ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ သဘာဝနည်းဖြင့် ကာမအားတိုးအောင်လုပ်ဆောင်နည်းများ

လက်တွေ့အားဖြင့်တော့လူတိုင်းကအိပ်ယာပေါ်မှာကောင်းစွာလုပ်ဆောင်ချင်ကြပြီးအဆင်ပြေချင်ကြပါတယ်။ဒါကြောင့်လဲကာမအားတိုးဆေးတွေကလူကြိုက်များကြတာပါ။စားရုံသောက်ရုံနဲ့အဆင်ပြေသွားမယ့်အကြံကိုဘယ်သူကခုခံနိုင်မှာလဲ။ ထိုဆေးတွေရဲ့အစွမ်းကိုမယုံတဲ့သုူ​တွေရှိတယ်ဆိုပေမယ့်စမ်းကြည့်ချင်တဲ့​နတဲ့သူတွေလဲများပါတယ်။အများစုကတော့ပုံမှန်ချောကလက်လိုအရာမျိုးဖြစ်ပေမယ့်ကမ္ဘာတဝှမ်းကအထူးဆန်းဆုံးအရာတွေကိုပြောထားပါတယ်။ ဖူဂူငါး ဖူဂူလို့ခေါ်တဲ့ငါးကတက်ထရာဒိုတောက်ဆင်တွေပြည့်နေပြီးသေချာမကိုင်ရင်အဆ၃၀လောက်အဆိပ်သင့်စေပါတယ်။ဒါပေမယ့်မှန်ကန်စွာကိုင်မယ်ဆိုရင်တော့စားလို့ရပါတယ်။သူ့ရဲ့အထိအတွေ့ကလဲဓာတ်မတည့်တာဖြစ်နိုင်ပါတယ်။ထိုငါးကိုဟင်းအနေနဲ့ဂျပန်မှာရနိုင်ပြီးမှန်ကန်စွာကိုင်တွယ်ဖို့နည်းလမ်းနဲ့လိုင်စင်ရှိတဲ့စားဖိုမှူးတော့လိုပါတယ်။ မြွေဟောက်သွေး မြွေဟောက်သွေးကိုကာမအားတိုးဆေးအနေနဲ့သုံးတာက အာရှမှာတော့ပုံမှန်ပါပဲ။တကယ်အစွမ်းထက်တယ်ဆိုတဲ့လက်တွေ့ကျတဲ့အချက်အလက်တွေတော့မရှိပါဘူး။တရုတ်နဲ့ဗီယက်နမ်တွေကတော့မြွေဟောက်သွေးက တကယ်အာနိသင်ပြတာဖြစ်ပြီးဆန်အရက်နဲ့​ထည့်သောက်လဲရတယ်လို့ယုံကြည်ကြပါတယ်။အစွမ်းပိုထက်စေဖို့တော့တိုက်ရိုက်သောက်သင့်ပါတယ်။ ဝေလငါးရဲ့စွန့်ထုတ်မှု ထိုအရာကတော့ဝေလငါးရဲ့သုတ်ပိုးကစွန့်ထုတ်မှုဖြစ်ပြီးစျေးကြီးတဲ့ရေမွှေးတွေမှာသုုံးပါတယ်။ကာစာနိုဗာမှာတော့အမျိုးသမီးတွေကိုဆွဲဆောင်ဖို့ရေမွှေးနဲ့ရောသုံးပါတယ်။အမျိုးသားတွေရဲ့အာနိသင်လဲတိုးစေပါတယ်။အရှေ့အလယ်ပိုင်းမှာတော့တော်ဝင်မိသားစုတွေကနို့နဲ့ထိုအရာကိုရောပြီးငွေနဲ့အမျိုးသမီးတွေကိုမြှူစွယ်ပါတယ်။ စပိန်ရဲ့သစ်ပိုး စွန့်ထုတ်ခြင်းတွေအကြောင်းပြောမယ်ဆိုရင်တော့ စပိန်ရဲ့သစ်ပိုးကိုလဲစာရင်းထဲထည့်ရမှာပါ။၎င်းကသဘာဝအားတိုးဆေးလိုအရည်ကိုထုတ်ပေးတဲ့သစ်ပိုးမျိုးပါ။ဒါပေမယ့်၎င်းကိုသုံးမယ်ဆိုရင်ဘေးထွက်ဆိုးကျိုးအနေနဲ့ဆီးအရမ်းသွားတာဖြစ်နိုင်ပါတယ်။ ငှက်သိုက်စွပ်ပြုတ် တခွက်ကိုဒေါ်လာ၁၀၀ကျသင့်တယ်ဆိုတော့ရိုးရိုးစွပ်ပြုတ်တော့မဟုတ်ပါဘူး။၎င်းကသူ့ရဲ့အသိုက်ကိုတံတွေးနဲ့ခိုင်ခန့်အောင်လုပ်နိုင်တဲ့ငှက်တမျိုးရဲ့အသိုက်ကထုတ်တဲ့တရုတ်ဟင်းလျာပါ။ထိုအသိုက်ကိုဂူရဲ့နံရံအမြင့်တွေမှာတွေ့ရတာကရှားပါပြီးစျေးကြီးစေတာပါပဲ။ မာခါဥ တိရစ္ဆာန်တွေရဲ့သုတ်ပိုးကောင်တွေတိုးအောင်လုပ်နိုင်တယ်လို့သိပ္ပံနည်းအရသက်သေပြထားပြီးမာခါဥကလူကိုလဲတူညီတဲ့သက်ရောက်မှုပေးနိုင်ပါတယ်။ယူရတာလဲလွယ်ကူပြီးမာခါအမှုန့်ကိုနေ့စဉ်သုံးနိုင်ပါတယ်။ ပင်လယ် သခွားသီး ၎င်းရဲ့ထူးခြားတဲ့ပုံစံအရကာမအားတိုးဆေးအနေနဲ့အမှတ်သညာပြုလို့ရပါတယ်။တရုတ်မှာကတော့ခြောက်အောင်လုပ်စားစားချက်စားစားတန်ဖိုးရှိတဲ့အစာပါ။ ဒူးရင်းသီး ဆိုးရွားတဲ့အနံမျိုးရမယ်ဆိုပေမယ့်ဒူးရင်းသီးစားတာကအကျိုးရှိပါတယ်။အိန္ဒိယရဲ့လေ့လာချက်တခုအရဒူးရင်းသီးကအမျိုးသားတွေရဲ့သုတ်ပိုးတွေမြန်မြန်ကူးစေတယ်လို့ဆိုပါတယ်။ နွားအစေ့စွပ်ပြုတ် နွားရိုင်းရဲ့ဝှေးစေ့ကိုနာမည်လှလှလေးပေးထားတာပဲပေါ့။၎င်းကိုဂျာမိုင်ကာကချက်ပြီးငှက်ပျောသီး။ရွှေဖရုံသီး၊ငရုတ်ကောင်းနဲ့နွားရဲ့ဝှေးစေ့တွေပါပါတယ်။ ခူကောင်ရဲ့မှို လူတော်တော်များများကတော့ဘယ်လိုမှိုကိုမဆိုစားဖို့ငြင်းကြမှာပါ။ဒါပေမယ့်လိင်ကိစ္စကိုတိုးတက်ချင်တယ်လို့ဆုံးဖြတ်ထားရင်တော့တိဘက်ရဲ့ဆောင်းဦးရာသီမှာပဲပေါက်တဲ့လူကောင်ရဲ့မှိုကိုစားရမှာပါ။၎င်းကိုဟိမာလိယာရဲ့အားတိုးဆေးလို့ခေါ်ပြီးအမျိုးသားတွေရဲ့ခွန်အားကိုတိုးစေပါတယ်။တပေါင်ကိုဒေါ်လာ၅၀၀၀၀ကျသင့်လို့စျေးတော့တော်တော်ကြီးပါတယ်။ Writer -Min Thu ( …

Read More