တစ်နာရီ ဒေါ်လာ လေးသန်း ၀င်ငွေရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံး မိသားစု

အမေရိကန်နိုင်ငံက လက်လီအရောင်းလုပ်ငန်း Walmart ကုမ္ပဏီ တည်ထောင်သူ မိသားစုရဲ့ ၀င်ငွေဟာ တစ်နာရီကို အမေရိကန်ဒေါ်လာ လေးသန်း ရရှိပြီး ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် ရပ်တည်နေပါတယ််။

Bloomberg သတင်းဌာနရဲ့ ၂၀၁၈ ဇွန်လက စာရင်းမှာ ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် ထိပ်ပိုင်းက ဖော်ပြခံရပြီးနောက်မှာ Walton မိသားစုရဲ့ တစ်မိနစ် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ခုနစ်သောင်း ရှိပါတယ်။

Walmart မိသားစုရဲ့ လက်ရှိ ဓနအင်အားဟာ အမေရိကန်ဒေါ်လာ ၁၉၁ ဘီလီယံ ရှိနေပြီ ဖြစ််ပါတယ်။ အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့ နှစ်က နယူးဇီလန်နိုင်ငံရဲ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၆ ဘီလီယံနဲ့ သိပ်မကွာတော့တဲ့ ပမာဏပါပဲ

ဒါပေမယ့် Walmart လုပ်ငန်းကုမ္ပဏီက အရောင်းသမားတစ်ဦးရဲ့ ဝင်ငွေကတော့ တစ်နာရီကို ၁၁ ဒေါ်လာပဲ ရှိတယ်လို့ Bloomberg က ဖော်ပြထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် ဒုတိယနေရာမှာ ရပ်တည်တဲ့ မိသားစုကတော့ Mars ကုမ္ပဏီ မိသားစုပဲ ဖြစ်ပြီး တည်ထောင်သူ Frank Mars ဟာ ကျောင်းသားဘဝမှာပဲ လက်ဖြစ်ချောကလက် ကိုယ််တိုင်် ထုတ်လုပ််နိုင်ခဲ့ပါတယ်။ သူတို့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံ ရှိပါတယ်။

အခု ကမ္ဘာ့အချမ်းသာဆုံး မိသားစုများ စာရင်းမှာ တတိယနေရာက ဖော်ပြခံရတာက အခြေခံကုန်စည်တွေ ထုတ်လုပ်တဲ့ Kochs ကုမ္ပဏီ မိသားစုပဲဖြစ်ပြီး အဲဒီ မိသားစုရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံ ရှိပါတယ်။

ကမ္ဘာ့ အချမ်းသားဆုံး မိသားစုကြီး ၂၅ စုရဲ့ ဓနအင်အားဟာ ပြီးခဲ့တဲ့ နှစ်ကထက် ၂၄ ရာခိုင်နှုန်း ပိုမို အင်အားကြီးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီယံနီးပါးအထိ ရှိလာခဲ့ပါတယ်။

Rf; Market Watch
Writer_မောင်သံဆင့်(XYZ News)

Popular Post