အင်္ဂလန်နိုင်ငံက ဘာကလေးဘဏ်မှာ အမျိုးသားတစ်ဦးဟာ ငှက်ပျောသီးနဲ့ ထိုးချိန်ပြီး “လက်မြှောက်လိုက်ကြ၊ ဓားပြတိုက်တယ်၊ ပိုက်ဆံ ရှိတာထုတ်’ဆိုပြီး ဓားပြတိုက်ကာ ပိုက်ဆံတွေ ယူငယ်သွားတာကြောင့် ထောင်ဒဏ် ၁၄ လ ချမှတ်ခံရပါတယ်။

အသက် ၅၀ အရွယ် လော်ရန့်စ််ဟာ သေနတ်သဖွယ် ငှက်ပျောသီးကို သုံးပြီး ဓားပြတိုက်တာပါ။ သူဟာ ပေါင် ၂၀ တန် ပိုက်ဆံတွေ ၁၁၀၀ ဖိုး ယူငင်သွားပြီး ထွက်သွားတော့ ဘဏ်ဝန်ထမ်းတွေဟာ ကြောက်လန့်တကြား ဖြစ််ကျန်ခဲ့ပါတယ်။

ဒီလို ဓားပြတိုက် ထွက်လာပြီးနောက်မှာ လော်ရန့်စ််ဟာ တွေ့တဲ့ ရဲနှှစ်ဦးဆီ သွားပြီး သူ ဓားပြတိုက်ခဲ့ကြောင်း ပြောပေမယ့် မယုံတာကြောင့် ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်ခဲ့ပါတယ်။
နှစ်မိုင်လောက်အရောက်မှာ ရဲစခန်းတစ်ခုတွေ့ပြီး ၀င်ရောက်ဖြောင့်ချက်ပေးတော့မှာ အဖမ်းခံရတာ ဖြစ်ပါတယ်။

နေစရာ အိပ်စရာ ရဖို့အတွက် အဖမ်းခံချင်တာကြောင့် ခုလို ဓားပြတိုက်တာလို့ လော်ရန့်စ်က တရားရုံးမှာ ထွက်ဆိုပါတယ်။ သူ့ဆန္ဒကတော့ ၁၄ လ ပြည့်ဝတော့မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်အနေနဲ့ ၁၄ လ ထောင်ဒဏ် ချမှတ်ခံရတာကြောင့်ပါ။

လော်ရန့်စ် ငှက်ပျောသီးကို ပလတ်စတစ်အဝါနဲ့ ထုတ်ထားပြီး လက်မြှောက်လိုက်ကြလို့ ဘဏ်ဝန်ထမ်းတွေကို အော်ဟစ်အမိန့်ပေးတာကြောင့် ဘဏ်ဝန်ထမ်းတွေဟာ ငှက်ပျောသီးနဲ့ ထိုးချိန််ခံထားရတာကို မသိဘဲ သေနတ်ပဲ ထင်ပြီး လော်ရန့်ကို ပိုက်ဆံထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်လို့သာ ဒီလို ငှက်ပျောသီးနဲ့ ဓားပြတိုက်နေချိန် လက်နက်ကိုင်ရဲတွေ ရောက်လာရင် လော်ရန့်ရဲ့ ကံကြမ္မာက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တာပဲ ဖြစ်ပါတယ်။

Rf; Metro
Writer_မောင်သံဆင့် ( Daily Hot News )