ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ဒီဇင်ဘာ ၁ ရက်နေ့က မိုးသည်းထန်စွာရွာပြီးနောက် ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေပါတယ်။

နိုင်ငံတောင်ပိုင်းက မန်းဒါလီယူလာနာပူလ်မြို့မှာ မိုးတွေရွာပြီး မြို့ထဲ ရေလွှမ်းနေချိန် ပြင်သစ်မီးသတ်သမားအဖွဲ့က ကယ်ဆယ်လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် ဒေသစံတော်ချိန် ည ၇ နာရီလောက်ကတည်းက ဖုန်းခေါ်ဆို အကူအညီတောင်းမှု ၁၈၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ရေတွေ မြင့်တက်လာတဲ့ဒေသတွေမှာ ဒေသခံ ၅၂ ယောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ မီးသတ်ဌာနက သူတို့ရဲ့ လူမှုမီဒီယာစာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)