ကမ္ဘာကြီးလည်နေတာရပ့်သွားရင် ဖြစ်လာမယ့် အရာ ( ၆ ) ခု

ကမ္ဘာကြီးလည်နေတဲ့အကြောင်းကို ငယ်ငယ်ထဲကကျောင်းမှာသင်ခဲ့ဖူးတယ်ကမ္ဘာကြီးဟာ ဝင်ရိုးပေါ်မှာ တစ်ပတ်လည်ဖို့အတွက် ၂၄ နာရီကြာတယ်ဒါပေမယ့် တကယ်လို့ကမ္ဘာကြီးသာရုတ်တရက်ရပ်သွားမယ်ဆိုရင်ဘာတွေဖြစ်မလဲ ။ တကယ်တမ်းမှာတော့ ကမ္ဘာကြီးလည်နေတဲ့နှုန်းဟာ အချိန်နဲ့အမျှနှေးလာပါတယ် ။ ဒါပေမယ့်လည်း တကယ်တမ်းရပ်သွားဖို့အတွက်တော့ နှစ်သန်းပေါင်းထောင်ချီပြီးကြာဦးမှာပဲ ။
အဲ့ဒီအချိန်ရောက်ရင်တော့ တစ်ရက်တာဟာ တစ်နှစ်နဲ့သွားတူမယ့်အချိန်တွေရှိလာမှာပဲဖြစ်ပါတယ် ။ အဲ့လိုအခြေအနေမျိုးရောက်လာရင်ဘာတွေဖြစ်မလဲဆိုတာကို သိပ္ပံပညာ ရှင်တွေကတော့ ကမ္ဘာအကြောင်း အသိပညာတွေအများကြီးရှိထားတဲ့အတွက် အဖြေတစ်ချို့ပေးနိုင်ပါလိမ့်မယ် ။

၁- ကမ္ဘာရပ်သွားပေမယ့် ကမ္ဘာပေါ်က ရွေ့လျားနေတဲ့အရာတွေအားလုံးကတော့ ပုံမှန်အရှိန်အတိုင်းရွေ့လျားနေဦးမှာပဲ

ကမ္ဘာကြီးဟာ အီကွေတာမှာဆိုရင် တစ်နာရီကို ၁၆၇၀ ကီလိုမီတာ နှုန်းနဲ့လည်ပတ်နေပါတယ်ဒီတော့ကမ္ဘာလည်နေတာကိုသတိပြုမိချင်မှပြုမိမယ်ဆိုပေမယ့် ကမ္ဘာကြီးရပ်သွားတဲ့အချိန်မှာတော့ အီနားရှားသဘောတွေဖြစ်ပေါ်လာပါလိမ့်မယ်။ပြောရမယ်ဆိုရင် ဒါဟာအရှိန်နဲ့မောင်းနေတဲ့ကားတစ်စင်းဘရိတ်အုပ်လိုက်သလိုပါပဲ ။သတင်းကောင်းကတော့ ကမ္ဘာရပ်သွားတဲ့အချိန်မှာ သင်အသက်ရှင်နိုင်ကောင်းရှင်နိုင်ပါလိမ့်မယ်ဒါပေမယ့် ဖြစ်ပေါ်လာတဲ့အရာတွေကတော့ သင့်ကို သတ်ကောင်းသတ်သွားနိုင်ပါတယ် ။

၂- မုန်တိုင်းကြီးတွေနဲ့ လေပြင်းတွေတိုက်ခတ်လာမယ်

ကမ္ဘာကြီးကရွှေ့လျားနေတော့ ပင်လယ်နဲ့ လေထုကလည်း ကမ္ဘာကြီးနဲ့အတူရွေ့လျားနေမယ်ဆိုတာအားလုံးပဲနားလည်မှာပါကမ္ဘာရပ်သွားတဲ့အခါမှာ လေဟာ မူလထက် ၄ ဆ လောက်ပိုကြမ်းလာပြီးတော့ အကြမ်းဆုံးတိုက်ခတ်နှုန်းဟာ တစ်နာရီိ်ကို ၄၀၈ ကီလိုမီတာအထိရှိနိုင်တယ်ဒါ့အပြင် ဆူနာမီလို လှိုင်းလုံးကြီးတွေလည်းဖြစ်ပေါ်လာနိုင်တယ် ။

၃- မြေငလျင်ကြီးတွေ တိုက်ကြီးတွေပြိုကွဲမှု မီးတောင်ပေါက်ကွဲမှုနဲ့ သမုဒ္ဒရာတွေ နှစ်ခြမ်းကွဲသွားနိုင်တယ်

အီကွေတာတလျောက်မှာတော့ ထိခိုက်ပျက်ဆီးမှုအများဆုံးဖြစ်လိမ့်မယ်ဒါပေမယ့်လည်း ဝင်ရိုးစွန်းတွေမှာနေလို့လွတ်မယ်လို့မထင်ပါနဲ့ကမ္ဘာလည်နေတဲ့ စွမ်းအင်နဲ့ အဟုန်တာ ကမ္ဘာကြီးကို တုန်ခါသွားစေမှာဖြစ်တဲ့အတွက် မြေငလျင်တွေဖြစ်ပေါ်လာနိုင်ပြီး မီးတောင်ပေါက်ကွဲမှုတွေလည်းဖြစ်လာနိုင်ပါတယ်လည်ပတ်နေတဲ့အချိန်မှာ ဗဟိုချဉ်းအားဟာ အီကွေတာတစ်လျောက်မှာ ရှိနေပါတယ်လည်ပတ်မှုမရှိတော့ဘူးဆိုရင် ဆွဲအားလည်းမရှိတော့တဲ့အတွက် မြေပြင်ရေပြင်တွေဟာ ပြန့်ထွက်သွားမှာဖြစ်တယ်ရလဒ်ကတော့ ဝင်ရိုးစွန်းဒေသတွေအထိရေတွေရောက်ရှိသွားမှာဖြစ်ပြီးတော့ အီကွေတာ တစ်ဝိုက်က မြေပြင်ကြီးကိုဝိုင်းထားတဲ့ ပင်လယ်ကြီးနှစ်ခုပေါ်လာမှာဖြစ်တယ် ။

Witold Fraczek အပြောအရတော့မြောက်ပိုင်းသမုဒ္ဒရာဟာ ရုရှားနဲ့ ဥပရောကိုရေထဲဆွဲနှစ်သွားပါလိမ့်မယ်Greenland , Canada , Seattle , Chicago နဲ့ Boston မြို့တွေကတော့ တစ်ဝက်တစ်ပျက်ရေပေါ်ပေါ်နေပါလိမ့မယ်  ။New York ကတော့ ပင်လယ်ရဲ့အနီးအာနးက နေရတစ်ခုမှာရှိနေလိမ့်မယ် ။

ဒါကတော့ ဖြစ်လာမယ့် သမုဒ္ဒရာကြီးနှစ်ခုပေါ့

တောင်ဘက်အပိုင်းမှာတော့ အာဂျင်တီးနား ၊ ချီလီနဲ့ နယူးဇီလန်တို့ရေအောက်ရောက်သွားမှာဖြစ်တယ် အန္တာတိကတိုက်တစ်ခုလုံးကတော့ ရေပေါ်မှာပဲရှိနေပါလိမ့်မယ် ။

၄- အပူပိုင်းဇုန်နဲ့ အအေးပိုင်းဇုန်

ကမ္ဘာလည်တာရပ်သွားမယ်ဆိုရင် ကမ္ဘာ့တစ်ဖက်ခြမ်းကနေရောင်ခြည်ရမှာမဟုတ်တော့ဘူး ။ဒီတော့ နေရောင်မရတဲ့အအပိုင်းတွေဟာ အေးစက်နေပြီးတော့ တစ်ချိန်လုုံးနေရောင်ခြည်နဲ့ထိတွေ့နေတဲ့အပိုင်းကတော့ ပိုပိုပူလာမှာဖြစ်တယ် ။အီကွေတာတစ်ဝိုက်မှာဆိုရင်အပူဆုံးဖြစ်လိမ့်မယ် ။ဒါဟာ သက်ရှိတွေအတွက်တော့ အသက်ရှင်နိုင်ဖို့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်တယ် ။

၅- လျပ်စစ်သံလိုက်စက်ကွင်းပျက်ဆီးမှု

တကယ်လို့ကမ္ဘာမလည်တော့ဘူးဆိုရင် သံလိုက်စက်ကွင်းတွေဖြစ်ပေါ်လာတော့မှာမဟုတ်ဘူး ။ကမ္ဘာပေါ်က သံလိုက်ဓါတ်တွေဟာလည်း သံဓါတ်ကြွယ်ဝတဲ့ ကျောက်တုံတွေအဖြစ်ပြောင်းလဲကုန်ပြီး မြေကြီးထဲမှာပဲရှိနေတော့မှာဖြစ်တယ် ။သံလိုက်စက်ကွင်းမရှိတော့တဲ့အခါမှာ Nothern Lighs ဆိုတဲ့ ထူးခြားတဲ့အလင်းရောင်တွေရှိမှာမဟုတ်တေ့သလိုVan Allen ဆိုတဲ့ရောင်ပြန်တွေလည်း ပျောက်ကွယ်သွားပါလိမ့်မယ် ။
သံလိုက်စက်ကွင်းမရှိတော့တဲ့အခါ ကမ္ဘာပေါ်ကို ကော့စမစ်လှိုင်း နဲ့ ရေဒီယိုသတ္တိကြွအမှုန်တွေကျရောက်လာပါလိမ့်မယ် ။ဒါဆိုရင်တော့ မားစ်ဂြိုလ်လိုဖြစ်သွားပါလိမ့်မယ် ။

၆- လက ကမ္ဘာကိုဝင်တိုက်လိမ့်မယ်

ကမ္ဘာလည်တာရပ်သွားတဲ့အခါ လကလည်းကမ္ဘာကိုလည်ပတ်တာနှေးသွားလိမ့်မယ် ။တဖြည်းဖြည်းနဲ့ လနဲ့ကမ္ဘာဟာ နီးကပ်လာပြီးတော့ တိုက်မိသွားလိမ့်မယ် လို့ စတန်းဖိုဒ့်မှပရော်ဖက်ဆာ Vaughan Pratt ကပြောပါတယ် ။ဒီတော့ ဒါတွေကိုကြည့်မယ်ဆိုရင် ကမ္ဘာရပ်သွားတာဟာ ပျက်ဆီးမှုတွေပဲဖြစ်ပေါ်လာနိုင်တယ် ။ပြီးတော့ကမ္ဘာကလည်းနှေးနှေးလာနေပြီလရဲ့ဆွဲငင်အားကြောင့် ဒီရေအတက်အကျကလည်း ကမ္ဘာ့လည်ပတ်နှုန်းအပေါ်သက်ရောက်မှုရှိတယ် ။ဒါပေမယ့်လည်း ကမ္ဘာရပ်သွားဖို့ကနှစ်ထောင်ချီကြာဦးမှာဆိုတော့ ကမ္ဘာရပ်တာကိုမြင်ဖို့ ကျွန်တော်တို့အသက်ရှင်လျက်ရှိမှာမဟုတ်တော့ပါဘူး။

Writer -Min Thu ( XYZ NEWS )