၁၃ ဒေါ်လာနဲ့ ၀ယ်ခဲ့တဲ့ လက်စွပ်က ဒေါ်လာ ကိုးသိန််းခွဲကျော်တန်် စိန််အစစ်ဖြစ်နေ

ကိုယ်မှာ ရှိနေတဲ့ ကျောက်မျက်သေတ္တာကို ဖွင့်ပြီး သေသေချာချာ စစ်ဆေးဖို့ အကြံပေးရမှပါ။

ဘာကြောင့််လည်းဆိုတော့ ဗြိတိန််နို်င်ငံက အမျိုးသမီးတစ်ဦးဟာ ဆယ်ပေါင်(အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ)နဲ့ ၀ယ်ထားတဲ့ လက်စွပ်လေးတတစ််ကွင်းကို စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ဝင်စား အံ့သြစရာပါပဲ။ သူ စစ််ဆေးကြည့်တဲ့ ကျောက်မျက်ဟာ ပေါင် ရ၄၀၀၀၀ (၉၅၇၀၀၀ ဒေါ်လာ) စိန်အစစ်ဖြစ်နေတော့တာပါပဲ။

လန်ဒန််အနောက်ပိုင််းက ဒီဘရာဆိုတဲ့ အမျိုးသမီးဟာ ကျောက်လက်စွပ်လေးတစ်ကွင်းကို ၁၉၈၆ ခုနှစ်က ၀ယ််ယူထားတာပါ။ သူကတော့ ဒီကျောက်ဟာ မှန််နဲ့ ပြုလုပ်ထားတယ်လို့ ကုန်ခဲ့တဲ့ ၃၃ နှစ်လုံးလုံး ထင်နေခဲ့ပါတယ်။

ဒါပေမယ့် အခု အသက် ၅၅ နှစ်အရွယ်မှာ ဒီဘရာဟာ သူ့မိခင်ဖြစ်သူ ဆွေမျိုးတစ်ဦးအမှားကြောင့် ပိုင်ဆိုင်််သမျှ ငွေကြေးတွေ ဆုံးရှုံးသွားချိန်မှာတော့ သူ့ လက်စွပ်လေးကို ထုတ်ရောင်းပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီလို သွားရောင်းတော့မှ ကျောက်မျက်ကျွမ်းကျင်သူက ဒီ ကျောက်ဟာ ၂၆ ဒသမ ၂၇ ကာရတ်ရှိ စိန်အစစ်ဖြစ်ကြောင်း ပြောတော့မှ ဒီဘရာဟာ အံ့သြမှင်သက်သွားခဲ့တော့တာပဲ ဖြစ်ပါတယ်။
လှံထမ်းလာတာ မြင်ရ၊ ကံထမ်းလာတာ မမြင်ရဆိုတဲ့ အတိုင်းပဲ ဒီဘရာဟာ သူ့လက်စွပ်ကို တန််ဖိုးရှိမှန်း မသိခဲ့ဘဲ ဒေါ်လာ ကိုးသိန်းခွဲကျော်တန်် လက်စွပ်ကို ပိုင်ဆိုင််ထားမိကြောင်််း နှစ် ၃၀ ကျော်ကြာပြီးမှ မြင်သိတော့တာ ဖြစ်ပါတယ်။

ဒီဘရာဟာ ဒီလက်စွပ်ကို ဆိုသည်ဘေး လေလံပွဲကနေ ၀ယ်ခဲ့တာ ဖြစ်ပြီး ပြန်ရောင်းရင် ပေါင် ရ၅၀(ဒေါ်လာ ၉၇၀) လောက်ပဲ ရမယ်လို့ မှန်းထားခဲ့တာဖြစ်ပေမယ့်် အမှန််တကယ် ရောင်းချလိုက်ရာမှာ ဒေါ်လာ ၆၀၇၉၀၀ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Rf; Elite Readers
Writer_မောင်သံဆင့်(XYZ News)

Popular Post