ပေါ်တူဂီ လက်ရွေးစင် အသင်းကြီးရဲ့ အားအထားရဆုံး တိုက်စစ် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှာ 3 နှစ် အထိ ကစားပေး ခဲ့တဲ့နောက် ပြီးခဲ့တဲ့ နွေတုန်းက ပရိသတ်တွေ ထင်မှတ်မထားတဲ့ အချိန်မှာ အသင်းပြောင်းဖို့ ဆန္ဒရှိလာသူ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ အချိန်တုန်းကတော့ သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းက ရေပန််း အစားဆုံး ဖြစ်ခဲ့ပါသေးတယ် ။ ဒါ့အပြင် အပြောင်း အရွှေ့ နောက်ဆုံး ရက်စွဲတွေမှာ မန်စီးတီး အသင်းဆီပဲ ရောက်လိမ့်မယ်လို့တောင် သတင်းတွေ အတော်လေး ကျယ်လောင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကြားဝင်ဖို့ ဆန္ဒရှိလာချိန် ၊ ယူနိုက်တက် ကစားသမားဟောင်းတွေနဲ့ နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်တို့ ကြားဝင်လာခဲ့ကြချိန် မှာတော့ ရော်နယ်ဒိုဟာ အခြား အသင်းဆီ ပြောင််းရွှေ့ရေးထက် အသင်းဟောင်းကို ပြန်လာဖို့ပဲ ဆုံးဖြတ် သွားခဲ့ပါတယ် ။

အဲ့ဒီအချိန်က အသက် 36 နှစ် ရှိနေပြီ ဖြစ်တဲ့ တိုက်စစ် ကစားသမားဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တကယ်ရော တောက်ပနိုင်မှားလား ၊ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက်် ဂိုးတွေရော လုံလောက်စွာ သွင်းယူပေးနိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်သူတွေ အတော်လေး များပြားခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ ယူနိုက်တက်အတွက် ပထမဆုံး ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ပွဲစဥ် 6 ပွဲမှာပဲ 5 ဂိုး အထိ သွင်းယူရင်း ဝေဖန်သံတွေကို တိတ်ဆိတ် သွားစေနိုင်ခဲ့ပါတယ် ။ အခုတော့ ရော်နယ်ဒိုဟာ ရော်နယ်ဒိုအဖြစ်ပဲ ရှိနေသေးကြောင်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပါပြီ ။

ဒီလိုအနေအထားမှာ ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားက နိုင်ငံ့အသင်းမှာ တောက်ပ နေဆဲဖြစ်တဲ့ ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ပြန်လာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ၊ ဒါ မဖြစ်သင့်ဘူးလို့ တွေးတဲ့ မန်စီးတီး ကစားသမား မရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒါဟာ သူ့အတွက်တော့ ကောင်းမွန်တဲ့ လှုပ်ရှားမှု တစ်ခုပါ ။ ဒီအတွက် ‘ Oh, no ‘ ဆိုတဲ့ အတွေးမျိုး ကျွန်တော်တို့ဆီမှာ မရှိခဲ့ရပါဘူး ။ ဒါက သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်် ဖြစ်ခဲ့ပြီး သူ့အတွက်လည်း တကယ့်ကို ကောင်းမွန်တဲ့ ရွှေ့ပြောင်းမှု ဖြစ်သွားခဲ့ရပါတယ် ”

” သူဟာ အသက် ငယ်ရွယ်စဥ်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့သူပါပဲ ။ အခုလို ကစားသမားဘဝရဲ့ နောက်ဆုံးအရွယ် ရောက်လုနီးပါး အချိန််မှာ ဒီကို ပြန်လာတာပဲ ကောင်းလှပါတယ် ။ မန်ချက်စတာကို ပြန်လာပြီးတော့ ဘယ်မှာ သူ့ရဲ့ ကစားသမား ဘဝကို ကုန်ဆုံးစေမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး ”

” သူနဲ့ ရင်ဆိုင်တဲ့အခါ အနိုင်ယူကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေပါတယ် ။ သူ့ကို အနိုင်ယူ ကျော်ဖြတ် နိုင်ဖို့ အတွက် ကျွန်တော်တို့ အလုပ်တွေကြိုးစားနေကြပါတယ် ” လို့ ဘာနာဒို ဆေးလ်ဗား က လက်ရွေးစင် အသင်းဖော်ကို ကလပ် အဆင့်မှာ ရင်ဆိုင်ရေး အပေါ် မှတ်ချက်ပေးခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ ဒီနေ့နံနက် လူဇင်ဘတ် အသင်းကို ရင်ဆိုင််ခဲ့ရာမှာ ဟတ်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ သူဟာ မန်ချက်စတာကို ပြန်ရပါတော့မယ် ။ အဲ့ဒီနောက် ရက် 20 လောက် အကြာမှာတော့ ယူနိုက်တက်တို့ဟာ မန်စီးတီး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar

Leave a Comment

Your email address will not be published. Required fields are marked *