လာမည့် နှစ်သန်း ၂၀၀ အတွင်း ကမ္ဘာ့တိုက်ကြီးများစုပေါင်းသွားပြီး စူပါတိုက်ကြီးတစ်ခုထဲဖြစ်ပေါ်လာနိုင်

ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ နီးပါးက တိုက်ကြီးတွေအဖြစ်ကွဲထွက်ခဲ့တာဖြစ်ပြီး အနာဂတ်အချိန်ကာလတစ်ခုမှာ တိုက်ကြီးတွေအားလုံးပြန်လည်ပေါင်းစည်းသွားလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူထဆထားပါတယ်။ Bangor တက္ကသိုလ်မှ သိပ္ပံပညာရှင် Mattias Green ၊ Lisbon တက္ကသိုလ်မှ သိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ Joao C.Duarte နဲ့ Hannah Sophia Davies တို့ဟာ နှစ်သန်းပေါင်း ၂၀၀ အတွင်းမှာ ကမ္ဘာ့တိုက်ကြီးခုနှစ်တိုက်ပေါင်းစပ်ပြီး Novopangea , Pangea Ultima , Aurica နဲ့ Amasia ဆိုတဲ့ စူပါတိုက်ကြီးပုံစံလေးမျိုးထဲ တစ်မျိုးဖြစ်ပေါ်လာနိုင်တယ်လို့ပြောထားပါတယ်။

အသစ်ဖြစ်ပေါ်လာမယ့် စူပါတိုက်ကြီးဟာ ကျွန်းတစ်ခုလိုမျိုး ရေပတ်လည်ဝိုင်းနေတဲ့အနေအထားမျိုးမှာရှိနေမှာဖြစ်ပြီး စူပါတိုက်ကြီးဖြစ်ပေါ်လာနိုင်တဲ့ ပုံစံအနေအထားလေးမျိုးကိုတော့ အောက်မှာဖော်ပြထားပါတယ်။ လက်ရှိအခြေအနေမှာ အာဖရိကတိုက် နဲ့ သြစတေးသျတိုက်အပါအဝင်တိုက်ကြီးတော်တော်များများဟာ မြောက်ဘက်ကိုဦးတည်ရွှေ့လျားနေကြပါတယ်။ အန္တာတိကတိုက်ကလွဲပြီး ကျန်တဲ့တိုက်အားလုံးမြောက်ဘက်ကိုရွှေ့လျားနေတဲ့အတွက် Amasia အနေအထားမျိုးဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကတွေးယူထားပါတယ်။

ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ အန္တလန်းတိတ် နဲ့ ပစိဖိတ်သမုဒ္ဒရာဟာ အလွန်ကျယ်ပြောတဲ့ သမုဒ္ဒရာတွေအဖြစ်ကျန်ရှိနေခဲ့နိုင်ပါတယ်။ “ကမ္ဘာ့မြေလွှာတွေ နဲ့ သူတို့ရွှေ့လျားနေပြီး ဖြစ်ပေါ်လာမယ့် ပုံစံတွေကိုလေ့လာရတာဟာ ကျွန်တော်တို့အတွက် သိပ်ကို ခက်ခဲလွန်းပါတယ် “လို့ သူတို့ကလည်းပြောထားပါတယ် ။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ နှစ်သန်းချီအကြာမှဖြစ်ပေါ်မှာဖြစ်တဲ့အတွက် လောလောဆယ်တော့စိတ်ပူစရာမရှိပါဘူး ။

Writer – Min Thu ( XYZ News )

Popular Post