အမေရိကန်၊ ဖလော်ရီဒါပြည်နယ်မှာနေတဲ့ အသက်(၂၄)နှစ်အရွယ်ရှိ Heidy Pandora လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦး ကတော့ ချမ်းသာတဲ့အိမ်ထောင်ရှင်ယောကျာ်းတွေနဲ့ ခရီးထွက်တာ (၃)နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံ(၂၀)ကျော်ကို လည်း လည်ပတ်ခဲ့ပြီးပြီလို့ သိရပါတယ်။ သူမဟာ လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်ပြီး “full-time traveller”အချိန်ပြည့် ခရီးသွားသူလို့ ကိုယ့်ကိုကိုယ် အမွှန်းတင်ထားပါတယ်။ သူမဟာ Miss Travel ကနေတစ်ဆင့် ချိတ်ဆက်ပြီး ချမ်းသာတဲ့
ယောကျာ်းတွေနဲ့ ခရီးထွက်ခဲ့တာဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးမှာလည်း ပိုက်ဆံတစ်ပြားတစ်ချပ်မှ ကုန်ကျခဲ့ခြင်းမရှိပါဘူး။

အနောက်နိုင်ငံတွေမှာ များပြားစွာသော မိန်းမပျိုလေးတွေဟာ ချမ်းသာတဲ့အိမ်ထောင်ရှင်ယောကျာ်းတွေနဲ့ ချိန်းတွေ့ကြပြီး ခရီးလည်ပတ်လေ့ရှိကြပါတယ်။ ဒီလိုမိန်းကလေးတွေကို လူမှုပတ်ဝန်းကျင်က သိုက်တူးသမား ဒါမှမဟုတ် အငှားမယားလို့
လည်းခေါ်ကြပါတယ်။ ဒီလိုပုံစံမျိုးတွေဟာ အနောက်နိုင်ငံတွေမှာ ထွန်းကားကြပေမယ့် အာရှနိုင်ငံမှာသိပ်ကျယ်ပြန့်မှုသိပ်မ ရှိပါဘူး။ မရှိဘူးလို့ ဆိုလိုတာမဟုတ်ပါ။ အာရှတိုက်မှာလည်းရှိပေမယ့် ယဉ်ကျေးမှုကြောင့် ပေါ်ပေါ်ထင်ထင်မတွေ့ရတာ
ဖြစ်ပါတယ်။

အနောက်နိုင်ငံမှာလည်း Travel Dating လုပ်တဲ့အမျိုးသမီးတွေကို ပတ်ဝန်းကျင်က သိုက်တူးသမားလို့ ခေါ်ကြပေမယ့် Heidy Pandora ကတော့ သူ့အပေါ်ဝေဖန်မှုတွေကို ဂရုမစိုက်ကြောင်း၊ သူမဟာ သိုက်တူးသမားမဟုတ်ကြောင်း ခရီးထွက်ခြင်းက စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့ သူမရဲ့ဘဝကိုကယ်တာခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

”ကျွန်မ ခရီးတွေမထွက်ခင်တုန်းက စိတ်ကျရောဂါခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုကိုယ်မေးမိတယ်။ ဒီနေ့ဟာ
ငါ့ရဲ့နောက်ဆုံးနေ့ဆို ဘာလုပ်သင့်သလဲပေါ့။ ကျွန်မရဲ့ အိပ်မက်ဟာ ခရီးသွားတာဖြစ်ပေမယ့် စရိတ်တွေကစျေးကြီးတော့ မတတ်နိုင်ပါဘူး။ ပထမဆုံး မက္ကဆီကိုသွားတဲ့ခရီးစဉ်မှာဆိုရင် ကျွန်မရဲ့အိတ်ကပ်ထဲမှာ ပေါင်(၂၃၀၀)ပဲရှိပါတယ်။ အဲဒီ နောက်မှာတော့ Miss Travel နဲ့ချိတ်မိပြီး အခုလိုခရီးထွက်ဖြစ်တာဖြစ်ပါတယ်။ နောက်လည်း ကျွန်မကို လာချိတ်တဲ့ ရှိရင် ခရီးထွက်ဦးမှာပါ”လို့ Heidy Pandora က ပြောခဲ့ပါတယ်။

ဒါ့အပြင် Heidy Pandora က ခရီးထွက်နေစဉ် Sexကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းမှုကိုလည်း ”လက်ထပ် ထားတဲ့ ယောကျာ်းတွေနဲ့ Sexကိစ္စပြုလုပ်ရတာဟာ ကျွန်မအတွက် အဓိကကိုင်တွယ်ရမယ့်ပြဿ နာမဟုတ်ပါဘူး။ သူတို့တွေ ဟာ လက်ထပ်ထားပေမယ့် မပျှော်ရွှင်ကြပါဘူး။ အချို့ဆိုရင် သူတို့မိန်းမတွေနဲ့ လိင်ဆက်ဆံမှုတောင်မရှိပါဘူး”လို့ ပြော ကြားခဲ့ပါတယ်။