“ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့
ခီဇနီးမောင်နှံက သူတို့ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရား၀င်ကြေငြာသွားတယ်။ အံ့အားသင့်စရာကတော့ နိုင်ငံတော်ကို အခွန်သိန်း ၁၈၀၀ ကျော်ပေးဆောင်မယ်တဲ့။

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ “ထာဝရနှောင်ကြိုး” ရုပ် ရှင် ဇာတ်ကားကြီး သည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲ့တော့ ပြန်စဉ်းစားမိတာက လွန်ခဲ့တဲ့ ၂၀၁၇ တုန်းက ကျုပ်တို့မြန်မာအနုပညာရှင်တွေရဲ့ အခွန်ဆောင်ခဲ့မှုတွေပါ . . .

@Facebook
တစ်နှစ်လုံးအတွက် သိန်း ၂၀ အထက်ဆောင်တာက အနုပညာလောက တစ်ခုလုံး(ရုပ်ရှင်ဂီတပေါင်း) မှ ၄ ဦးပဲရှိတယ်။

၁၀ သိန်းအထက်ဆောင်တာက ၂ ဦးပဲရှိတယ်

၁ သိန်းအောက် ၃ ဦးအပါအ၀င် စုစုပေါင်း အခွန်ဆောင်တာ ၁၆ ဦးပဲရှိတယ် .

ကျန်တဲ့သူတွေက လုံးလုံးကိုမဆောင်လို့ ဆောင်ပေးကြပါ တောင်းယူရတဲ့အဖြစ် . . .

၅ ရက်လောက်ရိုက်တဲ့ ရုပ်ရှင်ကားတစ်ကားက ထုတ်လုပ်သူက သိန်းသောင်းချီမြတ်တယ်

ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေက ထိုင်ထလုပ်ယုံနဲ့ သိန်းရာချီ ထောင်ချီရကြတယ်

နာမည်ကြီး အဆိုတော်တွေ တီးဝိုင်းတွေ တစ်ပွဲ သိန်းထောင်ချီ၀င်ကြတယ်

ဒါပေမယ့် သူတို့တစ်သက်လုံးအခွန်ဆောင်လာတာက မနေ့တနေ့ကမှ ရုပ်ရှင်လောကထဲ၀င်လာတဲ့ ခီဇနီးမောင်နှံရဲ့ အစွန်းထွက်တောင်မရှိဘူး . . .။


နာမည်ကြီး အဆိုတော်တွေ တီးဝိုင်းတွေ တစ်ပွဲ သိန်းထောင်ချီ၀င်ကြတယ်
အခွန်ရှောင်ကြလို့ ရုပ်ရှင်လောကတိုးတက်လား ရုပ်ရှင်လောကသားတွေ တိုးတက်လားဆိုတော့ အရံတွေဘ၀က သူတောင်းစားသာသာဖြစ်နေကြရတဲ့ဘဝတွေ

ပေါကား အခြောက်ကား ဟာသကားတွေရိုက်ပြီး ပြည်သူကို ဂျင်းထည့် အခွန်ရှောင်ကြတဲ့ အနုပညာရှင်တွေ ရှက်ကြစမ်းဗျာ

အနုပညာလောကထဲမှာ ခုလို ဘယ်လောက်ရတယ် ဘယ်လိုအခွန်ဆောင်တယ် ဘယ်သူပြောရဲကြလဲ

ကျုပ်ကတော့ ခီဇနီးမောင်နှံရဲ့ ယခုလုပ်ရပ်ကိုတော့ တကယ်လေးစားသွားပြီ

ကျုပ်တို့အားလုံးလေးစား အတုယူကြရမယ်ဗျ . . .

သူတို့ဇာတ်ကားထွက်တိုင်း ၀န်ထမ်းတွေကိုလိုက်ပြတယ်။ နောက်ထွက်သမျှလဲအားပေးမယ် . . .

လမ်းကြောင်းမှန်စွာ မယိုင်မလဲလျှောက်လှမ်းနိုင်ပါစေဗျာ . . .

Original- ကျော်ကြီး(MDY)