ဗြိန်တိန်နိုင်ငံ ကောင်တီ Durham ရဲ့လမ်းတွေပေါ်မှာ ဗြိတိန်ပိုက်ဆံ ပေါင်ထောင်ပေါင်းများစွာကို ချန်ရစ်ထားပေးခဲ့တဲ့ စေတနာရှင်တစ်ဦးတော့ ရှိနေပါတယ်။

ရဲတပ်ဖွဲ့နဲ့ ရွာသားတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အနည်းဆုံး ၁၂ ကြိမ်နီးပါးတွေ့နေရတဲ့ ထိုငွေ တွေဟာ ဘာကြောင့် အမြဲတမ်းနီးပါး ငွေစက္ကူ ၂၀ တန်နဲ့ ပေါင် ၂၀၀၀ ဖြစ်နေတာလဲဆိုတာကို ဇဝေဇဝါနဲ့ခေါင်းရှုပ်နေကြပါ တယ်။ ဒီနှစ်အတွင်းမှာပဲ အထုပ် ၄ ထုပ်တွေ့ခဲ့ပြီး နောက်ဆုံးအထုပ်ကို ပြီးခဲ့တဲ့တနင်္လာနေ့မနက်ပိုင်းက တွေ့ရှိခဲ့တာပါ။ ရွာတလျှောက် ဟိုနေရာ ဒီနေရာမှာတွေ့ရပေမယ့်လည်း အမြဲတမ်းတော့ မြေပြန့်တွေမှာတွေ့ရလေ့ရှိပါတယ်။ စုံစမ်းထောက်လှမ်းသူတွေကတော့ သူတို့ခုလိုရောက်ရှိနေတာတွေနဲ့ပတ်သက်ပြီး ရှာဖွေဖော်ထုတ်ဖို့ကြိုးစားခဲ့ကြပြီး လက်ဗွေရာစစ်ဆေးမှုများကိုပင်ပြုလုပ်ခဲ့ကြပေမယ့် ခုချိန်ထိတော့ ဘာမှမသိရသေးပါဘူး။

သူဟာ အရမ်းချမ်းသာပြီး မေ့လျော့တတ်သူလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုခုများရှိနေတာလား?

ငွေတွေကို ရဲတပ်ဖွဲ့ကို ပြန်လွှဲပေးနေတဲ့ Blackhall Colliery ရွာသားတွေရဲ့ ရိုးသားမှုကိုတော့ ရဲတပ်ဖွဲ့က ချီးကျူးနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်ကပြန်လာပြီးရှာနိုင်ဖို့အခွင့်အရေးအတွက်တော့ ၂ ပတ်ကြာသိမ်းဆည်းထားပြီး အဲဒီနောက်ပိုင်းမှာတော့ ရှာတွေ့တဲ့သူဆီကိုပြန်ပေးခဲ့ပါတယ်။

Peterlee CID မှ စုံထောက်ရဲတပ်ဖွဲ့မှူး ဂျွန်ဖော်စတာ က ရွာထဲမှာရှိတဲ့ ရွာသူရွာသားတွေနဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံ မေးမြန်းခြင်းအပြင် ဒေသခံဘဏ်၊ စာတိုက်တွေနဲ့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လက်ဗွေရာစစ်ဆေးမှုတွေအထိပါ ပြုလုပ်ခဲ့ပေ မယ့် ၄င်းပိုက်ဆံအထုပ်နဲ့ပတ်သက်ပြီး လျှို့ဝှက်နက်နဲတဲ့အရာတစ်ခုအဖြစ်ရှိနေဆဲပဲလို့ပြောကြားခဲ့ပါတယ်။

ဒီအထုပ်လေးတွေဟာ အမြဲတမ်း ပလက်ဖောင်းတွေလို ထင်ရှားတဲ့နေရာတွေမှာပဲထားရှိတတ်ပြီး အများအားဖြင့်တော့ ပြည်သူတွေထဲက ကြုံတဲ့သူကရှာတွေ့ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ‘ဒါဟာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးချင်တဲ့လူတစ်ဦးရဲ့လုပ်ရပ်ဖြစ်နိုင်ပြီး အခုလိုပိုက်ဆံပေးအပ်ခြင်းနဲ့ အသိုင်းအဝိုင်းစိတ်ဓာတ်ကိုပြသခဲ့တဲ့အတွက် ကျွန်တော်တို့ကျေးဇူးတင်နေပါတယ်’

“ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက လျှို့ဝှက်နက်နဲနေဆဲဖြစ်နေတာမို့လို့ ဒါနဲ့ပတ်သက်ပြီး အကူအညီရမယ့် ဘယ်သတင်း အချက်အလက်ကိုမဆို ကျွန်တော်တို့ကြိုဆိုနေပါတယ်’
ပေါင် ၂၀၀၀ ကိုရှာပြီး လက်ဝယ်အပ်ပါ။ ဘယ်သူမှလာပြန်တောင်းတဲ့သူမရှိရင် ရှာတွေ့တဲ့သူကရပါလိမ့်မယ်။ ဒါဟာ သနားကရုဏာနဲ့ပေးတဲ့ကြင်နာမှုတစ်ခုဆိုရင် ရှာတွေတဲ့သူအတွက်တော့ လှပတဲ့ခရစ္စမတ်လက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့နှစ်များစွာက အတိတ်မှာ Blackhall Colliery ရဲ့ပြည်သူတွေကို ဆိုးဆိုးရွားရွားလုပ်ခဲ့တဲ့သူတစ်ယောက်က အခု အချိန်မှာ ခွင့်လွှတ်မှုရှာနေတာလည်းဖြစ်နိုင်ပါတယ်လို့ ဂျွန်ပရိုက်စ်ကတွေးနေခဲ့ပါတယ်။

သို့သော် ဂယ်ရီစတိုကတော့ အလွန်ကောင်းတဲ့လုပ်ဆောင်မှုတစ်ခုပဲ။ လူတွေကိုကူညီပြီး သူတို့ရဲ့တုံ့ပြန်မှုကိုတွေ့မြင်ချင် တယ်လို့ပြောဆိုခဲ့ပါတယ်။

Writer_Aung Moe ( XYZ NEWS )