ငါးကြီးဆီ သံုံးတတ်သူများအတွက် သတိထားမိစေလိုသောအချက်

အမှန်အတိုင်းပြောရရင်တော့လူတိုင်းလန့်ကုန်လိမ့်မယ်။ကမ္ဘာမှာအန္တရာယ်အကြီးဆုံးဆီကငါးကြီးဆီ(Omega3)ပါပဲ။ငါးကြီးဆီ(Omega3)ဆိုတာ(Oxidize)ဖြစ်ဖို့ပြည့်ဝဆီထက်အဆ(၃၀)ပို့ပြီးလွယ်ကူပါတယ်။်

 

 

(Omega3)က(Oxidize)မဖြစ်ရင်သိပ်ကောင်းတဲ့အဆီပါ။(Oxidize)မဖြစ်ရင်အော်တိုအင်မြူးနဲ့ကင်ဆာကိုတောင်သက်သာနိုင်ပါတယ်။အောက်ဆီတိုက်ဖြစ်နေရင်တော့ရောဂါအမျိုးမျိုးပေးမဲ့မျိုးစေ့အစုအဝေးကြီးပါပဲ။အသဲအဆီဖုံးမယ်၊နှလုံးရောဂါရမယ်၊အော်တိုအင်မြူးရမယ်၊ကင်ဆာဖြစ်မယ်။

USAမှာရောင်းနေတဲ့ငါးကြီးဆီအားလံုံးရဲ့(85%)ဟာအဖုံးဖွင့်ပြီးတာနဲ့တစ်လလောက်မှာ(Oxidize)ဖြစ်သွားတယ်လို့သိရပါတယ်။အထူးသဖြင့်အရင်းရှင်နာမယ်ကြီးကုမ္မဏီကြီးတွေကရောင်းတဲ့ငါးကြီးဆီအားလုံးဟာအဖုံးဖွင့်ပြီးတာနဲ့မကြာခင်မှာ(Oxidize)ဖြစ်သွားအောင်တမင်များလုပ်ထားသလားမသိပါဘူး။ငါးကြီးဆီသောက်မယ်ဆိုရင်မိမိကိုယ်တိုင်(Lab Result)သိတဲ့ငါးကြီးဆီ၊ (COA= Certificate of Analysis)သိတဲ့ငါးကြီးဆီတွေပဲသောက်သင့်ပါတယ်။အဲဒါတွေကသိဖို့နားလည်ဖို့ခက်ပါတယ်။လွယ်လွယ်လေးပဲသင်ပေးလိုက်ပါမယ်။

အဖုံးကို

လက်သန်းနဲ့ကလစ်ပြီးဖွင့်လို့ရတယ်။ပြန်ပိတ်လို့လေမလုံတဲ့အဖုံးဆိုရင်တော့သေချာပါတယ်။ခင်ဗျားတို့ကျန်းမာချင်လို့စားနေတဲ့ငါးကြီးဆီဟာခင်ဗျားတို့ကိုအကြီးအကျယ်ရောဂါအသစ်တွေပေးတော့မယ်ဆိုတာ။ကျွန်တော်ကတော့ငါးကြီးဆီဆိုရင်အဖုံးလုံအောက်ပြန်ဖုံးလို့ရမှသောက်တယ်။တကယ်လို့လက်နဲ့ကလစ်ပြီးဖွင့်လို့ရတဲ့အဖုံးဆိုရင်တော့ဘယ်လိုပိတ်ပိတ်မလုံပါဘူး။

ပြန်ပိတ်လို့မလုံရင်မကြာခင်မှာအောက်ဆီဂျင်နဲ့ထိပြီးပျက်စီးနိုင်တယ်ဆိုတာသတိပေးလိုပါတယ်။ပြန်ပိတ်၍အဖုံးလေလုံသည်ဖြစ်စေ၊မလုံသည်ဖြစ်စေ။အဖုံးဖွင့်ပြီးရင်ရေခဲသေတ္တာထဲမှာထားစေချင်ပါတယ်။အောက်ဆီဂျင်နဲ့အကြာကြီးဓါတ်ပြုထားပြီးသားဆိုရင်တော့ဘာမှကောင်းကျိုးမရပါဘူး၊ဆိုးကျိုးပဲရပါမယ်။

ပြောရတာစိတ်မကောင်းပါဘူး၊ဒါအမှန်တရားပါ။။ဘယ်သူဘယ်ဝါ၊ဘယ်ကုမ္မဏီ၊ကိုမှစီးပွားရေးထိခိုက်အောင်မရည်ရွယ်ပါဘူး။လူတွေဒုက္ခမရောက်စေချင်တဲ့သဘောရိုးတစ်ခုတည်းနဲ့ပြောတာပါ။

အောက်ပုံတွေမှာပြထားတဲ့ဗူးကလက်နဲ့ကလစ်ဖွင့််လို့ရတဲ့ဗူးဆိုတော့ဘယ်လိုပြန်ပိတ်ပိတ်လေမလုံတဲ့ဗူးပါ။အရစ်နဲ့လှည့်ပြီးပြန်ပိတ်ရတဲ့အဖုံးအမျိုးအစားမှလေလုံပါတယ်။အဖုံးအောက်မှာလဲလေလုံတဲ့(F217 Foam)ပါမှလုံပါတယ်။ငါးကြီးဆီနဲ့(Vitamin C)နှစ်ခုကအောက်ဆီတိုက်ဖြစ်ဖို့လွယ်လို့သူတို့ကိုသာအဓိကထားပြောခြင်းဖြစ်ပါတယ်။အောက်ဆီတိုက်ဖြစ်ဖို့ခက်တဲ့တခြားဆေးတွေကတော့ဘယ်လိုအဖုံးးမျိုးဖြစ်ဖြစ်သိပ်အရေးမကြီးပါဘူး။

Kelvin Power