အီရန်နဲ့ ဟဇ်ဘိုလာတို့နဲ့ စစ်ဖြစ်ပြီးဆိုရင် ဂျူးနိုင်ငံအနေနဲ့ တကြိမ်မှ မမြင်ဘူးတဲ့ တနေ့ကို ဒုံးကျည် ထောင်ကျော်နဲ့ ပစ်ထုခံရတာမျိုး ကြုံရနိုင်တယ်လို့ အစ္စရေးလေတပ်က အကြီးတန်းအရာရှိဟောင်းတစ်ဦးက The Jerusalem Post ကို ပြောပါတယ်။

“ဒါဟာ အမိမြေအတွက် အတော်လေး ခြိမ်းခြောက်မှုပါပဲ။ အတိတ်က တကြိမ်မှ မမြင်ဘူးမယ့် ပုံရိပ်ပါပဲ။”လို့ ၎င်းက ပြောပါတယ်။

လူတွေက ခိုလှုံရေးစခန်းတွေမှာပဲ ရှိနေမယ်ဆိုရင် အစ္စရေးဆီ ပစ်လွှတ်မယ့် ရော့ကက်နဲ့ ဒုံးကျည်တွေဟာ အခြေခံအဆောက်အအုံတွေဆီပဲ ပစ်မှတ်ထားမှာမို့ ပျက်စီးဆုံးရှုံးရမှု ကြီးမားမျာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ ၎င်းအရာရှိက ပြောပါတယ်။

ခုလို တနေ့တည်း ဒုံးကျည်တွေ ထောင်ပေါင်းများစွာ ပစ်လွှတ်ပြီး တိုက်ခိုက်မယ်ဆိုတာ အမှန်တကယ် ခြိမ်းခြောက်နိုင်မှု ဖြစ်ပေမယ့်လည်း ဟဇ်ဘိုလာတွေ ရရှိဖို့ လုံးပမ်းနေတဲ့ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေလောက်တော့ ကြောက်စရာ ကောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ခြိမ်းခြောက်မှုကတော့ ဆိုးပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ အစွန်းစွန် မတွေးသင့်ဘူး။ ပဋိပက္ခအဆုံးမှာ အစ္စရေးက လက်ချည်းဗလာ ဖြစ်သွားမှာ မဟုတ်ဘူး။ အရှိတရားကို တွေးထားဖို့ပါ။ အီရန်နဲ့ ဟဇ်ဘိုလာတွေဟာ ဖျက်ဆီးနိုင်လိမ့်မယ်၊ အစ္စရေးရဲ့နေရာတော်တော်များများ တိုက်ခိုက်ခံရလိမ့်မယ်။ အတိတ်ကထက် ပျက်စီးမှု ကြီးလိမ့်မယ်။”လို့ ၎င်းက ပြောပါတယ်။

“အဲဒီလို နေ့မျိုးအတွက် ကျွန်တော်တို့အားလုံး ပြင်ဆင်ထားရမှာပါ။ ဒါပေမယ့် အစ္စရေးနိုင်ငံဆိုတာ ကွယ်ပျောက်သွားမှာ မဟုတ်ပါ။ ပြည်သူတွေကို ကာကွယ်ပေးသွားမယ်။ မဟာဗျူဟာတည်နေရာတွေ ရှိနေတယ်။ ဒါတွေကို လုပ်ဆောင်နိုင်ပါတယ်။ ပျက်စီးရမယ့် အခြေခံအဆောက်အအုံတွေကိုလည်း ပြန်လည်တည်ဆောက်နိုင်မှာပဲ ဖြစ်တယ်။”လို့ ၎င်းအရာရှိဟောင်းက ပြောခဲ့ပါတယ်။

Rf; The Jerusalem Post
မောင်သံဆင့်(XYZ News)