ဖောက်ပြန်တာကြောင့် ဇနီးသည်က လိင်တံကို မူလီခေါင်း စွပ် အပြစ်ပေးခံရတဲ့ အမျိုးသား ဆေးရုံမှာ လွှစက်နဲ့ တိုက်ဖြတ်ပြီး ဖြုတ်ရ

ယူကရိန်းနိုင်ငံက အမျိုးသားတစ်ဦး ဆေးရုံတက်ရတဲ့ အကြောင်းကတော့ ထူးထွေအံ့ဩစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ သူ့ဇနီးဖြစ်သူဟာ သူ့ရဲ့ လိင်တံကို မူလီခေါင်း စွပ်ပေးလိုက်တာကြောင့်ပါပဲ။ အမည်မဖော်တဲ့ အသက် ၄၀ ဝန်းကျင် အဲဒီ အမျိုးသားဟာ တစ်ခုသော နံနက်ခင်း အိပ်ရာအထမှာ …

သင့်ကို နှလုံးရောဂါ ထ မ ဖောက် ခင် တစ်လအလိုမှာ သတိပေးနေတဲ့ လက္ခဏာ ( ၆ ) ခု

အနောက်နိုင်ငံတွေမှာ သေဆုံးမှုအကြောင်းအရင်းတွေထဲမှာ နှလုံးရောဂါထဖောက်တာကလည်း ထိပ်ဆုံးအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ UK မှာဆိုရင်တော့နံပါတ်တစ် လူသတ်သမားဆိုရင်လည်းမမှားပါဘူး။UK မှာ နှစ်တိုင်းလိုလို လူပေါင်း ၁၆၀,၀၀၀ ကနှလုံးရောဂါကြောင့် သေဆုံးကြရတာပါ ။ဒါကြောင့်လည်း သင့်မှာနှလုံးရောဂါရှိနေရင် နှလုံးရောဂါထဖောက်မယ့် လက္ခဏာတွေကိုသိထားဖို ့အရေးကြီးပါတယ်။ ဒီအချက်ကိုသိထားမယ်ဆိုရင် …

ဆေးခြောက်ဖြင့် ကုသမည့် ပထမဆုံးဆေးခန်း ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဖွင့်လှစ်

ဆေးခြောက်ကို အခြေခံပြီး ကုသမှုတွေ လုပ်ဆောင်ပေးမယ့် ပထမဆုံးဆေးခန်း ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ရိုးရာတိုင်းရင်းဆေးနဲ့ ဆေးခြောက်အခြေခံ ဆေးဝါးကုထုံးတွေနဲ့ ကုသမှုတွေ လုပ်နိုင်မှာဖြစ်ပြီး ပါကင်ဆန်လိုရောဂါအပါအဝင် တခြားရောဂါတွေကို ကုသနိုင်မယ့် ဒီ ဆေးခန်းမှာတော့ …

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်အားခများ တိုးမြှင့်သတ်မှတ်

ထိုင်းနိုင်ငံတဝန်း အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်အားခအသီးသီးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ကစ တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ ချွန်းပူးရီးခရိုင်နဲ့ ဖူးကက်ခရိုင်မှာ တရက် လုပ်အားခ ဘတ် ၃၃၆ ဘတ်၊ …

တစ်စစီ ခုတ်ထစ်သတ်ပစ်ဖို့ ထိပ်သီးဘာသာရေးဆရာရဲ့ ဆော်ဩခံရတာကြောင့် ဗြိတိန်သံအမတ်ကြီး အီရန်ကနေ ထွက်ပြေး

ဗြိတိန်သံအမတ်ကြီးကို တစ်စစီ အပိုင်းပိုင်း ခုတ်ထစ်သတ်ပစ်ဖို့ အီရန်နိုင်ငံက သဘောထားတင်းမာတဲ့ ထိပ်သီးဘာသာရေးဆရာတစ်ဦးဖြစ်သူ အယာတိုလက်အမတ်အလာမိုဟိုဒါက ဆော်ဩလိုက်ပြီးနောက်မှာတော့ အမတ်ကြီး ရော့ဘ်မာကာရီဟာ အီရန်ကနေ ဗြိတိန်နိုင်ငံဆီ အမြန်တိမ်းရှောင်ထွက်ပြေးသွားခဲ့ရပြီ ဖြစ်ပါတယ်။ အီရန်နိုင်ငံက ထိပ်ပိုင်းဘာသာရေးဆရာတွေမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အယာတိုလက်အမတ်အလာမိုဟိုဒါက ခုလို …

အရှေ့အလယ်ပိုင်းကတင်းမာမူတွေကြောင့် ကမ္ဘာစစ်ကြီး ဖြစ်လာနိုင်လို့ ရုရှသမ္မတ ပူတင် သတိပေး

အရှေ့အလယ်ပိုင်းက ဒေသတွင်း တင်းမာမှုများက ကမ္ဘာစစ်ကြီးအထိ ဖြစ်လာနိုင်ကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။ မော်စကိုမှာ ပြုလုပ်တဲ့ ဗဟိုဦးစီးညီလာခံမှာ မိန့်ခွန်းပြောရာမှာ နိုင်ငံတကာ လုံခြုံရေး၊ တည်ငြိမ်ရေးတို့အတွက် အလေးအနက် ဆွေးနွေးပြောဆိုမှုတွေ လိုအပ်နေပြီး အထူးသဖြင့် …

ဩစတြေးလျ မြို့တစ်ဒါဇင်ကျော်မှာ ရေခိုးမှုတွေ ဖြစ်တဲ့အထိ သောက်သုံးရေ လုံးဝပြတ်လပ်ခါနီးနေ

ဩစတြေးလျ အရှေ့ပိုင်းက မြို့ပြနဲ့ မြို့နယ် တစ်ဒါဇင်ကျော်ဟာ နောက်ဆုံး သောက်သုံးရေ ကုန်သွားတဲ့ ရက်ဆိုတဲ့ Day Zero နေ့ရက်ဆီ ခပ်မြန်မြန်ပဲ ရောက်ရှိလို့နေပါပြီ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကြောင့် ဩစတြေးလျနိုင်ငံဟာ မကြုံစဖူး မိုးခေါင်မှုတွေနဲ့ သောက်သုံးရေ …

ဆင်းကတ်မဲ့ဖုန်းများ မြန်မာပြည်တွင် ခေတ်စားလာနိုင်ကြောင်း တယ်လီနော်မှ ပညာရှင်များပြော

တယ်လီနောသုတေသနပညာရှင်တွေရဲ့ စစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ဆင်းကတ်မပါတဲ့ ဖုန်းတွေ ခေတ်စားလာနိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း လူသားတွေ ပြောင်းလဲသုံးစွဲလာမယ့် နည်းပညာတွေကို တယ်လီနောရဲ့ သုတေသနပညာရှင်တွေက စစ်တမ်းတွေပြုလုပ်ပြီး ရန်ကုန်မြို့ ဆူးလေစကွဲက …

ကံကောင်းစေဖို့ လေယာဉ်အင်ဂျင်ထဲ အကြွေစေ့ပစ်ထည့်သည့် အဘွားအိုကို တရားမစွဲဟု ရဲပြော

သက်ကြီးရွယ်အို အဘွားတဦးက ကံကောင်းဖို့ လေယာဉ်အင်ဂျင်စက်ထဲ ငွေအကြွေစေ့တွေ ပစ်ထည့်ခဲ့လို့ လေယာဉ် ၅ နာရီကြာ နောက်ကျခဲ့ရသလို ယွမ်သန်းနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် အဘွားကို တရားစွဲဆိုမှာ မဟုတ်ဘူးလို့ ရဲကပြောကြောင်း ရှန်ဟိုင်းရစ်စ်သတင်းမှာ ဇွန်လ ၂၈ ရက်နေ့က …

လက်ဘနွန်ဆန္ဒပြပွဲတွင် အကြမ်းဖက်မှုဖြစ်ပွား၊ ဂျာနယ်လစ် ၂ ဦးအပါအဝင် ၄၅ ဦး ဒဏ်ရာရ

လက်ဘနွန်နိုင်ငံက ဇန်နဝါရီ ၁၅ ရက် ဆန္ဒပြပွဲ ဒုတိယညမှာ အကြမ်းဖက်တာတွေ ဆက်ဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နံပါတ်တုတ်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးကာ ဆန္ဒပြပွဲတွေကို အတင်းအကျပ် လူစုခွဲခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုမှာ ၄၅ ယောက် ဒဏ်ရာရပြီး ၃၅ ယောက်ကို …