Google မှာ လုံးဝ မရှာဖွေသင့်တဲ့ အကြောင်းအရာများ

ဂူးဂဲဟာ ကိုယ်လိုချင်တဲ့အဖြေတွေကို ထုတ်ပေးနိုင်တယ်ဆိုတာမှန်ပါတယ် ။
ဒါပေမယ့် တစ်ချို့အရာတွေကို သင်ရှာဖွေခဲ့မယ်ဆိုရင် အင်မတန်မှမှားယွင်းတဲ့အချက်အလက်တွေထုတ်ပေးပါလိမ့်မယ်။
ဒီတော့ ဘာတွေကို ဂူးဂဲမှာမရှာသင့်ဘူးလဲ ။

၁- သင်ခံစားနေရတဲ့ လက္ခဏာတစ်ခုခု
ဥပမာ အသားခြောက်တာမျိုး ၊ အသားခြောက်တယ်ဆိုတာ ရေမသောက်လို့လည်းဖြစ်နိုင်ပါတယ်။
ဒါကို ဘာကြောင့်အသားခြောက်ရလဲလို့ ဂူးဂဲပေါ်မှာရှာမယ်ဆိုရင် အရေပြားကင်ဆာဖြစ်နေလို့ဆိုတာမျိုးတွေ တွေ့ရပြီး စိတ်လက်မချမ်းမသာဖြစ်နိုင်ပါတယ်။

၂- ဒုစရိုက်မှုနဲ့ပတ်သတ်တာတွေ
ဗုံးတစ်လုံးကိုဘယ်လိုဖန်တီးရမလဲ ဆိုတာမျိုးကိုလုံးဝဂူးဂဲပေါ်မှာ မရှာဖွေသင့်ပါဘူး ။
ဂူးဂဲပေါ်မှာ သင်ရှာဖွေလိုက်တဲ့အကြောင်းအရာတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ လူတွေရှိနေပါတယ်။

၃- ကင်ဆာနဲ့ပတ်သတ်တဲ့ အကြောင်းအရာများ
ကင်ဆာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ဂူးဂဲပေါ်မှာလုံးဝမရှာဖွေသင့်ပါဘူး ။
ဗဟုသုတသိပ်များလွန်းရင် ရူးသလို ဖြစ်သွားတတ်တဲ့အကြောင်းလည်း သင်တို့ ကျောင်းတုန်းကသင်ခဲ့ဖူးမှာပါ။
ကိုယ်ခံစားနေရတာဟာ သာမန်ခေါင်းကိုက်ဝေဒနာတစ်ခုဖြစ်ပေမယ့် ဂူးဂဲပေါ်ကအကြောင်းအရာတွေနဲ့နှိုင်းယှဉ်ပြီးတွေးလိုက်တဲ့အခါ ဦးနှောက်ကင်ဆာဖြစ်နေသလိုမျိုးသင်စိတ်ထဲထင်မြင်လာပါလိမ့်မယ်။

၄- ကြမ်းပိုးတွေဘာစားလဲ
လူတိုင်းက ကြမ်းပိုးတွေကို သွေးစုပ်တဲ့ အင်းဆက်ကောင်တွေလို့ပဲသိကြပါတယ်။
ဒါပေမယ့် သူတို့တကယ်တမ်းဘာစားလဲဆိုတာသိခဲ့မယ်ဆိုရင် အိပ်ယာပေါ်တောင်တက်ချင်တော့မှာမဟုတ်ပါဘူး။
ဒီတော့ သင်လည်း သူတို့ဘာစားသလဲဆိုတာကိုမရှာရင်ပိုကောင်းပါလိမ့်မယ်။

၅- အရေပြားအခြေအနေ
အပေါ်မှာပြောခဲ့သလိုပဲ အရေပြားခြောက်တာတွေ ၊ အပူဖုလေးတွေထွက်တာတွေဟာ သာမန်ဖြစ်ပေမယ့် ဂူးဂဲပေါ်မှာ သွားရှာလိုက်ရင်တော့ ကုသမရတဲ့ရောဂါတွေဖြစ်သွားနိုင်ပါတယ်။

၆- ဆေးလိပ်သောက်သူရဲ့အဆုတ်အခြေအနေ
ဂူးဂဲမှာပြထားတဲ့ ဆေးလိပ်သောက်သူတွေရဲ့ အဆုတ်ပုံစံဟာ အင်မတန်မှ ကြောက်စရာကောင်းလွန်းပါတယ်။
တကယ်တမ်းမှာတော့ ပုံမှာပြထားတဲ့အခြေအနေ အရမ်းဝေးကွာလွန်းပါတယ် ။
ဘာကြောင့် အခုလိုမျိုး အရမ်းဆိုးရွားရတဲ့ပုံပြထားရသလဲဆိုတော့ ဆေးလိပ်သောက်သူတွေကို ဆေးလိပ်ဖြတ်ဖို့ တွန်းအားပေးဖို့အတွက်ပါ ။

၇-အန္တရာယ်များတဲ့ သတ္တဝါများအကြောင်း
ဒီသတ္တဝါတွေအကြောင်း ဂူးဂဲမှာရှာတဲ့အခါ ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အများဆုံးသတ္တဝါတွေပေါ်လာပါလိမ့်မယ်။
သင်ဟာပင့်ကူကြောက်သူတစ်ယောက်ဆိုရင် ဂူးဂဲမှာပေါ်လာတဲ့ ပင့်ကူကြီးဟာ သင့်ကို အိမ်မက်ဆိုးတွေ အပြည့်အဝပေးစွမ်းနိုင်ပါလိမ့်မယ်။

၈- ကိုယ့်နာမည်
ဂူးဂဲပေါ်မှာ ဘယ်တော့မှ ကိုယ့်နာမည်ကိုမရှာပါနဲ့ ။
ကိုယ်နဲ့နာမည်တူတစ်ယောက်ဟာ ဒုစရိုက်မှုပေါင်းများစွာကျူးလွန်ထားတဲ့သူတစ်ယောက်ဖြစ်နိုင်သလို ၊ ကံကြမ္မာအလွန်ဆိုးသွားတဲ့သူလည်းဖြစ်နိုင်တယ်။
ဒါတွေကိုကြည့်ပြီး ကိုယ်များသူတို့လိုဖြစ်လာနိုင်မလား လို့တွေးပြီး စိတ်ပူနေရတဲ့ ဒုက္ခကြီးကိုမခံစားချင်ပါနဲ့ ။

၉- ကလေးတစ်ယောက်မွေးဖွားခြင်းအကြောင်း
ဂူးဂဲမှာ ကလေးမွေးတဲ့အကြောင်းရှာတဲ့ အခါ အော်ဟစ်နေတဲ့ကလေးအမေတွေ နဲ့ ပြုံုးရယ်နေတဲ့ နာ့စ်တွေကို တွေ့ရပါလိမ့်မယ်။
ဒါပေမယ့် တကယ့်လက်တွေ့ဘဝရဲ့ အခြေအနေက အွန်လိုင်းပေါ်က ဗီဒီယိုတွေထက် ၁၀ ဆလောက်ဆိုးပါတယ်။
အသက်အန္တရာယ်နီးလွန်းတဲ့အတွက် ဆရာဝန်တွေ ၊ နာ့စ်တွေအကုန် ဂရုတစိုက်လုပ်ဆောင်ကြရပါတယ်။

Writer – Min Thu (Daily Hot News )

Popular Post