လက်တော့ပ်ခိုးသွားပြီးနောက် ပိုင်ရှင်ထံကို အီးမေးလ်ပို ့ပြီး တောင်းပန်ခဲ့တဲ့ သူခိုး

ကိုယ်ပိုင်တဲ့ပစ္စည်းတစ်ခုအခိုးခံရတဲ့အခါမှာ တကယ်ကိုဒေါသထွက်စရာကောင်းလွန်းပါတယ်။ တစ်ခါတစ်လေမှာ ခိုးသွားတဲ့သူက အားနာပြီး ပြန်ပေးမလားလို့ မျှော်လင့်မိတတ်ကြပေမယ့် တကယ်တမ်းတော့ ပါသွားတဲ့ပစ္စည်းဟာ ဘယ်တော့မှပြန်မရနိုင်တော့ပါဘူး ။ ဘာမင်ဂန်က ကောလိပ်ကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Stevie Valentine ဟာလည်း သူ့ရဲ့လက်တော့လေးအခိုးခံလိုက်ရပါတယ်။ ဒါပေမယ့် ဒီသူခိုးဟာ အင်မတန်မှအားနာတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် Stevie ဆီကိုအခုလိုပဲ အီးမေးပို့ပေးခဲ့ပါတယ်။

” မင်းလက်တော့ အတွက် စိတ်မကောင်းပါဘူး… ဟလို…မင်းလက်တော့ကိုယူမိတဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ် ။ ငါအရမ်းဆင်းရဲမွဲနေပြီး ငွေအရမ်းလိုအပ်နေလို့ပါ ။ မင်းရဲ့ ပိုက်ဆံအိတ် နဲ့ဖုန်းကိုချန်ထားခဲ့ပေးတဲ့အတွက် နည်းနည်းတော့အဆင်ပြေမယ်ထင်ပါတယ်။ မင်းက ကောလိပ်ကျောင်းသားတစ်ယောက်ဆိုတာ ငါသိတယ် ။ ဒီတော့ ကျောင်းကိစ္စတွေနဲ့ပတ်သတ်တဲ့အရေးကြီးတဲ့ဖိုင်တွေလက်တော့ထဲပါသွားခဲ့ရင် ငါ့ကိုပြောပါ ။ မင်းရဲ့ဖိုင်တွေကို အီးမေးကတစ်ဆင့် ပို့ပေးပါ့မယ် ။တောင်းပန်ပါတယ်လို့ထပ်ပြောချင်ပါတယ် ” လို့ Stevie ဆီကို အီးမေးပို့ခဲ့တာပဲဖြစ်ပါတယ်။

Stevie ဟာ ဒီစာကို ဓါတ်ပုံရိကြ်ပြီးတော့ တွစ်တာပေါ်တင်လိုက်တဲ့အခါမှာတော့ လူပေါင်း ၃ သောင်းလောက်က ဝိုင်းရှဲခဲ့ကြပြီး ကောမက်ပေါင်း ၄၀၀ လောက်ပေးခဲ့ကြပါတယ်။ တစ်ချို့တွေကလည်း သူခိုးကို သနားပြီးတော့ သူ့ကိုလူကောင်းတစ်ယောက်လို မှတ်ယူသွားကြတယ်။ “သူဟာ နှလုံးသားရှိတဲ့သူတစ်ယောက်ပဲ” ၊ ” ငါတွေ့ဖူးတဲ့အထဲမှာတော့ စိတ်ထားအကောင်းဆုံးလူတစ်ယောက်ပဲ ” ၊ ” ငါတော့ ဒီသူခိုးကိုသဘောကျမိတယ်” အစရှိတဲ့အကောင်းမြင် ကောမက်တွေပေးထားတာတွေ့ရပါတယ်။

ဒါပေမယ့်တစ်ယောက်ကတော့…”မင်းရေးထားတာကတော့ဟုတ်ပါတယ် ။ဒါပေမယ့် ကျောင်းသားဆိုတာလည်း ပိုက်ဆံသိပ်မရှိတဲ့သူတွေပဲ ။ အခုမင်းသူ့ဆီကခိုးတော့ သူလက်တော့နောက်တစ်လုံးထပ်ဝယ်ရတော့မယ် ။ မဝယ်ရင်ကျောင်းစာတွေဘယ်လိုလုပ်တော့မလဲ” ဆိုပြီးတော့သူခိုးကိုငူစူထားတာတွေ့ပါတယ်။ တစ်ချို့တွေကျတော့ လည်း သူခိုးနဲ့ညှိပြီး ငွေနဲနဲပါးပါးနဲ့ လက်တော့ကိုပြန်ရွေးဖို့ပြောထားကြတာကိုတွေ့ရပါတယ် ။

Writer – Min Thu ( XYZ News )

Popular Post