” စာသင်လို့မရတဲ့ ဦးနှောက်ချို့ ယွင်းမှုရောဂါကြောင့် ကျောင်းမှထွက်ခဲ့ရပြီး ဘီလီယံနာဖြစ်လာသူ Richard Branson ”

Richard Branson ဟာ Virgin Groupရဲ့ Founderလည်းဖြစ်သလို CEOလည်းဖြစ်ပါတယ်။သူဟာ ငယ်စဉ်ကတည်းကDyslexiaလို့ခေါ်တဲ့ စာသင်လို့မရတဲ့ဦးနှောက်ချို့ ယွင်းမှုရောဂါပါလာခဲ့ပါတယ်။စာသင်ကျောင်းမှာ အခက်တွေများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။“ကျွန်တော်ဟာ စာသင်ခန်းထဲမှာ အထုံထိုင်းဆုံး၊အညံ့ဖျင်းဆုံးကျောင်းသားတစ်ယောက်လို့ အားလုံးက မြင်ကြပါတယ်။ဒါပေမယ့် အဲ့ဒီအရာက ကျွန်တော့်ကို စိတ်ပျက်ကျဆုံးသွားအောင်မလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအရာဟာ ကျွန်တော်အောင်မြင်ဖို့အတွက်အဓိကတွန်းအားတစ်ခု ဖြစ်လာခဲ့ပါတယ်”လို့CNNMoney နဲ့အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

သူဟာ အားနည်းချက်ကို အားနည်းချက်တစ်ခုလို့မခံယူခဲ့ဘဲ အားသာချက်တစ်ခုဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်။အောင်မြင်ဖို့အတွက် တွန်းအားတစ်ခုဖြစ်အောင် ပြောင်းလဲခဲ့တယ်။“ကျွန်တော်တို့လိုစာသင်လို့မရတဲ့ ဦးနှောက်ချို့ယွင်းမှုရောဂါရှိနေတဲ့ သူတွေတောင် သူတို့တကယ်မြတ်နိုးတဲ့အရာ၊ တကယ်စိတ်အားထက်သန်တဲ့အရာတွေကိုဆိုရင် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ကျွန်တော့်မှာက စိတ်အားထက်သန်တဲ့ အရာတွေတော်တော်များများ ငယ်ငယ်လေးကတည်းကရှိနေခဲ့တာပါ”လို့ သူ့ရဲ့ ရည်မှန်းချက်ကြီးမားပုံကိုလည်းပြောပြခဲ့ပါတယ်။

သူဟာ အဲ့ဒီလိုသူ့ရဲ့ စိတ်အားထက်သန်မှုတွေ၊ စိတ်ကူးအိမ်မက်တွေကနေပြီး စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလိုတည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ တစ်လျှောက်မှာစွန့်စားမှုတွေများစွာလည်းလုပ်ခဲ့ရပါတယ်။အသက် ၁၅နှစ်မှာပဲ သူဟာ ကျောင်းမှထွက်ခဲ့ပြီး သူ့ရဲ့ပထမဆုံး စီးပွားရးဖြစ်တဲ့ “ကျောင်းသား” လို့ခေါ်တဲ့ မဂ္ဂဇင်​းကိုထုတ်ဝေခဲ့ပါတယ်။ပြီးတော့ အပြင်လောကကြီးရဲ့အဖြစ်အပျက်တွေနဲ့ လူတွေရဲ့အကြောင်းကိုလက်တွေ့ကျကျ စတင်လေ့လာ ခဲ့ပါတော့တယ်။သူဟာ မဂ္ဂဇင်းကို ထောက်ပံ့နိုင်ဖို့အတွက် MailကနေပြီးRecord တွေကိုရောင်းချတဲ့အလုပ်ကိုလည်းစတင်ခဲ့ပါတယ်။

ဒါပေမယ့် မဂ္ဂဇင်းဟာမအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ရပ်ပစ်လိုက်ရပါတော့တယ်။ဒါပေမယ့်Record တွေကိုMailကနေပြီး ရောင်းချတဲ့ လုပ်ငန်းဟာတော့ Virgin Recordsဆိုပြီးကြီးထွားလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Recordအရောင်းဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါ တော့တယ်။ဒါ့အပြင် သူယုံကြည်တဲ့ အနုပညာရှင် Mike Oldfieldကိုလည်းမြေတောင်မြှောက်ပေးခဲ့ပါသေးတယ်။“ကျွန်တော် Recordကုမ္ပဏီ ခုနှစ်ခုကိုသွားခဲ့တယ်။ဒါပေမယ့် တစ်ခုကမှ ကျွန်တော်တို့ကို လက်မခံခဲ့ပါဘူး။ဒါ့ကြောင့်ပဲ ကိုယ်ပိုင်Recordကုမ္ပဏီ အသေးလေးတစ်ခုကိုတည်ထောင်ခဲ့တော့တယ်”လို့ Bransonကသူ့ရဲ့ Recordကုမ္ပဏီတည်ထောင်ဖြစ်ခဲ့ပုံကိုလည်းပြောပြခဲ့ပါတယ်။

သူ့ရဲ့ Record ကုမ္ပဏီဟာ အယ်လ်ဘမ်အချပ်ပေါင်းသန်းချီရောင်းချခဲ့ရပါတယ်။သူဟာ ဆက်ပြီး အခြားအနုပညာရှင်တွေနဲ့လည်းလက်တွဲ ခဲ့ပါတယ်။သူ့ရဲ့ Recordကုမ္ပဏီအောင်မြင်လာတဲ့နောက်မှာတော့ တစ်ခြားစီးပွားရေးတွေတိုးချဲ့ဖို့ စတင်ပါတော့တယ်။၁၉၈၄ခုနှစ်မှာတော့ Virgin Atlanticလေကြောင်းလိုင်းကိုတည်ထောင်ခဲ့တော့တယ်။“ကျွန်တော်တို့ ရပ်တည်နိုင်လိမ့်မယ်လို့ တခြားသူတွေဘယ်သူကမှ မထင်ခဲ့ပါဘူး”ဒါပေမယ့် သူဟာ တခြားလေကြောင်းလိုင်းတွေနဲ့မတူဘဲကွဲပြားတဲ့ ဝန်ဆောင်မှုတွေနဲ့ ခရီးသည်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။

Atlanticလေကြောင်းလိုင်ဟာတဖြည်းဖြည်းနဲ့ အောင်းမြင်လာပြီးတဲ့နောက်မှာတော့ Virgin Americaနဲ့Virgin Australiaတို့ကိုလည်းတိုးချဲ့ခဲ့ပါတယ်။ဒါ့အပြင်Virgin Galacticကိုတည်ထောင်ပြီး အာကာသခရီးသွားလုပ်ငန်းကိုတည်ထောင်ဖို့လုပ်ဆောင်နေခဲ့ပါပြီ။“အခုဆိုရင် Elon Muskရဲ့ ကားလေးဟာ အာကာသထဲမှာတစ်စီးတည်းအကြာကြီး အထီးကျန်မနေရအောင်ကျွန်တော်တို့ကုမ္ပဏီဟာ အင်ဂျင်နီယာပေါင်း ရ၀၀ခန့်နဲ့ လုပ်ဆောင်နေပါတယ်”Elon Muskရဲ့ အာကာသထဲသို့လွှတ်တင်လိုက်တဲ့အာကာသကားလေးဟာတစ်စီးတည်းရှိနေမှာမဟုတ်ပါဘူး။ သိပ်မကြာခင်မှာ Virgin Galactic ကလည်း လွှတ်တင်သွားမှာပါ။

အခုဆိုရင် Virgin Groupဟာ အခြားလုပ်ငန်းပေါင်းများစွာကိုလည်းတိုးချဲ့နိုင်ခဲ့ပါပြီ။ဒါပေမယ့် သူဟာ လုပ်သမျှအောင်မြင်ခဲ့တာတော့မဟုတ်ပါဘူး။၁၉၉၄ခုနှစ်မှာ Virgin Colaကို စတင်မိတ်ဆက်ခဲ့ပါတယ်။Virgin Colaဟာ တခြား Colaတွေနဲ့ခြားနားမှုသိပ်မရှိခဲ့တဲ့အတွက်စျေးကွက်ထဲမှာ မပြိုင်ဆိုင်နိုင်ခဲ့ပါဘူး။ Colaလုပ်ငန်းဟာ လုံးဝ ကျရှုံးခဲ့ရပါတယ်။“ကျရှုံးမှုတွေဆိုတာ အကောင်းဆုံးသင်ယူမှုတွေပါပဲ။ စွန့်စားမှုတွေတာမလုပ်ရဲဘူးဆိုရင် အောင်မြင်တဲ့စွန့်ဦးတီထွင်သူတစ်ယောက် ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး”လို့ Bransonကပြောသွားခဲ့ပါတယ်။

Ref;CNNMoney
Writer~Thu Rein ( XYZ News)

Popular Post