်ဖို့နည်းကိုပေးမှာပါ။ အစိမ်းရောင်တံတိုင်းကြီးကိုဧကသန်း၁၉၂၇၄၂၁၉၇၅အထိစိုက်မှာဖြစ်ပြီးလူပေါင်း၂၃၂သန်းအတွက်ရည်ရွယ်ပါတယ်။ဒီတံတိုင်းကအာဖရိကရဲ့ကန္တာရဒေသတွေကိုပြန်ရှင်သန်စေသလိုနိုင်ငံ၁၁နိုင်ငံရဲ့ဂေဟစနစ်ကိုကူညီနိုင်မှာပါ။ လူထောင်ပေါင်းများစွာကအပင်တွေကိုစိုက်ပြီးအစိမ်းရောင်တံတိုင်းစီမံကိန်းကိုစအကောင်အထည်ဖော်ခဲ့တာပါ။ဒါကရေရှည်စီမံကိန်းဖြစ်ပြီးပြီးမြောက်ဖို့ဆယ်စုနှစ်တခုကြာမှာပါ။ဒါကလူတွေအလုပ်လဲပေးမှာဖြစ်လို့အာဖရိကကပြောင်းရွှေ့ခြင်းတွေလဲလျော့နည်းစေမှာပါ။ ပြီးသွားမယ်ဆိုရင်အစိမ်းရောင်တံတိုင်းစီမံကိန်းကအာဖရိကတိုက်ကိုအပြောင်းအလဲကောင်းတွေဖြစ်လာစေမှာပါ။:ကန္တာရရဲ့ပြဿနာတွေအတွက်အဖြေတခုဖြစ်လာပြီးရှားပါးမှုတွေလဲလျော့စေမှာပါ။ခြောက်သွေ့တဲ့ဒေသ၈၆၈၇စတုရန်းမိုင်ကိုစိုက်ပျိုးရေးနေရာအဖြစ်အသုံးပြုလာနိုင်မှာပါ။ဆာဟာရနဲ့ဆာဟယ်နေရာတွေကိုရေ၊မြေဆီလွှာ၊အင်စတဲ့ဂေဟစနစ်တွေပြန်ရှင်သန်လာစေမှာပါ။ကာဗွန်တန်ပေါင်းသန်း၂၅၀ကိုစုပ်ယူနိုင်လို့ရာသီဥတုပြောင်းလဲခြင်းနဲ့လေညစ်ညမ်းခြင်းကိုခုခံနိုင်မှာပါ။ဆင်းရဲတဲ့ဒေသတွေကိုအလုပ်အကိုင်၁၀သန်းလောင်ပေးနိုင်ပြီးနှစ်စဉ်ငတ်မွတ်မှုဒဏ်ကိုခံနေရတဲ့လူပေါင်း သန်း၂၀ကိုအစာထောက်ပံ့ပေးနိုင်မှာပါ။ အစိမ်းရောင်တံတိုင်းစီမံကိန်းကို၂၀၃၀ခုနှစ်မှာပြီးဖို့ရည်ရွယ်ပြီးလက်ရှိကန္တာရဒေသဧက၂၄၇၁၀၅၃၈၁ကိုပြန်လည်ရှင်သန်စေမှာပါ။ရည်ရွယ်ချက်ပြည့်ဖို့တနှစ်ကို၁၀သန်းဟက်တာလောက်ပြီးဖို့လိုပါတယ်။ပြီးတော့စီမံကိန်းပြီးခဲ့မယ်ဆိုရင်အစိမ်းရောင်တံတိုင်းကကမ္ဘာပေါ်ကအကြီးဆုံးရှင်သန်မှုဖြစ်လာပြီးမျိုးဆက်သစ်တွေအတွက်ပိုကောင်းတဲ့ကမ္ဘာကိုဖန်တီးပေးမှာပါ။ အကြီးဆုံးကျောက်အကာထက်၃ဆရှိတဲ့အစိမ်းရောင်တံတိုင်းက၈ခုမြောက်ကမ္ဘာ့အံ့ဖွယ်ဖြစ်လာမှာပါ။ Writer -Min Thu ( XYZ NEWS ) Ads

သူတို့ကို ကယ်တင်ခဲ့တဲ့ အသက်သခင်တွေကို ကျေးဇူးမမေ့တဲ့ တိရစ္ဆာန်လေးများ

တစုံတယောက်ရဲ့နာကျင်မှုကိုမိမိခံစားရသလိုမျိုးစာနာတတ်တဲ့သူတွေရှိပါတယ်။သူတို့ကအကူအညီတကယ်လိုနေတဲ့သူတွေကိုကျော်မသွားနိုင်ပါဘူး။သူ့တို့ကူညီတဲ့သူတွေကကျေးဇူးတင်တဲ့အကြည့်အပြစ်ကင်းတဲ့ပွေ့ဖက်မှုလေးတွေပြန်ပေးတတ်ပါတယ်။ Ads