ထူးခြားဆန်းပြားတဲ့ ငှက်သူယောင်ပန်း

သဘာဝကြီးဟာ အံ့သြဆန်းကြယ်ရာတွေနဲ့ ပြည့််နှက်နေပါတယ်။ Reddit သုံးစွဲသူတစ််ဦး အင်တာနက်ပေါ် တင််လိုက်တဲ့ ဓာတ်ပုံမှာ တစ်ကြိမ်တစ်ခါမှ မြင်ဖူးကြမှာ မဟုတ်တဲ့ ငှက်သူယောင်ပန်းကို မြင်ေွ့ရပါတယ်။

ဒီ ပန််းရဲ့ အရောင််းအသွေးဟာလည်း အစိမ်းရောင်၊ ပုံစံကလည်း အပင်မှာ တွယ်ကပ်နေတဲ့ ငှက််ပိတုန်းပုံ၊ တောင်ပံ၊ နှုတ််သီး၊ အမြီး အစုံအလင်နဲ့ တကယ်ကို အံ့ဖွယ်ပါပဲ။
OctopusPrime ဆိုတဲ့ Reddit အသုံးပြုသူ တင်လိုက်တဲ့ ငှက်််သူယောင််ပန်းရဲ့ ဓာတ်ပုံတွေဟာ တွေ့မြင်ရသူအပေါင်းကို ဖမ်းစားသွားခဲ့ပါတယ်။ တစ်ချို့ အင်တာနက် သုံးစွဲသူတွေကတော့ ဒါဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အရ အသွင်ပြောင်းပွင့်လန်းလာတဲ့ ပန်းဆိုပြီး တွေးဆပြောကြသလို တစ်ချို့ကတော့ အစစ်မဟုတ်နိုင််ဘူးလို့လည်း ပြောဆိုကြပါတယ်။

ဒါပေမယ့် တော်တော်များများကတေတာ့ အံ့သြဖွယ်ကောင်းတဲ့ ပန်းပွင့်ပဲဆိုပြီး မှတ်ချက်ပြု ပြောဆိုကြပါတယ်။
အခု ငှက််သူယောင်ပန်း ပွင့်တဲ့ အပင်ဟာ Crotalaria cunninghamii ဆိုတဲ့ ပန်းပင်ဖြစ်ပြီး အစိမ်းရောင် ငှက်ပန်းဆိုပြီး အသိများပါတယ်။ သြစတြေးလျ မြောက်ပိုင်း မျိုးနွယ်ပင်ဖြစ်ပြီး ကမ်းခြေတွေနဲ့ သောင်ခုံတွေမှာ တွေ့ရလေ့ ရှိပါတယ်။

ငှက်တစ််ကောင်က အပင်ရိုးတံကို ကိုက််ဆိတ်နေတဲ့ ပုံစံမျိုး ဖူးပွင့်တဲ့ ပန်းဖြစ််တာကြောင့် ငှက််ပန်းဆိုပြီး နာမည်ပေးခံရတာပဲ ဖြစ်ပါတယ်။

Rf; Elite Readers
Writer_မောင်သံဆင့်(XYZ News)

Popular Post