တရုတ်နိုင်ငံက တံတားတစ်စင်းအောက် လေယာဉ်ညပ်သွားသည့်ဗီဒီယိုကြောင့် လူတွေအုတ်အော်သောင်းသင်းဖြစ်

လေယာဉ်တစ်စင်း လူကူးတံတားတစ်စင်းအောက်မှာ ညပ်မိနေလို့ ဆွဲထုတ်နေကြတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ရာ အရင်က မမြင်ဖူးတဲ့ မြင်ကွင်းမျိုးဖြစ်လို့ အင်တာနက်တစ်ခွင်လုုံး အုတ်အော်သောင်းသင်း ပွဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ဟာပင်မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘတ်စ်ကားတစ်စင်းနဲ့ သယ်ဆောင်လာတဲ့ လေယယာဉ်ဟာ လူကူးတံတားအောက်မှာ ညပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ လေယာဉ်ရဲ့ ပင်မကိုယ်ထည်ပိုင်းဟာ တံတားအောက်မှာ ညပ်မိနေတာကို တွေ့ကြရပြီး ဘတ်စ်ကားယာဉ်မောင်းက လေယာဉ်ကို ဆွဲထုတ်နိုင်မယ့်နည်းလမ်းကို စဉ်းစားနေတာကိုလည်း တွေ့ကြရတယ်လို့ ဆိုပါတယ်။

သတင်းတွေမှာတော့ လေယာဉ်ကို တစစီဖြုတ်ပြီး သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပတယ်။ ဒီရယ်စရာ ကမောက်ကမအခြေအနေကန လေယာဉ်ကို ဆွဲထုတ်ဖို့အတွက် ယာဉ်မောင်းဟာ ကုန်တင်ကားရဲ့ တာယာတွေကို လေလျှော့လိုက်ရတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ကုန်တင်ကားရဲ့ တာယာတွေက မြင့်လွန်းနေတာကြော င့် ယာဉ်မောင်းကသာ လေလျှော့လိုက်မယ်ဆိုရင် ကုန်တင်ကား လှုပ်သာရှားသာ နေရာလွတ်ပေါ်လာလို့ ဒီနည်းက အလုပ်ဖြစ်နို်င်တယ်လို့ ကျွမ်းကျင်သူတွေက ပြောတယ်လို့ ဆိုပါတယ်။

နောက်တော့မှ ယာဉ်မောင်းအနေနဲ့ တာယာတွေကို လေပြန်တင်းပြီး လေယာဉ်ကိုလည်း ရည်ရွယ်ထားတဲ့နေရာကို ပြောင်းရွှေ့နိုင်မှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပတယ်။
ဒီဗီဒီယိုဟာ လူမှုကွန်ရက် တွစ်တာပေါ် ပျံ့နှံ့သွားတဲ့အခါမှာ ကမောက်ကမမြင်ကွင်းကြောင့် မြင်တဲ့လူတိုင်းက ခွက်ထိုးခွက်လန် ရယ်မောခဲ့ကြတယ်လို့ ဆိုပါတယ်။

Writer_အာသာမိုး ( XYZ NEWS )