၁ ။ အာဆင်နယ် အသင်း ကွင်းလယ်လူ သောမက်စ် ပါတေး ဟာ မနေ့က ကစားခဲ့တဲ့ ဇင်ဘာဘွေနဲ့ ပွဲမှာ ဂါနာ အသင်းအတွက် ဖရီးကစ် ကနေ တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ ပါတေး ဟာ ဂါနာ အတွက် နှစ်ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။

၂ ။ အာဆင်နယ် ယူ ၂၁ အသင်းဟာလည်း မနေ့ညက PapaJohns Trophy အဖြစ် နယူးပေါ့ကောင်တီ နဲ့ ကစားခဲ့ပြီး ၄-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် ယူ၂၁ အတွက် ဂိုးတွေကိုတော့ ဟက်ချင်ဆန် ၊ ဆာလာအက်ဒီနေး ၊ အိုလာရင်ကာ နဲ့ ဆာဂိုးဂျူနီယာ တို့က သွင်းယူ ပေးခဲ့တာပါ ။

၃ ။ ကိုလာစီနက် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ် က သေချာပေါက် ထွက်ခွာတော့မှာ ဖြစ်ပြီး သူ ပြောင်းရွှေ့ချင်တဲ့ အသင်းဟာ တူရကီ ကလပ် ဖီနာဘာချီ ဖြစ်ကြောင်း သိရပါတယ် ။

၄ ။ ဆာလီဘာ ဟာ နိုင်ငံပွဲစဉ်တွေမှာ ပြင်သစ် လူငယ် အသင်းကို အသင်း ခေါင်းဆောင် အဖြစ် ဦးဆောင်ပြီး နှစ်ပွဲဆက် Clean-Sheet ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။

၅ ။ အာဆင်နယ် အသင်း ကွင်းလယ်လူ လိုကွန်ဂါ က အသင်း ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ အသင်းရဲ့ အမြန်ဆုံး ကစားသမားဟာ နိုင်းလ်စ် ( သို့) အော်ဘာမီယန်း ဖြစ်ပြီး skill အကောင်းဆုံး ကစားသမားဟာ နီကိုလပ်စ်ပေပေ လို့ ဆိုပါတယ် ။ ဒီနှစ်ဝတ်စုံထဲမှာတော့ အပြာရောင် ဝတ်စုံကို ပိုကြိုက်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

၆ ။ ဂန်းနား ဂန္တဝင် ကစားသမား ရေးပါလာ က အာဆင်နယ် အသင်း အနေနဲ့ ဒီရာသီမှာ အဆင့် ၅ သို့မဟုတ် ၆ ရအောင် ယှဉ်ပြိုင်သင့်ကြောင်း ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တော့ မရနိုင်ကြောင်း ဆိုပါတယ် ။

၇ ။ သီယာရီ အွန်နရီ က အာဆင်နယ် အသင်းဟာ အခု အချိန်မှာ လမ်းကြောင်းမှန်ပေါ် ရှိနေတယ်လို့ မပြောတတ်ကြောင်း ဝန်ခံ သွားခဲ့ပြီး ဘရိုက်တန် နဲ့ ပွဲက ကစားပုံကို ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

၈ ။ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်အောက်သာ ကျန်ရှိတော့တဲ့ ကွင်းလယ်လူ အယ်နီနီကို ခေါ်ယူနိုင်ဖို့ တူရကီ ကလပ် ဂါလာတာစာရေး အသင်းက ဆက်လက် ကြိုးပမ်း နေတယ်လို့ သိရပါတယ် ။ Transfer Market ရဲ့ဖော်ပြချက်အရ အယ်နီနီ ရဲ့တန်ကြေးဟာ ပေါင် ၉ သန်း ဝန်းကျင် ရှိပါတယ် ။

၉ ။ ဝင်တာဘန်း က စမစ်ရို နဲ့ ဆာကာ တို့ နှစ်ဦးဟာ တစ်ဦး နဲ့ တစ်ဦး နားလည်မှု အပြည့်အဝ ရှိနေကြသူတွေ ဖြစ်တာကြောင့် သူတို့ နှစ်ဦးကို အဓိက ဝန်းရံပြီး အသင်းကို တည်ဆောက် သင့်တယ်လို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

SM

Leave a Comment

Your email address will not be published. Required fields are marked *