ဆေးလိပ်သောက်ခြင်းထက်ပိုပြီး ကျန်မာရေးထိခိုက်စေတဲ့ အစားအသောက် ( ၈ ) မျိုး

မမျှတတဲ့အစားအသောက်တွေကယနေ့ခေတ်မှာဆေးရွက်ကြီးထက်တောင်လူကိုပိုသတ်နိုင်ပါတယ်။သိပ္ပံပညာရှင်တွေကအရေးကြီးတဲ့အာဟာရဓာတ်မပြည့်ဝခြင်းကသင့်ကျန်းမာရေးကိုဒုက္ခပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။ဒါပေမယ့်အစားအသောက်ထဲမှာအကျိုးရှိတာတွေပါတယ်လို့ခေါ်ကြတဲ့အရာတွေကလဲကိုယ်ကိုပျက်စီးစေနိုင်ပါတယ်။အဲဒီထဲမှာပုံမှန်အအေးတွေနဲ့ယှဉ်ရင်ကျန်းမာတယ်လို့ထင်ရတဲ့လတ်ဆတ်တဲ့အသီးဖျော်ရည်တွေကဆီးချိုဖြစ်ဖို့ပိုနီးတာတွေလဲရှိပါတယ်။ BrightSideကဘယ်အစားအသောက်တွေကဆေးလိပ်သောက်ခြင်းလိုပဲလူကိုတဖြည်းဖြည်းသတ်လဲဆိုတာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ ၁။လတ်ဆတ်တဲ့အသီးဖျော်ရည် သစ်သီးတွေကိုအာဟာရအတွက်ကောင်းတယ်လို့သတ်မှတိကြတဲ့အတွက်လတ်ဆတ်တဲ့ဖျော်ရည်ကိုနေ့စဉ်အစားအစာထဲမှာထည့်တာအလွယ်ဆုံးပါပဲ။ဒါပေမယ့်အရည်ပုံစံလုပ်လိုက်တဲ့အခါမှာအဝလွန်ခြင်း၊နှလုံးရောဂါနဲ့ဆီးချိုရောဂါကိုတားဆီးပေးတဲ့နေရာမှာအသုံးဝင်တဲ့အမျှင်ဓာတ်စတဲ့ကျန်းမာစေတဲ့အရာကိုဆုံးရှံူးသွားစေပါတယ်။ ထပ်ပြောရရင်အသီးဖျော်ရည်အလွန်သောက်ခြင်းကသူတို့မှာပါတဲ့သကြားပမာဏအလွန်များတဲ့အတွက်ကျန်းမာရေးပြဿနာတွေကိုတကယ်ဖြစ်စေပါတယ်။တကယ်တော့အသီးဖျော်ရည်တချို့မှာပါတဲ့သကြားပမာဏကcokeတပုံးလောက်နဲ့ညီမျှနေပါတယ်။ ဖျော်ရည်သောက်မယ့်အစားအသီးကိုသာတလံလုံးစားရန်ထောက်ခံကြပါတယ်။အသီးတလုံးကသင့်ကိုဗိုက်ပြည့်စေသလိုချိုတဲ့အရသာနဲ့စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ပါတယ်။ဖျော်ရည်ဖျော်မယ်ဆိုရင်အသီးလဲပိုလိုပါတယ်။ ၂။မုန့်အချောင်း အာဟာရတွေပြည့်ဝပေမယ့်လဲတချို့မုန့်ချောင်းတွေမှာသကြားပါဝင်မှုအရမ်​းများပါတယ်။အာဟာရအချက်အလက်များအရလူကြိုက်များတဲ့မုန့်ချောင်းတွေမှာတခုကို၁၅ကနေ၃၀ဂရမ်အထိသကြားပါပါတယ်။တဖက်မှာတော့သေချာရွေးပြီးစားမယ်ဆိုရင်တော့မုန့်ချောင်းတွေကအဆာပြေသလိုအာဟာရတွေအများအပြားပါလို့အလွန်အကျွံလဲမစားမိစေပါဘူး။ပြည့်စုံတဲ့မုန့်ချောင်းတချောင်းတွင်အမျှင်ဓာတ်၃ဂရမ်၊ပရိုတင်း၅ဂရမ်နဲ့သကြားက၁၀ဂရမ်ထက်နည်းပါတယ်။ ၃။ဆူရှီ ဆူရှိီကိုယ်တိုင်ကတော့အန္တရာယ်မရှိပါဘူး။ဒါပေမယ့်ဆူရှီထဲထည့်တဲ့အမျိုးမျိုးသောပါဝင်ပစ္စည်းတွေကအဓိကပြဿနာပါ။ယနေ့ခေတ်မှာဆိုရင်ခရင်ချိစ်၊မရောနိစ်၊ဆော့စ်နဲ့ဆူရှီရဲ့အာဟာရပါဝင်မှုနှုန်းများအောင်ထည့်ထားတဲ့အရာတွေအပြင်နေ့စဉ်ကယ်လိုရီလိုအပ်ချက်ကိုပြည့်အောင်ထည့်ထားတဲ့အရာတွေပါဝင်နေလို့ပါ။ဒီလိုအလေးချိန်ပြဿနာတွေမဖြစ်အောင်လို့ရိုးရှင်းတဲ့ဆော်လမွန်ငါးထည့်တာဖြစ်ဖြစ်ငါးအသားလွှာနဲ့စားတာဖြစ်ဖြစ်လုပ်ပါ။ ၄။မွေးမြူရေးငါး အခုပြဿနာကလဲဆူရှီနဲ့အတူတူပါပဲ။ငါးမှာကတော့အိုမီဂါ၃မြင့်မားစွာပါဝင်လို့နှလုံးရောဂါနဲ့နှလုံးဖောက်ခြင်းတွေကိုလျော့ကျစေပါတယ်။ဒါပေမယ့်အဲဒါတွေကငါးဘာစားလဲဆိုတာပေါ်မှာမူတည်ပြီးပါတာပါ။ကံမကောင်းစွာဖြင့်စူပါမားကတ်မှာဝယ်တဲ့ငါးတွေကသမုဒ္ဒရာကလာတာမဟုတ်ပဲမွေးမြူရေးခြံကလာတာပါ။ဒါကြောင့်ကျန်းမာတဲ့အာဟာရတွေကိုလျော့စေတဲ့အပြင်သူတို့ကိုမြန်မြန်ကြီးအောင်ကျွေးတဲ့ဓာတုပစ္စည်းတွေပါပါဝင်နေတာပါပဲ။ သင့်မြို့ကလတ်ဆတ်တဲ့ငါးတွေရနိုင်တဲ့နေရာကိုရှာပြီးထုတ်ပိုးထားတဲ့ဆူရှီထဲမှာပါတဲ့ငါးကဘယ်ကရလဲဆိုတာလဲမေးဖို့တွေဝေမနေပါနဲ့။ ၅။အဆီမပါတဲ့အစားအစာ ပြီးခဲ့တဲ့ရာစုနှစ်တွေကအဆီမပါတဲ့အစားအသောက်တွေပေါ်ခဲ့ပါတယ်။ထုတ်လုပ်သူတွေကျန်းမာစေတဲ့အဆီတွေကိုထုတ်ကုန်ပိုခံစေတဲ့သကြားတွေနဲ့အစားထိုးထားတယ်ဆိုတာအာဟာရပညာရှင်တွေမသိခင်အထိပေါ့။ဒါကြောင့်ကျန်းမာတယ်လို့ထင်ရတဲ့မုန့်ကိုစားမယ့်အစားပုံမှန်သကြားကိုသာစားလိုက်ပါတော့။အခုဆိုရင်ကျွမ်းကျင်သူတွေကဒိန်ခဲနဲ့ဂရိ်ဒိန်ချဉ်ကဲ့သို့အသင့်စားသကြားတွေမပါဘဲသဘာဝကျန်းမာစေတဲ့အဆီတွေပါတဲ့နေ့စဉ်အစားအသောက်တွေစားဖို့ထောက်ခံကြပါတယ်။ ၆။ကောက်ပဲသီးနှံများ ကျန်းမာပြီးအာဟာရပြည့်တဲ့မနက်စာအတွက်ကောက်ပဲသီးနှံတွေကအကောင်းဆုံးလို့စဉ်းစားကြပါတယ်၊ဒါပေမယ့်သီးနှံအားလုံးကအကျိုးတွေမတူကြပါဘူး။သူတို့အများစုကပြန်ပြင်ထားတဲ့အစေ့အဆံတွေနဲ့လုပ်တာပါ။ဒီလိုလုပ်နေတဲ့အချိန်မှာသင့်ကိုဗိုက်ပြည့်စေတဲ့အမျှင်ဓာတ်နဲ့တခြားအာဟာရဓာတ်တွေကိုကောက်ပဲသီးနှံကဆုံးရှံူးလိုက်ရပါပြီ။ကောက်ပဲသီးနှံမှာထည့်ထားတဲ့သကြားတွေကအရသာပိုကောင်းဖို့နဲ့ကလေးတွေကိုပိုဆွဲဆောင်မှုရှိစေဖို့လုပ်ထားတာပါ။ သကြားပါဝင်မှုများလာတာနဲ့ဆီးချို၊နှလုံးရောဂါနဲ့အဝလွန်ခြင်းတွေပိုများလာတာပါပဲ။ကောက်ပဲသီးနှံအစားခယထမင်းအပြည့်စားတာကမှသင့်ကိူစွမ်းအင်ပြည့်စေဖို့အမျှင်ဓာတ်အပြည့်အဝရစေမှာပါ။ ၇။ပေါင်မုန့်အဖြူ ပေါင်မုန့်ဖြူဆိုတာကကျန်းမာတဲ့အာဟာရနဲ့အမျှင်တွေမပါတဲ့ဂျုံနဲ့ပြန်လုပ်ထားတာပါ။အမျှင်ဓာတ်ကအလေးချိန်ထိန်းပေးခြင်း၊သွေးဖိအားကောင်းခြင်း၊ဆီးချိုအန္တရာယ်လျော့ခြင်းနဲ့နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေအတွက်ကောင်းပါတယ်။အဲဒါမပါတဲ့ပေါင်မုန့်ဖြူဖြစ်တဲ့အတွက်ဒီပြဿနာတွေကိုရင်ဆိုင်ရတော့မှာပါ။ …

သွားဖုံးသွေးထွက်ခြင်းကိုကုသဖို့ အကောင်းဆုံး နည်းလမ်း ( ၁၀ ) ခု

လူပေါင်းသန်း၆၀၀လောက်ကသွားဖုံးပြဿနာကိုကြုံဖူးကြတာပါပဲ။သတင်းကောင်းကတော့အများစုကိုအိမ်မှာကုလို့ရတာပါပဲ။ပြီးတော့သွားဖုံးသွေးထွက်ခြင်းဆိုတာရောဂါအများစုရဲ့အစဖြစ်နေတတ်ပါတယ်။ ၁။ဂွမ်းစကိုသုံးခြင်း တခြားသွေးထွက်ခြင်းတွေလိုပဲဂွမ်းစကိုယူပြီးသွေးထွက်တဲ့နေရာကိုသွေးတိတ်အောင်ဖိပေးပါ။ဒါပေမယ့်သွားဖုံးကအမြဲသွေးထွက်နေကျဆိုရင်တော့သွားဆရာဝန်ဆီသွားသင့်ပါတယ်။ ၂။နာကျင်မှုကိုသက်သာဖို့နဲ့သွေးထွက်နညး်စေဖို့အေးတာလေးနဲ့ဖိထားပါ အေးတာတခုခုသို့မဟုတ်ရေခဲနဲ့ဖိခြင်းကသွေးထွက်ခြင်းကိုရပ်စေပါတယ်။သွေးမတိတ်မချင်းဖိထားပေးပါ။၁၀မိနစ်လောက်ကြာလို့မှသွေးမတိတ်ဘူးဆိုရင်တော့ဆရာဝန်ခေါ်ရတော့မှာပါ။ နာကျင်မှုသက်သာချင်ရင်နောက်မှနွေးတာလေးနဲ့ပြန်ဖိပါ။ဒါပေမယ့်ရောင်ရမ်းပြီး၁မိနစ်လောက်ကြာမှလုပ်ပါ။ ၃။ဆားရည်နဲ့ပလုတ်ကျင်းပါ ရေကျက်အေးတခွက်နဲ့ဆားကိုရောပြီးဆားပျော်တဲ့အထိမွှေပါ။ပါးစပ်ထဲမှာစက္ကန့်၃၀လောက်ငုံပြီးထွေးထုတ်ပါ။၄ကြိမ်၅ကြိမ်လောက်အဲလိုလုပ်ပါ။ပြီးတော့အိပ်ရာထပြီးနဲ့အိပ်ရာမဝင်ခင်တနေ့၂ကြိမ်လုပ်ပါ။ဆားရည်ကသွားဖုံးထိခိုက်မှုနည်းပြီးသွေးထွက်တာအတွက်လဲအထောက်အကူဖြစ်ပါတယ်။ပါးစပ်ထဲမှာအယ်ကာလိုင်းတွေများသွားအောင်လုပ်လိုက်လို့ဘက်တီးရီးယားတွေပေါက်ဖို့လဲခက်ခဲသွားပါတယ်။ ၄။ခံတွင်းဆေးရည်ကိုသုံးကြည့်ပါ ခံတွင်းဆေးရည်ဆိုတာကသွားဖုံးကိုသေချာစွာသန့်ရှင်းနိုင်ရန်ရေထည့်လို့ရတဲ့ပစ္စည်းတခုပါ။ဘက်တီးရီးယားတွေကိုတားဆီးနိုင်ဖို့အတွက်လဲသုံးလို့ရပါတယ်။သွားဖုံးကိုသန့်အောင်ထားတာကသွားဖုံးသွေးထွက်တဲ့အခွင့်အရေးနည်းစေပါတယ်။ ၅။အရက်မပါတဲ့ပလုတ်ကျင်းရည်ကိုသုံးပါ သွားဖုံးယောင်တာလျော့ဖို့အတွက်ပလုတ်ကျင်းရည်သုံးတာအကောင်းဆုံးဖြစ်ပြီးပါးစပ်ထဲကဘက်တီးရီးယားတွေကိုလဲလျော့စေပါတယ်။ ၆။လက်ဖက်ရည်အိတ်ကိုသုံးပါ ရေနွေးထဲကိုလက်ဖက်ရည်အိတ်ထည့်ပြီး ၂မိနစ်လောက်ထားပါ။ပြီးရင်ဖယ်ပြီးအအေးခံပါ။သင့်သွားဖုံးကသွေးထွက်တဲ့နေရာကိုဖိပေးပါ။၅မိနစ်လောက်ထားပါ။လက်ဖက်ရည်ထဲမှာသွားဖုံးကူးစက်မှုကိုသက်သာစေတဲ့တန်နစ်အက်ဆစ်ပါပါတယ်။ ၇။ကျွတ်တဲ့ဟင်းသီးဟင်းရွက်တွေစားပါ။ မုန်လာဥနီလိုမျိုးအရာကိုအစားမစားခင်စားတာကသွားကြားညပ်တာကိုလျော့စေပြီးသွားဖုံးရောဂါကိုတားဆီးပေးပါတယ်။တံတွေးပုံမှန်ထွက်ဖို့ကိုကူညီပြီးပါးစပ်ကိုသန့်ရှင်းစေလို့ပါ။အဲဒါအပြင်သကြားပမာဏနည်းပြီးသွားပျက်စီးခြင်းလဲမဖြစ်စေပါဘူး။ ၈။အစိမ်းရောင်အရွက်များတဲ့အစားတွေပိုစားပါ။ ဗီတာမင်ကေမရှိခြင်းကသင့်သွေးတွေကိုခဲဖို့ကြာစေပါတယ်။ဒါကြောင့်သွားဖုံးကသွေးထွက်ပြီးရင်တိတ်ဖို့ကြာတာပါ။ဟင်းနုနွယ်ရွက်နဲ့ဆလပ်ရွက်ကဲ့သို့အစိမ်းရောင်အရွက်တွေကဗီတာမင်ကေအတွက်အကောင်းဆုံးပါပဲ။အဲဒါတွေကိုထည့်စားရင်အကျိုးရှိမှာပါ။ ၉။ချာမိုမိုင်းလက်ဖက်ရည်ကိုသင့်ပါးစပ်တဝိုက်သုတ်ပါ။ …

ရန်သူတွေအတွက် စက္ကန့် ၂၀ ပဲ အချိန်ရမယ့် ရုရှားနိုင်ငံထုတ် ရေဒါပျောက် 3M22 Zircon ဒုံးကျည်

ရုရှနိုင်ငံရဲ့ ရေဒါပျောက် အသံထက်မြန် ဒုံးကျည်ဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀၀၀ အလျင်နှုန်း ရှိပြီး ရန်သူတွေအနေနဲ့ ဒီ ဒုံးကျည်ကို ပစ်ချဖို့ဆိုရင် စက္ကန့် ၂၀ ပဲ အချိန် ရလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ …

အမေရိကန်ရဲ့ ဒုံးကာစနစ်အားလုံးကို ချိုးဖျက်နိုင်တဲ့ တရုတ်ရဲ ့အသံထက်မြန် ပဲ့ထိန်း နျူကလီးယားဒုံးကျည်

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေမှာ ဖြန့်ကြက်ထားတဲ့ ရှိသမျှ ဒုံးခွင်းဒုံး လေကြောင်းရန်ကာစနစ်အားလုံးကို ချိုးဖျက်နိုင်ဖွယ်ရှိတဲ့ အသံထက်မြန် ပဲ့ထိန်းနျူကလီးယား ဒုံးကျည်သစ်ကို တရုတ်နိုင်ငံက ထုတ်ပြလာပါတယ်။ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ အကြီးစား စစ်ရေးပြသမှုကို အင်္ဂါနေ့က ပြုလုပ်ရာ ပြသတဲ့ …

အီရတ်က အမေရိကန်စစ်စခန်းတွေကို အီရန် ဒုံးကျည်တိုက်ခိုက်ရာမှ ရုရှကူညီခဲ့

အိမ်နီးချင်း အီရတ်နိုင်ငံထဲက အမေရိကန်စစ်စခန်းကို ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်ရာမှာ အီရန်နိုင်ငံက ရုရှရဲ့ အာကာသနည်းပညာကို ရယူအသုံးပြုခဲ့တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး အစ္စရေး Debka သတင်းက ဖော်ပြကြောင်း BulgarianMilitary.com က ဖော်ပြပါတယ်။ “ဇန်နဝါရီ …

ပွဲထုတ်ပြသလာတဲ့ အာကာသစစ်သား ယူနီဖောင်းကြောင့် အမေရိကန်အာကာသတပ်ဖွဲ့ ဝိုင်းဝန်းလှောင်ပြောင်ခံရ

အမေရိကန်အာကာသတပ်ဖွဲ့ဟာ ၎င်း ပွဲထုတ်ပြသလိုက်တဲ့ စစ်ယူနီဖောင်းကြောင့် လူမှုမီဒီယာတွေမှာ တော်တော်များများ လှောင်ပြောင်ခံနေရတာကို ခုခံနေရပါတယ်။ ပြီးခဲ့တဲ့လကမှ အမေရိကန်သမ္မတ စတင်လိုက်တဲ့ အာကာသတပ်ဖွဲ့ဟာ ၎င်းရဲ့ တွစ်တာအကောင့်ကနေ အာကာသတပ်ဖွဲ့ရဲ့ ယူနီဖောင်းပုံကို တင်ခဲ့ပါတယ်။ စစ်ဝတ်စုံတွေလို ပတ်ဝန်းကျင်နဲ့ တစ်သားတည်း …

လူတွေအတွက် ရာသီဥတုပြောင်းလဲမှုထက် လူသတ်ရိုဘော့တွေက ပိုပြီးအန္တရာယ်ကြီး

ရုပ်ရှင်တွေထဲမှာတော့ ကောင်းကောင်းမြင်ဖူးကြပါမယ်၊ ဥပမာ Terminator ဇာတ်ကားတွေလိုပေါ့။ ဒါပေမယ့် အဲဒီလို လူသတ်စက်ရုပ်တွေကို ပုံစံတူ လုပ်လာမယ့်အရေးဟာ လူသားတွေအတွက် ဖြစ်အံ့ဆဲဆဲ ရာသီဥတုပြောင်းလဲမှုထက်တောင် အန္တရာယ်ခြိမ်းခြောက်မှု ပိုကြီးတယ်လို့ ဉာဏ်ရည်တု AI ပညာရှင်တစ်ဦးက ပြောပါတယ်။ စစ်တပ်တွေဟာ …

အထီးကျန်နေတဲ့သူတွေအတွက် ဂျပန်မှာ အချိန်ပိုင်းရည်းစား ငှာရမ်းးနိုင်ပြီ

ခရစ္စမတ်မှာ အမြဲလို တစ်ယောက်တည်း အထီးကျန်နေလား။ တစ်ယောက်ယောက်က ကိုယ့်လက်ကလေးကို ဆုပ်ကိုင်ရင်း ယုယုယယ ဆက်ဆံကာ စကားစမြည်ပြောရင်း ညစာအတူစားလိုသလား။ အထီးကျန် အမျိုးသမီးတစ်ဦးအနေနဲ့ ရည်းစား ဘယ်လောက် လိုချင်နေနေ ချစ်ပျော်မြူးနိုင်ဖို့အတွက် အရှာရခက်မှာ ဖြစ်သလို ရှာဖို့လည်း …

ဘာကြောင့် လေယာဉ်ပြတင်းပေါက်တွေ သေးငယ်ပြီး အဝိုင်းပုံ ရှိရသလဲ

လေယာဉ်တွေကို သဘောကျသူတွေအတွက်တော့ စိတ်ရှုပ်စရာ မေးခွန်းဖြစ်မှာပါပဲ။ ဒါပေမယ့်လည်း သိတော့သိသင့်တဲ့ မေးခွန်းပါ။ ဘာကြောင့်များ လေယာဉ်ပျံတွေက ပြတင်းပေါက်တွေဟာ လူနေအိမ်တွေက ပြတင်းပေါက်တွေလို လေးထောင့်ပုံ မရှိဘဲ အဝိုင်းပုံ သေးငယ်တဲ့ ပြတင်းပေါက်တွေ ဖြစ်နေရတာလဲ။ လေယာဉ် ပျံတက်ချိန်နဲ့ …

သြစတြေးလျနိုင်ငံ ကင်ဘာရာတွင် ဂေါက်သီးအရွယ် မိုးသီးများ ကြွေကျ

သြစတြေးလျနိုင်ငံရဲ့မြို့တော် ကင်ဘာရာမှာ ဇန်နဝါရီ ၂၀ ရက်က ဂေါက်သီးလုံးလောက်အရွယ် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် ကားမှန်တွေ ကွဲကုန်သလို လွှတ်တော် ခြံဝင်းထဲမှာလည်း မိုးသီးတွေ ပြည့်နေပါတယ်။ ဒီလအစောပိုင်းကတော့ လနဲ့ချီပြီး လောင်ခဲ့တဲ့ တောမီးတွေကြောင့် ကမ္ဘာ့အဆိပ်သင့်ဆုံး လေထုက …