ကားဟာ အင်ဂျင်စက်နှိုးထားတဲ့ အနေအထားလို့ သိရပြီး အသက်(၂၂)နှစ်အရွယ် Artyom Dorogov အမည်ရ အမျိုးသားနဲ့အတူ လွတ်လွတ်လပ်လပ် ချစ်တင်းနှောခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ရုရှနိုင်ငံ Zemetchino အမည်ရ ရွာကလေးမှာဖြစ်ခဲ့တာပါ။

အသက်(၁၅)နှစ်သာရှိသေးတဲ့ Alena Styukhina အမည်ရ ကျောင်းသူမလေးဟာ ကားပါကင်မှာရပ်နားထားတဲ့ ကားတစ်စင်းထဲမှာ အသက်(၂၂)အရွယ်ချစ်သူနဲ့ ချစ်တင်းနှောပြီး အိပ်ပျော်နေစဉ်၊ ကားကနေထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ သင့်ရောက်ခံခဲ့ရပြီး သေဆုံးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Artyom ရဲ့ ထွက်ဆိုချက်မှာတော့ ကားအင်ဂျင်နှိုးရခြင်းမှာ ရာသီဥတုသိပ်အေးနေတဲ့အတွက် အပူပေးလိုတဲ့ သဘောလို့ ဆိုပါတယ်။ Artyom ကိုတော့ ရဲက လူမတော်တဆသေစေမှု၊ အသက်မပြည့်သေးတဲ့သူနဲ့ လိင်ဆက်ဆံမှုအတွက် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Alena ဟာ ဒီမတိုုင်ခင် သူမရဲ့ဆွေမျိုးတွေဆီ သွားရောက်လည်ပတ်ခဲ့ပြီး၊ နောက်မှ ကားနဲ့အသင်းစောင့်နေတဲ့့ Artyom နဲ့ သီးခြားသွားရောက်တွေ့ဆုံခဲ့တာပါ။ ကားထဲမှာ နှစ်ဦးသား အဝတ်မဲ့နေတဲ့အတွက် ရာသီဥတုကလည်း အလွန်အေးလို့ လေနွေးပေးစက်ဖွင့်ဖို့ ကားစက်ကို Artyom က နှိုးထားခဲ့တာလို့ ဆိုပါတယ်။

နှစ်ယောက်သား ဒီအတိုင်း ဝတ်လစ်စားလှစ်နဲ့ အိပ်ပျော်သွားခဲ့ကြပြီး အသက်ရှုလုံးဝကြပ်လာမှ Artyom က နိုးခဲ့ပြီး Alena ကို လှုပ်နှိုးတော့ သတိလစ်နေပြီလို့ သိရပါတယ်။ ယင်းနောက် Alena ရဲ့အမျိုးတွေကို သွားရောက်ခေါ်ငင်ကာ အခြေအနေကို ပြသခဲ့ပါတယ်။

တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဆွေးမျိုးတွေထက် လူနာတင်ကားကို ခေါ်ရမယ့်အနေအထားပါ။ နောက်မှ လူနာတင်ကား ခေါ်ခဲ့တာဖြစ်ပြီး လူနာတင်ကား ရောက်လို့မကြာမီမှာပင် Alena ဟာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ Artyom ကို ရဲ့စစ်ဆေးနေဆဲလို့ သိရပါတယ်။