မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ နောက်ဆုံး ဒုံးကျည်စမ်းသပ်မှုနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ဝေဖန်ပြောဆိုမှုကို ပြန်လည်တုံ့ပြန်ရင်း ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ငစနူ၊ နိုင်ငံရေးပမွှားလေး ဖြစ်ပြီး မဝေးတော့တဲ့ ကာလမှာပဲ သူဟာ ပဲ့ထိန်းဒုံးကျည်စစ်တွေနဲ့ တွေ့ရဖွယ်ရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပင်လယ်ထဲ တာတိုပစ် ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်အပြီး ခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။
အဲဒီ စမ်းသပ်ပစ်လွှတ်မှုကြောင့် ရှင်ဇိုအာဘေးဟာ အမျိုးသား လုံခြုံရေးကက်ဘိနက်အစည်းအဝေးကို တိုကျိုမှာ ခေါ်ယူပြီး ပြုံယမ်းရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာအသိုက်အဝန်းကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောလိုက်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို တုံ့ပြန်ပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ အမည်မဖော်တဲ့ ဂျပန်ရေးရာဌာန လက်ထောက်အကြီးအကဲက အာဘေးဟာ စစ်လက်နက်ကြီးတွေ လာတဲ့အချိန် ဘာပြောရမယ်ဆိုတာကို သိတဲ့သူ မဟုတ်ဘူးလို့ ဆိုပါတယ်။

“အာဘေးဟာ ကမ္ဘာပေါ်မှာ ငစနူတစ်ယောက်ပဲ ဒုံးကျည်များစွာ ပစ်လွှတ်နိုင်တဲ့ စနစ်က ဒုံးကျည်တစ်စင်းအကြောင်းတောင် မသိတဲ့ သမိုင်းမှာ အရူးနှမ်းဆု့းသူပဲ။”လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကြာသပတေးနေ့က မေလနောက်ပိုင်း ၁၃ ကြိမ်မြောက်အဖြစ် ဒုံးကျည်အတွဲလိုက် ပစ်လွှတ်နိုင်တဲ့ စနစ်ကို စမ်းသပ်ပြီး ပင်လယ်တွင်း ဒုံးကျည်နှစ်စင်း အောင်မြင်စွာ ပစ်လွှတ်ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။

Rf; USA Today
Writer_ မောင်သံဆင့်(XYZ News)