ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာနဲ့ မတွယ်တာဦးတို့ ဒီကနေ့ ရန်ကုန်လေဆိပ်ကနေ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မသက်ထားသူဇာနဲ့ မတွယ်တာဦးတို့ဟာ အမျိုးသမီး ကြက်တောင်တစ်ဦးချင်း (Women Singles) ပြိုင်ပွဲအမျိုးအစားကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ စတင်ယှဉ်ပြိုင်ကစားမယ့် ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မယ်လို့ မသက်ထားသူဇာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေကို ပြောထားပါတယ်။

ဓာတ်ပုံ- သက်ထားသူဇာ

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)