၀ါရှင်တန်ရှိ ရုပ်ရှင်ရုံတစ်ရုံဟာ သောကြာနေ့ညက အဆောက်အအုံအပြင်ဘက်မှာ ဆိုးဆိုးဝါးဝါးသတိပေးချက်နဲ့အတူရောက် ရှိလာတဲ့ ကူးစက်ရောဂါဆီးနမူနာအထုပ်ကြောင့် စတင်ပြောင်းရွှေ့ပေးခဲ့ရပြီး ဘေးအန္တရာယ်တစ်ခုခုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ရုပ်ရှင်ထဲကမြင်ကွင်းတစ်ခုလိုဖြစ်သွားတယ်လို့ သိရပါတယ်။

၄င်းအဖြစ်အပျက်ဟာ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်က ဆီယက်တဲ (Seattle) မြို့အရှေ့ဘက် မိုင် ၃၀ အကွာ၊ နော့တ်ဘန်မြို့မှာရှိတဲ့ နော့တ်ဘန်ရုပ်ရှင်ရုံမှာဖြစ်ပွားခဲ့တာပါ။ Eastside Professional ကမီးသတ်သမားတွေက တွစ်တာကိုပြောကြားရာမှာတော့ ကူးစက်နှုန်းမြင့်မားတဲ့ လူ့ပစ္စည်းလို့ အမှတ်အသားလုပ်ထားတဲ့ ဖွင့်ထားတဲ့ ပုံးနဲ့ ပကတ်သက်တဲ့ အန္တရာယ်ကို အကြောင်းကြားတဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ရုပ်ရှင်ရုံကို ရောက်သွားခဲ့ကြာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါရုပ်ရှင်ရုံသို့ အန္တရာယ်ရှိပစ္စည်းများဖယ်ရှားရှင်းလင်းရေးအဖွဲ့ဝင် ၅ ဦးရောက်ရှိလာခဲ့ပြီး တာဝန်ရှိသူတွေက ၄င်းအန္တရာယ်ရှိအထုပ်ဟာ ဘာလဲဆိုတာသိဖို့လုပ်ဆောင်တာနဲ့ အဆောက်အအုံကိုပြောင်းရွှေ့ပေးခဲ့တာတွေရယ်ကြောင့် အနီးအနားကလမ်းတွေပိတ်ဆို့ကုန်တယ်လို့ မီးသတ်အရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ပြဇာတ်ရုံမန်နေဂျာက အထုပ်ကိုဖွင့်ကြည့်ခဲ့ပြီး အထဲမှာအရည်တစ်မျိုးတွေ့ခဲ့တယ်။ ပြီးတော့ မထိတွေ့မိအောင် ပုမှန်လုပ်ထုံးလုပ်နည်းအရ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၄င်းအထုပ်ကို ဆေးရုံသို့ယူသွားခဲ့တယ်လို့ Snoqualmie ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ပေါလ်ဂရေဟမ် က KOMO သတင်းကိုပြောကြားခဲ့ပါတယ်။

Eastside မီးသတ်နဲ့ကယ်ဆယ်ရေး ဒုတိယအကြီးအကဲ ရစ်ချတ်ဘာ့ခ်က Seattle Times ကိုပြောကြားရာမှာတော့ အဲဒီ လူဟာ ရောဂါလက္ခဏာမပြပေမယ့်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးရုံကိုသွားခဲ့တာဖြစ်တာဖြစ်ပြီး အာဏာပိုင်တွေ ကတော့ ပုံးထဲမှာ ဘာရှိတယ်ဆိုတာ မသိကြဘူးလို့ဆိုပါတယ်။

ထိုအရည်ကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ လူနဲ့ပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေနိုင်တဲ့စွန့်ပစ်ပစ္စည်းတွေကို သင့်လျော်တဲ့ သတ္တုခွက်ထဲမှာစွန့်ပစ်ထားတဲ့ ဆီးနမူနာသာဖြစ်တယ်လို့ မီးသတ်အရာရှိတွေက KOMO သတင်းကို ပြောကြားခဲ့ပါတယ်။ ၄င်းအထုပ်ကို မူလက မိုင် ၄၀ ကျော်အကွာမှာရှိတဲ့ Tacoma ရှိ ဆေးခန်းတစ်ခုကိုရည်ရွယ်ပို့တာဖြစ်ပြီး နော့တ်ဘန်ကို ဘယ်လိုရောက်ရှိခဲ့လဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ပြောကြားခြင်းမရှိခဲ့ပါဘူး။

ပြဇာတ်ရုံက ၄င်းရဲ့ဝက်ဘ်ဆိုက်မှာ စနေနေ့ကပြောကြားခဲ့တာကတော့ ‘အခြေအနေအားလုံးကောင်းပါတယ်။ နိုဝင်ဘာ ၂၉ ရက်၊ သောကြာနေ့က ပြဇာတ်ရုံရှေ့မှာတွေ့ခဲ့တဲ့ အရေးပေါ်ကားတွေကတော့ ဘာမှန်းမသိတဲ့ အရည်တွေစိမ့်ထွက်နေပြီး မှားယွင်းစွာဖော်ပြထားတဲ့အထုပ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ခေါ်ဆိုမှုကြောင့် ရောက်လာခဲ့ကြတာဖြစ်ပါတယ်’’လို့ ပြောကြားခဲ့ပါတယ်။

ပြဇာတ်ရုံက Eastside မီးသတ်၊ ကယ်ဆယ်ရေးနဲ့ Snoqualmie ရဲဌာနတို့ရဲ့ ကျွမ်းကျင်မှုကို ချီးမွမ်းပြောဆိုခဲ့ပြီး ပြဇာတ်ရုံမှာ အန္တရာယ်မရှိကြောင်းနဲ့ စနေနေ့မှာ ‘Frozen II’ ပြသမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Writer_Aung Moe ( XYZ NEWS )