အန်ဖီးဂန္တ၀င် အီရန်ရပ်ရ်ှက လီဗာပူး အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင်တောင် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု အရှိန်အဟုန်ကောင်းကို ဆက်လက် ထိန်းသိမ်းသွားဖို့ အတွက် နွေရာသီမှာ အပြောင်းအရွေ့ စျေးကွက်ထဲ ၀င်ရောက်ကာ ငွေကြေးတွေ သုံးစွဲသွားဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ တာထွက်ကောင်းလျက် ရှိနေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၇ အပြီးမှာ ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာလည်း အုပ်စု ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိထားကာ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် မိုဟာမက်ဆာလား ကလည်း အကောင်းဆုံး ပုံစံ ပြသလျက် ရှိနေပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆ ဂိုးနဲ့ ထိပ်ဆုံး ကနေ ဦးဆောင်နေသလို ဆာဒီယိုမာနေး ကလည်း သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးသွင်းခြေ ပြန်တွေ့ နေပါတယ်။

အီရန်ရပ်ရ်ှက သူ့ရဲ့ အသင်းဟောင်းဟာ ဇန်နဝါရီ အပြောင်းအရွေ့ စျေးကွက်မှာ ငွေကြေး များစွာ သုံးစွဲသွားဖို့ မရှိဘူးလို့ ယူဆနေပေမယ့် အကယ်၍ ဒီရာသီမှာ အဓိက ဆုဖလားတွေ ရရှိခဲ့မယ် ဆိုရင်တောင် နွေရာသီမှာတော့ ငွေကြေး သုံးစွဲမှုတွေ လုပ်သွားသင့်တယ်လို့ အကြံပေးသွားပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း အပြောင်းအရွေ့ စျေးကွက်ထဲမှာ ငွေကြေး သုံးစွဲမှု အတော် နည်းပါးနေခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီ ကလည်း နောက်ခံလူ ကိုနာတေး တစ်ဦးတည်းကိုသာ ခေါ်ယူခဲ့ကာ ပြိုင်ဘက် အသင်းတွေရဲ့ ငွေကြေးများစွာ သုံးစွဲမှုတွေကို ကြည့်ပြီး လီဗာပူး ပရိတ်သတ်တွေဟာ အသင်းပိုင်ရှင်တွေ အပေါ် အားမလိုအားမရ ဖြစ်နေပါတယ်။

 

လီဗာပူး ဂန္တ၀င် တိုက်စစ်မှုး အီရန်ရပ်ရှ် ကတော့ ပြီးခဲ့တဲ့ ရာသီက အဓိက ကစားသမားတွေ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ခဲ့ရချိန်မှာ အရန်အင်အား မတောင့်တင်းမှုကြောင့် ယာဂန်ကလော့ ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ်မျိုးကို ထပ်မံ မြင်တွေ့လိုခြင်း မရှိဘူးလို့ ပြောလိုက်ပါတယ်။

ရပ်ရ်ှက “ဇယားထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ အသင်း အနေနဲ့ ဘာကြောင့် ကစားသမား ခေါ်ယူမှု လုပ်သွားမှာလဲ? ဇန်နဝါရီမှာ လီဗာပူးတို့ ဘယ်အဆင့်မှာ ရပ်တည်နေမလဲ ဒဏ်ရာ အခြေအနေ ဘယ်လို ရှိမလဲ ဆိုတာကို ကြည့်သွားရမှာပါ။ ကစားသမား အားလုံး ဒဏ်ရာ ပြသနာ မရှိဘဲ ကြံ့ခိုင်မှု ပြည့်ဝနေမယ် ဆိုရင် လီဗာပူးတို့ ဇန်နဝါရီမှာ ရင်းနှီးမြှပ်နှံမှု လုပ်စရာ မလိုအပ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

အကယ်၍ သူတို့ ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင်တောင် နွေရာသီ မှာတော့ သူတို့ မဖြစ်မနေ ရင်းနှီး မြှပ်နှံသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးထားခဲ့တဲ့ အသင်းကို ဒီလူစာရင်းနဲ့ပဲ ဆက်သွားတာ အလုပ် မဖြစ်နိုင်ပါဘူး။ ယာဂန်ကလော့ဟာ သူဘာကို လိုချင်သလဲ ဆိုတာ သိပါတယ်။ ကျွန်တော်တို့ သူ့ကို ယုံကြည်ပါတယ်။ အကယ်၍ သူ အသင်းပိုင်ရှင်တွေဆီ သွားကာ ဒီကစားသမားကို လိုချင်တယ်လို့ ပြောလိုက်မယ် ဆိုရင် ပိုင်ရှင်တွေဟာ သူ့ကို ငွေကြေး ထုတ်ပေးသွားမယ် ဆိုတာ သေချာပါတယ်။

ဇန်နဝါရီလထိ သွားကာ ကိုယ့်ရဲ့ အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာ ကြည့်လိုက်ပါ။ ဒါပေမယ့် နွေရာသီမှာတော့ လီဗာပူး တို့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ် ဆိုရင်တေင် သူတို့ ငွေကြေး သုံးစွဲမှုတွေ ပြုလုပ်သွားလိမ့်မယ်လို့ ကျွန်တော် အသေအချာ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေရဲ့ အားထုတ်မှု မလျော့ကျသွားဖို့နဲ့ fresh ဖြစ်နေဖို့ အတွက် သူတို့ ဒီလို လုပ်သွားဖို့ လိုအပ်လို့ပါ။

အကယ်၍ သူတို့ ကစားသမားတွေ ခေါ်ယူသွားမယ် ဆိုရင်တောင် အသက် ၂၈ ၂၉ နှစ် အရွယ်တော့ မဖြစ်နိုင်ဘဲ အလားအလာ ရှိတဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေ ဖြစ်ပါလိမ့််မယ်။” လို့ ဆိုသွားပါတယ်။

ရပ်ရ်ှဟာ သွင်းဂိုး ၃၄၆ ဂိုးနဲ့ လီဗာပူး သမိုင်းတစ်လျှာက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံး ပုံစံ ပြသလျက် ရှိနေတဲ့ ဆာလားရဲ့ ခြေစွမ်း အပေါ် အထူး သဘောကျနေပါတယ်။ ဝေးလ်ဂန္တ၀င်က ဆာလားဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားသာမက ကမ္ဘာ့အကောင်းဆုံး ကစားသမားလည်း ဖြစ်တယ်လို့ ချီးကျူး လိုက်ပါတယ်။

ရပ်ရ်ှက “လက်ရှိအချိန်မှာ မိုဆာလားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ သူဟာ ခြားနားတဲ့ level ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ဆာလားဟာ ဒီရာသီ အတော့်ကို ကောင်းနေခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုး စွမ်းရည်တင်မကပါဘူး။ သူ့ရဲ့ ဂိုးဖန်တီးမှုတွေလည်း ဒီအတိုင်းပါပဲ။”

SM

Leave a Comment

Your email address will not be published. Required fields are marked *