မိတ်ဆွေဆိုတာ အသက်အရွယ်၊ လူမျိုး၊ တိုင်းရင်းသားနဲ့ ဘာသာရေးတို့နဲ့ မသက်ဆိုင်ပါဘူး။ အသွင်မတူ ကွဲပြားမှုဟာ ခွဲခြားကောင်း ခွဲခြားကောင်းပေမယ့် နောက်ဆုံးမှာတော့ အဆွေခင်ပွန်းတွေကို ခွဲမထုတ်နိုင်ပါဘူး။

ဒီ ဥပမာကို ဘင်္ဂလားကျားပေါက်လေး ဟန်တာနဲ့ ဂျာမနီမျိုး ခွေးလေး ချက်ဆီးတို့က စံနမူနာ ကောင်းကောင်း ပြနေပါတယ်။
တောင်အာဖရိက တိရစ္ဆာန်စောင့်ရှောက်ရေးစခန်းမှာ ဟန်တာနဲ့ ချက်ဆီးတို့ဟာ အတူ နေထိုင်နေကြောင်း ဒီစခန်းမှ လုပ်ကိုင်နေထိုင်သူ အန်သီယာက ပြောပါတယ်။

ခုလို ဟန်တာနဲ့ ချက်ဆီးတို့ လုံးထွေးဆော့ကစားနေတာကို မြင်ရရင် အရာရာတိုင်းဟာ လှပတယ်လို့ ထင်ရမှာ ဖြစ်ပေမယ့် ဟန်တာရဲ့ ဘဝအစက မကောင်းလှပါ။
မိခင်ကျားမကြီးက မွေးမွေးချင်း စွန့်ပစ်ပြီး ဟန်တာကို အနားကပ်မခံတာ ဖြစ်ပါတယ်။

“ဒီလို မိခင်ရဲ့ စွန့်ပယ်ခံရတဲ့ ဟန်တာဟာ အထီးကျန် တစ်ကောင်တည်း ရှိရှာတော့တဲ့ ကျားပေါက်လေး ဖြစ်နေခဲ့တယ်။”လို့ အန်သီယာက ပြောပါတယ်။
အဲဒီနောက်မှာတော့ စခန်းက လူတွေဟာ ဟန်တာကို ချက်ဆီးနဲ့ တွေ့ပေးပါတယ်။ လှောင်အိမ်က လွှတ်ပေးချင်း ဟန်တာထက် လပိုင်းလောက် အသက်ကြီးတဲ့ ချက်ဆီးက ဟန်တာဆီ ပြေးသွားတော့တာ ဖြစ်ပါတယ်။

အချင်းချင်း မိတ်ဆက်တွေ့ဆုံပြီးနောက်မှာ ခဏချင်းပဲ နှစ်ကောင်သား ပွဲကျသွားပါတယ်။ လုံးထွေးဆော့ကစားကြတော့တာ ဖြစ်ပြီး မခွဲအတူ ရှိနေကြတော့တာပဲ ဖြစ်ပါတယ်။

Rf; Elite Readers
Writer_ မောင်သံဆင့်(XYZ News)