လာမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့် Sen.Bernie Sander က တကယ်လို ့သူသာ အမေရိိကန် သမ္မတဖြစ်လာခဲ့ရင် သူသိသမျှဂြိုလ်သားအကြောင်းတွေကို ပြည်သူတွေကို အသိပေးသွားမယ်လို့ပြောကြားသွားခဲ့ပါတယ်။

အိမ်ဖြူတော် သမ္မတရာထူး အတွက်မျှော်လင့်ချက်ရှိတဲ့ Sen.Bernie Sander ဟာဆိုရင် အမေရိကန်အစိုးရကသိရှိထားတဲ့ ဂြိုလ်သားတွေရဲ့အကြောင်းအရာတွေကို ဖုံးကွယ်မထားပါဘူးလို့ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ Joe Rogan ရဲ့ရှိုးမှာကတိပေးသွားခဲ့ပါတယ်။

‘တကယ်လို့ခင်ဗျား ရုံးအတွင်းကိုဝင်းသွားပြီး ဂြိုလ်သားတွေအကြောင်းတစ်ခုခုတွေ့ခဲ့မယ် နောက်ပြီးUFOအကြောင်းတစ်ခုခုသိခဲ့မယ်ဆိုရင် ကျွန်တော်ကိုအသိပေးမှာလား”လို့ သတင်းထောက်တစ်ယောက်က မေးခဲ့တာ ပဲဖြစ်ပါတယ်။ “ဟုတ်ပါပြီ ငါ့မိန်းမကခွင့်ပြုတယ်ဆိုရင်တော့ ငါသိထားတာတွေမင်းကိုပြောပြပါ့မယ်”လို့ Sandersကရယ်မောရင်းဖြေခဲ့ပါတယ်။

Writer -Min Thu ( XYZ News )