ရုရှားနိုင်ငံကတည်ဆောက်နေပြီဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး နှစ်စင်းတွဲ လေယာဉ်တင်သင်္ဘော

ကမ္ဘာ့ပထမဆုံး နှစ်စင်းတွဲလေယာဉ်တင်သင်္ဘော Catamaran aircraft carrier ကို တည်ဆောက်နေကြောင်း ရုရှက ထုတ်ဖော်ပြောလာပါတယ်။ ရုရှရဲ့ အပေါ့စားလေယာဉ်တင်သင်္ဘောဟာ နှစ််စင််းတွဲလေယာဉ်တင်သင်္ဘောအဖြစ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ခရိုင်လော့ဗ်သိပ္ပံစင်တာမှ ကိုယ်စားပြုသူက ရုရှသတင်းအေဂျင်စီ TASS ကို ပြောပါတယ်။

“ဒီစီမံကိန်းဟာ နှစ်စင်းတွဲသင်္ဘောရဲ့ ရေအောက်ဒီဇိုင်းက အဓိကပဲဖြစ်တယ်။ နှစ်စင်းတွဲသင်္ဘောတွေဆိုတာ အမှန်တော့ ကုန်းပတ်နှစ်ခု ဆက်ထားတာဖြစ်တာကြောင့် ကုန်းပတ် ပိုပြီး ကျယ်ပြန့်သွားစေတယ်။ ဒီလို ကုန်းပတ်ကျယ်ပြန့်သွားပေမယ့် သင်္ဘောဝမ်းပမာဏနဲ့ ညီတဲ့ ရေထုအလေးချိန်ကတော့ နည်းပါးပေါ့ပါးသွားစေတယ်။”လို့ ၎င်းက ပြောပါတယ်။

“နှစ်စင်းတွဲဖြစ်တာကြောင့် ကုန်းပတ်က နှစ်စင်းစာ ကျယ်ပြန့်သွားပေမယ့် ရေထုနဲ့ ထိတွေ့တွန်းကန်မှုဖြစ်တဲ့ ၀မ်းဗိုက်ပိုင်းကျတော့ ဧရိယာနည်းသွားတယ်။ သင်္ဘောအောက်ကိုယ်ထည်က နှစ်ခုဖြစ်တော့ ရေပြင်နဲ့ ထိတွေ့နေရာမှာ ကြားခံကွက််လပ်ဖြစ်နေလို့ ရေတွန်းအား ပိုနည်းသွားစေတယ်။ ဒါဟာ လေယာဉ်တင်သင်္ဘောတွေအတွက် အရေးကြီးပါတယ်။ ခုလို ဒီဇိုင်းထုတ်ပြီး နှစ်စင်တွဲလေယာဉ်တင်သင်္ဘောအဖြစ် တွဲဆက်တည်ဆောက်လိုက်တော့ ကုန်းပတ်ဧရိယာ ပိုမိုကြီးမားကျယ်ပြန့်သွားပြီး လေယာဉ်တွေ ပိုမိုတင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”လို့ အဲဒီကိုယ်စားပြုသူက ဆိုပါတယ်။

“ဒီနှစ််စင်းတွဲလေယာဉ်တင်သင်္ဘောရဲ့ အဓိကကတော့ အပေါ့စားလေယာဉ်တင်သင်္ဘောနှစ််စင်း ဆက်ထားရာပဲ ဖြစ်တယ်။”လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။
ဒီလို နှစ်စင်းတွဲတည်ဆောက်ထားတာကြောင့် သင်္ဘောဝမ်းပမာဏနဲ့ ညီမျှတဲ့ ရေထုအလေးချိန် တန်ချိန် လေးသောင်းက လေးသောင်းခွဲခန့့်ကို ဖယ်ရှားနိုင်မှာ ဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြပါတယ်။

ဒီအတွက် အမေရိကန်က Ford-class လေယာဉ်တင််သင်္ဘောရဲ့ သင်္ဘောဝမ်းပမာဏနဲ့ ညီမျှတဲ့ ရေထုထည်ထက် ထက်ဝက်ကျော် လျော့နည်းတာဖြစ်တာကြောင့် ရေပြင်မှာ ခုတ်မောင်းတဲ့ အရှိန်ပိုမြင့်မားလာမှာ ဖြစ်ပါတယ်။

ရုရှနိုင်ငံ အခု တီထွင်တည်ဆောက်နေတဲ့ အပေါ့စားလေယာဉ်တင်သင်္ဘောတွေကို နှစ်စင်းတွဲ လေယာဉ်တင်သင်္ဘောအဖြစ် တည်ဆောက်နေတာဖြစ်ပြီး အဲဒီနှစ်စင်းတွဲလေယာဉ်တင်သင်္ဘောဟာ အရှည် ပေ ၁၀၀၀ ခန့်ရှိပြီး ဓာတ်ငွေ့တာဘိုင်နဲ့ အမြင့်ဆုံးအရှိန်နှုန်း ရေမိုင် ၂၈ မိုင်နှုန်း ခုတ်မောင်းနိုင််ကာ ပင်လယ်ပြင်မှာ ရက်ပေါင်း ၆၀ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

Rf; The National Interest
Writer_မောင်သံဆင့် ( XYZ News )