နှလုံးရောဂါထမဖောက်ခင် တစ်လအလိုလောက်မှာ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာ ( ၆ ) ခုု

အနောက်နိုင်ငံတွေမှာ သေဆုံးမှုအကြောင်းအရင်းတွေထဲမှာ နှလုံးရောဂါထဖောက်တာကလည်း ထိပ်ဆုံးအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ UK မှာဆိုရင်တော့နံပါတ်တစ် လူသတ်သမားဆိုရင်လည်းမမှားပါဘူး။UK မှာ နှစ်တိုင်းလိုလို လူပေါင်း ၁၆၀,၀၀၀ ကနှလုံးရောဂါကြောင့် သေဆုံးကြရတာပါ ။ဒါကြောင့်လည်း သင့်မှာနှလုံးရောဂါရှိနေရင် နှလုံးရောဂါထဖောက်မယ့် လက္ခဏာတွေကိုသိထားဖို ့အရေးကြီးပါတယ်။ ဒီအချက်ကိုသိထားမယ်ဆိုရင် သင့်အသက်ကိုကယ်တာပါလို ့ပြောလည်းမမှားပါဘူး။လူတော်တော်များများကတော့ နှလုံးရောဂါထဖောက်တယ်ဆိုတာက ရုတ်တရက်ဖြစ်တာပါလို ့ထင်ကြပေမယ့် ကိစ္စတော်တော်များများမှာတော့ တစ်ကယ် ထမဖောက်ခင် ရက်သတ္တပေါင်းများစွာ လက္ခဏာပြတာမျိုးတွေရှိပါတယ်။နှလုံးရောဂါထဖောက်တဲ့ လက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ လူ ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပါ။

 

 

လက္ခဏာများ

သင်နှလုံးရောဂါထဖောက်တော့မယ်ဆိုရင် နှလုံးအလုပ်လုပ်တာကပုံမမှန်တာကြောင့် သင့်ကိုယ်တွင်းမှာသွေးတွေကိုနှလုံးက မလွှတ်တော့ပါဘူး။ဒီလို နှလုံးအလုပ်လုပ်တာပုံမမှန်တာတွေက တစ်ခါတစ်လေမှာ သွေးကြောခဲနေလို ့ဖြစ်တာပါ။နှလုံးရောဂါထဖောက်တော့မယ့်လူတွေက ရက်သတ္တပတ်အတော်ကြာအောင် ရင်ဘတ်အောင့်တာတွေ အသက်ရှုမဝတာတွေ အော့အန်တာတွေ မူးဝေတာတွေ ချိနဲ့နေတာတွေနဲ့ ရင်တုန်ပန်းတုန်တာတွေကို ခံစားရပါတယ်။ဒီလိုမျိုး ခံစားရတာတွေကလည်း တစ်ခြားအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ် (အအေးမိတဲ့လူတွေမှာလည်း အသက်ရှုမဝတာတွေရှိတတ်ပါတယ်)။ ဒါပေမယ့် ဒီလက္ခဏာအားလုံးစုုပြီးခံစားနေရပြီဆိုရင်တော့ နှလုံးကထဖောက်တော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်။သင်ရော ခုနကပြောခဲ့တဲ့လက္ခဏာတစ်ခု ဒါမှမဟုတ် တစ်ချို ့တစ်လေကိုခံစားမိနေပြီလား။ ဒါဆိုရင်တော့ ဆရာဝန်သွားပြသင့်ပြီနော်။

[irp posts=”8525″ name=”လိင်တံအရွယ်အစားကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ”]

အသံတိတ် နှလုံးရောဂါထဖောက်ခြင်း

နှလုံးရောဂါထဖောက်တဲ့ကိစ္စတစ်ဝက်လောက်က သတိမထားမိပဲဖြစ်သွားတယ်ဆိုတာ သင်သိပါသလား။ သင်ဟာ နှလုံးရောဂါကြောင့်သေဖို့ရာနှုန်းသုံးဆထက်များတာမျိုးတို ့သင့်မှာအသံတိတ်နှလုံးရောဂါထဖောက်တာမျိုးရှိဖူးတယ်ဆိုရင်တော့ ဒီကိစ္စကတော့ စိုးရိမ်စရာဖြစ်နေမှာပဲ။ လူတော်တော်များများက နှလုံးထဖောက်ပြီဆိုရင် အရမ်းကိုနာကျင်ပြီး ပင့်သက်ရှုနေတာမျိုးကိုပဲ တွေးမိကြပါတယ်။ ဒါပေမယ့်လည်း နှလုံးရောဂါထဖောက်တာက လုံးဝကို သတိမထားမိပဲဖြစ်သွားနိုင်ပါတယ်။ ပုံမှန်ထက်နည်းနည်းပိုပင်ပန်းပြီး နှလုံးတုန်တာမျိုးတွေ ချွေးတွေအရမ်းကျလာတာမျိုးတွေခံစားရတတ်ပါတယ်။ဒါပေမယ့်လည်း ဒီလက္ခဏာမျိုးကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်တာပဲ နှလုံးရောဂါတစ်ခုတည်းမှာပဲ ဖြစ်လာတာမျိုးမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ပိုစိုးရိမ်စရာဖြစ်လာတာပေါ့။

အသံတိတ်ရောဂါလက္ခဏာများ

သင်အသံတိတ်နှလုံးရောဂါဖောက်တာကို သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းပင်ပန်းတာမဟုတ်ပဲ ပိုပြီး ဆိုးဝါးတဲ့ ရောဂါပြသနာကိုညွှန်ပြနေတဲ့ လက္ခဏာတွေအများကြိးရှိပါတယ်။ အခုဆက်ပြောတော့မယ့် ရောဂါလက္ခဏာတွေကိုခံစားရပြီဆိုရင်တော့ သတိထားပါ။ သင်စိတ်ပူနေတယ်ဆိုရင် ဆရာဝန်နဲ ့တိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ခဏာတွေကတော့

၁- ရင်ဘတ်မှာတင်းတင်းကျပ်ကျပ်ခံစားရတာမျိုးတို ့ ရင်ဘတ်ကိုညှစ်ထားသလိုမျိုးခံစားရခြင်း အဲ့ခံစားရတာတွေက လည်ပင်း၊ မေးရိုးနဲ့ နောက်ကျောတွေအထိပါပြန်နှံ ့သွားနိုင်ပါတယ်
၂-ဇောချွေးပြန်ခြင်း
၃-အော့အန်ခြင်း၊ ပျို့တက်ခြင်း
၄-ဝမ်းဗိုက်အပေါ်ဘက်နာကျင်မှုခံစားရခြင်း
၅-ပခုံးနှစ်ဘက်ကြား နာကျင်မှုခံစားရခြင်း
၆-အသက်ရှုမဝခြင်း
၇-အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း
၈-မူးဝေခြင်း
၉-စိုးရိမ်မှုများ မနားမနေခံစားရခြင်း
၁၀-အသက်ရှုနှုန်းမြန်လာခြင်း တို ့ပဲဖြစ်ပါတယ်

အမျိုးသမီးများ

အမျိုးသမီးတွေမှာဆိုရင်တော့ နှလုံးရောဂါလက္ခဏာတွေက အမျိုးသားတွေအတွက် နှလုံးရောဂါလက္ခဏာတွေထက်စာရင် မရှင်းမလင်းဖြစ်တတ်ပါတယ်။ နှလုံးရောဂါလက္ခဏာတွေက တစ်ခါတစ်လေ သွေးဆုံးချိန်လက္ခဏာတွေနဲ ့ရောထွေးနေတတ်ပါတယ်။ နှလုံးရောဂါဖြစ်ပွားစေတဲ့ အရေးကြီးအကြောင်းရင်းတွေကတော့ မျိုးရိုးလိုက်ခြင်း၊သွေးဖိအားများခြင်း၊အဝလွန်ခြင်း၊ ဖိအားများခြင်း၊ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်းနျင့် ဆေးလိပ်သောက်ခြင်းတို ့ဖြစ်ပါတယ်။ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေရဲ ့ရင်ဘတ်မှာ တင်းကျပ်သလိုခံစားရတာတွေ ညှစ်ထားတဲ့နာကျင်မှုတွေကိုခံစားရပြီး အဲ့နာကျင်မှုတွေက လက်မောင်းအပေါ်ဘက်၊လည်ပင်း၊မေးရိုး၊နောက်ကျောနဲ ့ ဝမ်းဗိုက်ဧရိယာအထိပါပျံ ့နှံ့သွားနိုင်ပါတယ်။ အဲ့လိုနာကျင်မှုတွေကို ၅မိနစ်ထက်ပိုပြီးခံစားလာရပြီး ဇောချွေးပြန်ခြင်း၊အော့အန်ခြင်းနဲ့ ပျို ့တက်ခြင်းကိုပါ နောက်ဆက်တွဲခံစားရလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေက ‘အသံတိတ်ရောဂါလက္ခဏာ’ ဆိုတဲ့ခေါင်းစဉ်အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေအပြင် တစ်ခြား လက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။ဆက်ပြောမယ့် နှလုံးရောဂါကိုဖော်ပြနေတဲ့ ရောဂါလက္ခဏာတွေကိုခံစားရပြီဆိုရင်တော့ မပေ့ါဆသင့်တော့ပါဘူး။

၁-အမြင်အာရုံ ရုတ်တရက် ဆုံးရှုံးခြင်း ဒါမှမဟုတ် နှစ်ထပ်မြင်ရခြင်း ဒါမှမဟုတ် မှုန်ဝါးဝါးမြင်ရခြင်း

အပေါ်မှာပြောထားတဲ့ အချက်တွေထဲကတစ်ခုခုကိုခံစားရပြီဆိုရင်တော့ အရေးပေါ်ကို ချက်ချင်းပဲသွားဖို ့အကြံပေးချင်ပါတယ်။

၂-ခြေထောက်ဖောယောင်ခြင်း

ခြေထောက်က ဖောယောင်လာတာမျိုးတို ့ နာကျင်တာမျိုးတို ့ခံစားရတာက သွေးပြန်ကြောမှာ သွေးခဲနေတာကို ဖော်ပြနေတာပါ။ ဒီပြသနာက နှလုံးကထွက်လာတဲ့သွေးပြန်ကြောကိုပါ သွေးခဲမှုဖြစ်စေမှာပါ။ချက်ချင်းပဲ ဆရာဝန်ကိုခေါ်လိုက်ပါ။

၃-မျက်ခွံအရောင်ပြောင်းခြင်း

မျက်ခွံကအဝါရောင်ကြောင်းလာတာတွေ ဒါမှမဟုတ် မျက်ခွံနားမှာ အဝါရောင် အကွက်တွေ့ရတယ်ဆိုရင်တော့ ကိုလက်စထရောပမာဏမြင့်တက်တာကို ဖော်ပြနေတာပါ။ ကိုလက်စထရောမြင့်တက်လာရင် နှလုံးရောဂါဖြစ်နှုန်းကလည်းမြင့်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ခေါ်ပြီး ကိုလက်စထရောပမာဏကို စစ်ဆေးကြည့်ပါ။

၄-အနီရောင်ရှိပြီး ထိခိုက်လွယ်သော သွားဖုံးများ

ပါးစပ်ထဲက ပိုးမွှားတွေက သွေးကြောထဲ ဝင်သွားပြီး နှလုံးသွေးကြောမှာတွယ်ကပ်နေတဲ့အချိန်မှာ နှလုံးသွေးကြောရောဂါတွေဖြစ်တတ်ပါတယ်။သင့်သွားဆရာဝန်ကို သွားပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းကနှလုံးရောဂါဖြစ်မှုကို
လျှော့ကျစေတယ်လို ့လေ့လာချက်တွေအရ သိရပါတယ်။

Writer – Min Thu ( Daily Hot News )