နိုင်ငံတကာ ပွဲစဉ်တွေ ပြီးဆုံးသွားချိန် မှာတော့ ပရီးမီးယားလိဂ် ပြန်လည်ရောက်ရှိလာခဲ့ ပါပြီ ။

လာမယ့် ကြားရက်မှာ ဥရောပ ပြိုင်ပွဲတွေ ရှိနေတာကြောင့် အသင်းကြီး အတော်များများဟာ စနေနေ့ မှာပဲ ကစားသွားကြမှာပါ ။

ဒါကြောင့် နိုင်ငံပွဲတွေ ကနေ ပြန်လာမယ့် ကစားသမားတွေ အနေနဲ့ ပွဲပန်းမှု ဒဏ်တွေကို ခံစားကြရဖို့ ရှိနေပြီး ဒီလို အချိန်မျိုးမှာ မျှော်လင့် မထားတဲ့ ရလဒ်တွေ ထွက်ပေါ် တတ်ပါတယ် ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၈ အတွက် ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက်တွေကို လေ့လာ ကြည့်လိုက် ကြရအောင်ဗျာ . . .

၁ ။ ဝက်ဖိုဒ့် – လီဗာပူး

ပရီးမီးယားလိဂ် ကနေ ပြန်လည် ကြိုဆိုပါတယ် ရာနီရေးနီ ရေလို့ ဦးစွာ ပြောချင် ပါတယ် ။

နည်းပြအပြောင်းအလဲ ဖြစ်ချိန်တိုင်းမှာ အသင်းတွေ ကစားပုံ ကောင်းတတ်ကြပါတယ် ။

ဒါပေမယ့် ဝက်ဖိုဒ့် အတွက်တော့ လီဗာပူးဟာ နည်းပြသစ်ကို ကြိုဆိုမယ့် အကောင်းဆုံးပွဲ မဟုတ်တာတော့ အသေအချာပါပဲ ။

လီဗာပူး ရှေ့တန်းက အရမ်းကောင်းနေပြီး ဂိုးတွေကို ပျော်ပျော်ကြီး သွင်းပေး နေပါတယ် ။

နောက်တန်းမှာ ပြဿနာ နည်းနည်း ရှိနေပေမယ့် ဝက်ဖိုဒ့် နဲ့ ပွဲလိုမျိုး အတွက်တော့ အများကြီး စိုးရိမ်စရာ မရှိနိုင်ပါဘူး ။

လီဗာပူးတို့ ဂိုးပေးရနိုင်ပါတယ် ။ ဒါပေမယ့် မိုဟာမက် ဆာလာ ဂိုးမြူးနေတဲ့ လီဗာပူးက ဝက်ဖိုဒ့် သွင်းတာထက် ပိုပြီး သွင်းပြနိုင်မှာပါ ။

ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက် ကတော့ ဝက်ဖိုဒ့် ၁-၃ လီဗာပူး ဖြစ်ပါတယ် ခင်ဗျာ ။

၂ ။ လက်စတာ စီးတီး – မန်ချက်စတာ ယူနိုက်တက်

ပရီးမီးယားလိဂ် မှာရော ဥရောပ မှာပါ မန်ချက်စတာ ယူနိုက်တက် တို့ တကယ်ရုန်းကန် နေရပါတယ် ။

နောက်ဆုံး ကစားတဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၂ ပွဲပဲ နိုင်ထားပြီး အိုလေဂန်နာ ဆိုးရှားက ခုထိ သူ့ရဲ့ အကောင်းဆုံး အသင်းကို မသိသေးပါဘူး ။

ဒီပွဲမှာ ယူနိုက်တက် တို့ အမာခံ ခံစစ်အတွဲ မပါဘဲ ကစားရမှာပါ ။ လင်ဒီလော့ဖ် နဲ့ ဘိုင်လီ တို့ အတွဲက တော်တော်ညံ့ပါတယ် ။ ဂျေမီဗာဒီ လို တိုက်စစ်မှူးမျိုးကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ ရင်လေး စရာပါပဲ ။

ကွင်းလယ် မှာတော့ ဖရက်ဒ် မပါနိုင်တဲ့ အတွက် တော်မီနေး ၊ ပေါ့ဘာ ၊ ဖာနန်ဒက်စ် တို့ပဲ ကစားမှာပါ ။

ရှေ့မှာတော့ ဂရင်းဝုဒ် ၊ ရိုနယ်ဒို နဲ့ ဆန်ချို တို့ ပါလာဦးမှာပါပဲ ။

ယူနိုက်တက် ဟာ ဆန်ချို ကို ဈေးကြီးပေးပြီး ခေါ်ထားခဲ့တာပါ ။ သူ့အနေနဲ့ အကျိုးသက်ရောက်မှု တခုခုတော့ လုပ်ပြနိုင်ဖို့ သင့်ပါပြီ ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီမှာ ကျွန်တော့ကို အလွဲချော်နိုင်ဆုံး ဖြစ်အောင် လုပ်ခဲ့တဲ့ အသင်းပါပဲ ။

ဘာလို့လည်း ဆိုတော့ အမြဲတမ်း ကျွန်တော်က သူတို့ကို အနိုင်ပေးခဲ့လို့ပါ ။

ဒီတခါတော့ ကျွန်တော် လက်စတာ စီးတီး ဘက်ကိုပဲ သွားပါတော့မယ် ။

လက်စတာ စီးတီး ၂ – ၁ မန်ချက်စတာ ယူနိုက်တက် လို့ မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၃ ။ မန်ချက်စတာ စီးတီး – ဘန်လေ

ဒီပွဲ အတွက် မန်စီးတီး နိုင်ဖို့က လွဲရင် အခြား ဘာကိုမှ မမြင်မိ ပါဘူး ။

ပရီးမီးယားလိဂ် မှာ ဘန်လေ တို့ တခါမှ စီးတီး ကွင်းမှာ မနိုင်ဖူးပါဘူး ။ ဒါက ကြီးမားတဲ့ အားသာချက် တခုပါ ။

ဒါပေမယ့် စီးတီးမှာက ဒီအားသာချက်တင် မကပါဘူး ၊ ကစားသမား အင်အား ၊ အရည်အသွေး ၊ ပရိသတ် စတာတွေ ရှိနေပါတယ် ။

ရှီယန် ဒွိုက်ချ် ဘက်မှာတော့ အားထားရတဲ့ ခံစစ်မှူး ဘီမီ မပါလာ နိုင်ပါဘူး ။ ဒါတွေက သူတို့ကို ဂိုးတွေ အများကြီး ခွင့်ပြုရစေမှာပါ ။

မန်စီးတီး ၄-၀ ဘန်လေ လို့ မာဆင် က ခန့်မှန်း ပေးထားခဲ့ ပါတယ် ။

၄ ။ ဘရန့်ဖိုဒ့် – ချဲလ်ဆီး

ဘရန့်ဖိုဒ့် က ကျွန်တော့ ရဲ့ ခန့်မှန်းမှု အတော်များများကို လွဲချော်စေခဲ့ပြီး ကျွန်တော့ကိုရော အားလုံးကိုပါ အံ့အား သင့်စေခဲ့ ပါတယ် ။

ဒါပေမယ့် ဒီတကြိမ်မှာတော့ သူတို့ ကျွန်တော့ကို လွဲအောင် မလုပ်နိုင်လောက်တော့ပါဘူး ။

ချဲလ်ဆီး ဘက်မှာ နိုင်ငံတကာ ပွဲပန်းထားသူ အချို့ ရှိနိုင်ပါတယ် ။ ဒါပေမယ့် ဒါက သူတို့ အမှတ်လျော့စေဖို့ အတွက် လုံလောက်တဲ့ အကြောင်းပြချက် မဖြစ်နိုင်ပါဘူး ။

ဘရန့်ဖိုဒ့် ရဲ့ ကြိုးစားအားထုတ်မှု ဟာ ချဲလ်ဆီး ကို တောက်လျောက် ခက်ခဲ စေနိုင်သလို ဂိုးလည်း ပေးရနိုင် ပါတယ် ။

ဒါပေမယ့် အချိန်တန်ရင်တော့ ချဲလ်ဆီးပဲ အနိုင်ရသွား မှာပါ ။

ဒီတခါ ထပ်ပြီး လွဲအောင် လုပ်ခဲ့ရင်တော့ ဘရန့်ဖို့ဒ် ကို အထူးချီးကျူးရမှာပါပဲ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ ဘရန့်ဖိုဒ့် 1-3 ချဲလ်ဆီး ပဲ ဖြစ်ပါတယ် ။

၅ ။ နယူးကာဆယ် – တော့တင်ဟမ်ဟော့စပါး

အသင်း နည်းပြပြောင်းတာနဲ့ အသင်းပိုင်ရှင် ပြောင်းတာက မတူပါဘူး ။

နည်းပြပြောင်းတာက အသင်းကစားပုံ အပေါ် ချက်ချင်း သက်ရောက်နိုင်ပါတယ် ၊ ပိုင်ရှင် ပြောင်းလဲတာက တော့ ရေရှည်သက်ရောက်မှုကို ဖြစ်စေမှာပါ ။

ဆော်ဒီတွေ ရဲ့ ပိုင်ဆိုင်မှုဟာ နယူးကာဆယ် ပရိသတ်တွေကို စိတ်အားတက်စေခဲ့တာ အမှန်ပါပဲ ။

ဒါပေမယ့် ဒီပွဲမှာတော့ ကျွန်တော် တော့တင်ဟမ် ဟော့စပါး ဘက်မှာပဲ ရှိနေချင် ပါတယ် ။

ဗီလာ ကို အနိုင်ရလိုက်တာဟာ စပါး အတွက် ကြီးမားတဲ့ စိတ်အားတက်စေမှု ဖြစ်လာနိုင်ပြီး ဒါကို သူတို့ ဆက်လက် သယ်ဆောင် သွားနိုင်ဖို့ အားထုတ် ကြမှာပါ ။

ဟယ်ရီကိန်း ကလည်း ဂိုးပေါက်ပြန်တွေ့သွားနိုင်ပါတယ် ။ ဒီပွဲဟာ စတိဘရုစ် ကို နယူးကာဆယ် နည်းပြ အဖြစ် မြင်ရတဲ့ နောက်ဆုံးပွဲလည်း ဖြစ်ချင် ဖြစ်သွားမှာပါ ။

နယူးကာဆယ် ၁-၂ တော့တင်ဟမ် ဟော့စပါး လို့ ပေါလ်မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

၆ ။ အာဆင်နယ် – ခရစ္စတယ် ပဲလေ့စ်

ပက်ထရစ် ဗီယာရာ လက်အောက်က ပဲလေ့စ် အသင်းရဲ့ ကစားပုံကို ကျွန်တော် တကယ်ပဲ သဘောကျမိ ပါတယ် ။ လက်စတာ နဲ့ ပွဲမှာ သူတို့ ၂-၀ နဲ့ ရှုံးနေရာကနေ သရေကျအောင် ပြန်ကစားနိုင်ခဲ့တာက တကယ်ကို ချီးကျုးချင် စရာပါပဲ ။

ဒါပေမယ့် အာဆင်နယ် က လမ်းကြောင်းမှန်ပေါ် ပြန်ရောက် နေတဲ့ အသင်းပါ ။

အာတီတာ ကလည်း ပြီးခဲ့တဲ့ လ ရဲ့ တလတာအကောင်းဆုံး နည်းပြဆု ရတဲ့ အထိ စွမ်းဆောင်ရည်ကောင်းနေ ပါတယ် ။

ဂန္ထဝင် တယောက် ရဲ့ အီးမရိတ် တကျော့ပြန် ခရီး ကတော့ အမှတ်ဗလာ နဲ့ပဲ ပြီးဆုံးသွားဖို့ များနေပါတယ် ။

မာဆင် ကတော့ အာဆင်နယ် ၂-၁ ပဲလေ့စ် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၇ ။ ဆောက်သမ်တန် ၂-၂ လိဒ်ယူနိုက်တက်

၈ ။ နောဝှစ်ချ် ၀ – ၂ ဘရိုက်တန်

၉ ။ အက်စတွန် ဗီလာ ၂ – ၁ ဝုဗ်

၁၀ ။ အဲဗာတန် ၂ – ၂ ဝက်စ်ဟမ်း

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *