ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း သူပုန်ထိန်းချုပ်ရာ အစ်ဒလစ်ပြည်နယ်မှာ ဒီဇင်ဘာလ ၂ ရက် အစိုးရလေကြောင်းတိုက်ခိုက်မှုအတွင်း လေဟာပြင်ဈေးနှစ်ခုကို ထိမှန်ခဲ့ပြီးနောက် ၁၁ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၅ ယောက်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။

အွန်လိုင်းတင်တဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ မယ်ရစ်အယ်နူမန်မြို့ ဖြစ်ပုံပေါ်တဲ့ နေရာတခုရှိ ဈေးတန်းကနေ အလောင်းတွေ သယ်ထုတ်သွားတာကို ပြသခဲ့ပါတယ်။

အစိုးရလေကြောင်း တိုက်ခိုက်မှုကြောင့် မယ်ရစ်အယ်နူမန်မြို့က သစ်သီးဈေးနဲ့ ဆာရာကစ်မြို့က ဒေသထွက်ကုန်ဈေးတွေကို ထိမှန်ခဲ့တယ်လို့ ခမောက်ဖြူအဖွဲ့၊ အရပ်ဘက် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဆီးရီးယားစစ်ပွဲ ၈ နှစ်ကျော်ကြာပြီးနောက် အစ်ဒလစ်ဒေသ အပါအဝင် နိုင်ငံ အနောက်မြောက်ပိုင်းဟာ သူပုန်တွေ ခိုဟောင်းနေဆဲ နောက်ဆုံးလက်ကျန်နယ်မြေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

(ယခုသတင်းအား CeleConnection မှတရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။)ဆီးရီးယား အစိုးရလေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၁၁ ဦးသေဆုံး