iPhone 11 Pro ရဖို့ ကလပ်တစ်ခုမှာ အကျင်္ ီချွတ်တဲ့ ဗီဒီယိုဖိုင်တင်ခဲ့တဲ့ ဆရာမ

အလုပ်သင်ဆရာမတစ်ယောက်ဟာ iPhone အနိုင်ရရှိဖို့အတွက် အကျင်္ ီချွတ်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာပျံနှံ့သွွားခဲ့တဲ့အကြောင်းကို Mirror သတင်းစာမျက်နှာမှာဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ ၁၉နှစ်အရွယ်အဆိုပါအမျိုးသမီးဟာ နိုက်ကလပ်တစ်ခုမှာ နောက်ဆုံးပေါ် Apple စမတ်ဖုန်းကိုယှဉ်ပြိုင်အနိုင်ရရှိဖို့အတွက် သူမအဝတ်တွေအကုန်ချွတ်ပစ်ခဲ့တာပါ။

အားပေးနေတဲ့ လူအုပ်ကြီးရှေ့မှာ သူမရဲ့ဝတ်လစ်စလစ်ပုံဟာ ဗီဒီယိုရိုက်ကူးခံရပြီး အွန်လိုင်းမှာပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကို သူမအလုပ်လုပ်နေတဲ့ သင်ကြားရေးဆိုင်ရာကောလိပ်က တာဝန်ရှိသူတွေကသတိပြုမိပြီး ချွင်းချက်မထားပဲ အလုပ်ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ သူမက iPhone ကိုအနိုင်မရရှိတဲ့အပြင် စျေးပေါတဲ့မော်ဒယ်အဖြစ်သာ အထင်ခံအချီးမြှောက်ခံခဲ့ရပါတယ်။

ထိုနေ့ညမှာပဲ သူမရဲ့ပိုက်ဆံအိတ်ဟာလည်း ပျောက်ဆုံးခဲ့ပါတယ်။ Yevgenya အမည်ရတဲ့၄င်းအမျိုးသမီးက အခင်းဖြစ်တဲ့နေ့တုန်းက သူမတို့ဘာသာသောက်နေကြတဲ့အချိန် ပြိုင်ပွဲစတင်ခဲ့ကြောင်းပြောပြပါတယ်။ အစီအစဉ်မှုးဟာ အမျိုးသားတွေနဲ့စတင်ခဲ့ပြီး နောက်ပိုင်းတော့သူမအလှည့်ရောက်လာခဲ့ပါတယ်။ ဗီဒီ်ယိုထဲမှာ အစပိုင်းတော့ သူမဟာအတွင်းခံဝတ်ထားပြီး ရင်ဘတ်ကိုလက်တွေနဲ့ကာထားကာ ရပ်ပြနေခဲ့ပါတယ်။

ထို့နောက်မှာ အစီအစဉ်မှုးဟာကျန်ရှိနေသေးတဲ့အဝတ်တွေကိုပါ ချွတ်ခိုင်းတဲ့အကြောင်းကို Yevgenya ကပြောပြခဲ့ပါတယ်။ ဗီဒီယိုထွက်ရှိပြီးနောက်ပိုင်း သူမကအပြင်တောင်မထွက်ရဲဘဲ အိမ်တွင်းပုန်းနေရကြောင်းဆိုပါတယ်။ သူမရဲ့မိခင်ဖြစ်သူ Elena ကတော့ သမီးဖြစ်သူရဲ့ပညာရေးကိုထောက်ပံ့ပေးဖို့အတွက် အလုပ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကြောင်း သိသူတွေကဆိုပါတယ်။ Elena ကစိုးရိမ်နေပေမယ့် သမီးဖြစ်သူနဲ့ကတောက်ကဆမဖြစ်ဖို့ဆုံးဖြတ်ထားကြောင်းပြောခဲ့ပါတယ်။ သူမက သမီးဖြစ်သူဟာ ကို်ယ်ဘာဦးတည်ချင်တယ်ဆိုတာကို ကို်ယ်ပိုင်ဉာဏ်နဲ့စဉ်းစားသင့်တဲ့အကြောင်းပြောပြခဲ့ပါတယ်။