ညအချိန် အမြန်လမ်းခရီးသွားများ ခဏရပ်နားလိုပါက ရဲစခန်းနှင့်ရဲကင်းများတွင် ရပ်နားနိုင်

အမြန်လမ်းမှာ ညအချိန် သွားလာနေကြတဲ့ ခရီးသွားတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခဏ ရပ်နားချင်တယ်ဆိုရင် ရဲစခန်းနဲ့ ရဲကင်းတွေမှာ ရပ်နားကြဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

ရဲစခန်းတွေဟာ တခုနဲ့တခု ပျမ်းမျှ မိုင် ၂၀ လောက်အကွာမှာ ရှိကြပြီး ရဲကင်းတွေတော့ တခုနဲ့ တခု ၅ မိုင်လောက်အကွာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အကူအညီ လိုအပ်ခဲ့ရင်လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဖုန်းတွေဖြစ်တဲ့ ၀၉ ၄၂၀ ၈၈၈၈ ၀၁ ကနေ ၀၉ ၄၂၀ ၈၈၈၈ ၇၀ အထိ နံပါတ်ပေါင်း ၇၀ ထဲက တခုခုကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။

အမြန်လမ်းမပေါ်မှာ မကြာခဏဆိုသလို ကားတွေကို ခဲနဲ့ပေါက်တာ စတဲ့ အန္တရာယ် အနှောင့်အယှက်ပေးတာတွေ ကြုံရလေ့ရှိပါတယ်။