နျူကလီးယားဆွေးနွေးပွဲ ပြန်လည်အသက်ဝင်ပြီး အပြုသဘောဆောင်တဲ့ ကမ်းလှမ်းမှုတွေ ဖော်ဆောင်နိုင်ဖို့ ဒီနှစ်အကုန်အထိ အချိန်ရနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

တန့်ရပ်နေတဲ့ နျူကလီးယား ဆွေးနွေးပွဲတွေအတွက် ဒီ နှစ်အကုန်အထိ အမေရိကန်ကို မြောက်ကိုရီးယားက အချိန်ပေးထားတာ ဖြစ်ပြီး ဒါကို ပြန်လည်သတိပေးလိုက်တာပါ။

ဒီအပေါ် တုံ့ပြန်ပြီး ဆွေးနွေးပွဲ စားပွဲပေါ်မှာ ဖော်ဆောင်မယ့် ရလဒ်အပေါ် မူတည်ပြီး ဒါဟာ အမေရိကန်အတွက် ခရစ္စမတ်လက်ဆောင် ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

အမေရိကန်ဟာ နိုင်ငံရေးအခြေအနေနဲ့ ရွေးကောက်ပွဲအတွက် နျူကလီးယားဆွေးနွေးပွဲတွေကို အသုံးချနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

ဒီလို အမေရိကန်ဟာ မြောက်ကိုရီးယား ဆွေးနွေးပွဲတွေကို နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အသုံးချနေတာပဲ ဖြစ်တယ်လို့ အမေရိကန်ရေးရာ အမေရိကန်ထိပ်တန်း သံအမတ် ရီသည်းဆောင်းရဲ့ ပြောကြားချက်ကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Rf; BNN Bloomberg

မောင်သံဆင့်(XYZ News)