ငွေနှစ်သောင်းမချေးသဖြင့် သူငယ်ချင်းဖြစ်သူကို ဓားထောက်ပြီး ဆိုင်ကယ်လုယူကာ အပေါင်ဆိုင်တွင် ပေါင်ခဲ့သည့် အမျိုးသား

ဒီတခါတော့ xyz news ပရိတ်သတ်ကြီးကို ဟာသ သတင်းတပုဒ်ကို
တင်ပြချင်ပါတယ်။ ဒီသတင်းကို ဖတ်ပြီးကိုယ့်ဘောဒါတွေထဲက ဘယ်သူလုပ်နိုင်လဲဆိုတာကို
သတိထားပေါ့။

ဒီသတင်းကတာ့ The Voice ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဈေးရှေ့တွင် ကျပ်နှစ်သောင်း မချေးသဖြင့် သူငယ်ချင်းဖြစ်သူကို ဓားဖြင့် ထောက်၍ ဆိုင်ကယ်လုယူကာ အပေါင်ဆိုင်တွင် ပေါင်ခဲ့သည့် အမျိုးသားကို နိုဝင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်မှုကျူးလွန်သူ ဟိန်းသူ (၁၆) နှစ်မှာ နိုဝင်ဘာ ၂ ရက်နေ့က ၎င်း၏ သူငယ်ချင်းဖြစ်သူ ဓူဝံယုလှိုင်၏ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် ၎င်းက ကျပ်နှစ်သောင်း ချေးငှားရန် အကူအညီတောင်းခဲ့ရာ ဓူဝံယုလှိုင်မှ ငွေမရှိကြောင်း ပြန်လည်ပြောဆိုသဖြင့် ဟိန်းသူမှ ဆိုင်ကယ်ပေါင်ပေးရန် ထပ်မံပြောဆိုခဲ့သည်။

17 April, 2004 – Mandalay, Burma (Myanmar) – Motorscooters are popular in Burma

ဓူဝံယုလှိုင်မှ ၎င်း၏ ဆိုင်ကယ်ကို မပေါင်ပေးနိုင်ကြောင်း ပြောဆို၍ ပြန်သွားခဲ့ရာမှ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဓူဝံယုလှိုင်၏ နေအိမ်သို့ ဟိန်းသူမှ အလည်လာရောက်သဖြင့် စည်သူထွန်းကို ဓူဝံယုလှိုင်က ၎င်း၏ ဆိုင်ကယ်ဖြင့် ဟိန်းသူ၏ နေအိမ်သို့ ပြန်ပို့ခိုင်းခဲ့သည်။

စည်သူထွန်းမှ ဆိုင်ကယ်ဖြင့် ဟိန်းသူကို လိုက်ပို့စဉ် ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဈေးရှေ့အရောက် ဆိုင်ကယ်နောက် လိုက်ပါစီးနင်းသူ ဟိန်းသူက စည်သူထွန်းကို ဓားဖြင့်ထောက်၍ အပေါင်ဆိုင်သို့ မောင်းနှင်ခိုင်းပြီး ဆိုင်ကယ်ပေါင်နှံ၍ ရရှိသည့် ငွေများကို ယူသွားသဖြင့် ဓူဝံယုလှိုင်က ယင်းဖြစ်စဉ်ကို နိုဝင်ဘာ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။

လုယက်မှုကျူးလွန်ခဲ့သည့် ဟိန်းသူကို ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိသဖြင့် ပဲခူးမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှ (ပ)၁၆၃၆/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒီသတင်းကိုကတော့ ဖတ်ပြီး သူငယ်ချင်းတွေထဲက ဂျင်းကောင်တွေသတိထားကြနော်။

Writer : Pheola (XYZ News)

ေငြႏွစ္ေသာင္းမေခ်းသျဖင့္ သူငယ္ခ်င္းျဖစ္သူကို ဓားေထာက္ျပီး ဆိုင္ကယ္လုယူကာ အေပါင္ဆိုင္တြင္ ေပါင္ခဲ့သည့္ အမ်ိဳးသား

ဒီတခါေတာ့ xyz news ပရိတ္သတ္ၾကီးကို ဟာသ သတင္းတပုဒ္ကို
တင္ျပခ်င္ပါတယ္။ ဒီသတင္းကို ဖတ္ျပီးကိုယ့္ေဘာဒါေတြထဲက ဘယ္သူလုပ္နိုင္လဲဆိုတာကို
သတိထားေပါ့။

ဒီသတင္းကတာ့ The Voice ပဲခူးၿမိဳ႕၊ ေ႐ႊသာေလ်ာင္းဘုရားေဈးေရွ႕တြင္ က်ပ္ႏွစ္ေသာင္း မေခ်းသျဖင့္ သူငယ္ခ်င္းျဖစ္သူကို ဓားျဖင့္ ေထာက္၍ ဆိုင္ကယ္လုယူကာ အေပါင္ဆိုင္တြင္ ေပါင္ခဲ့သည့္ အမ်ိဳးသားကို ႏိုဝင္ဘာ ၄ ရက္ေန႔က ဖမ္းဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

လုယက္မႈက်ဴးလြန္သူ ဟိန္းသူ (၁၆) ႏွစ္မွာ ႏိုဝင္ဘာ ၂ ရက္ေန႔က ၎၏ သူငယ္ခ်င္းျဖစ္သူ ဓူဝံယုလႈိင္၏ ဆိုင္ကယ္ျဖင့္ ေနအိမ္သို႔ ျပန္လာစဥ္ ၎က က်ပ္ႏွစ္ေသာင္း ေခ်းငွားရန္ အကူအညီေတာင္းခဲ့ရာ ဓူဝံယုလႈိင္မွ ေငြမရွိေၾကာင္း ျပန္လည္ေျပာဆိုသျဖင့္ ဟိန္းသူမွ ဆိုင္ကယ္ေပါင္ေပးရန္ ထပ္မံေျပာဆိုခဲ့သည္။

ဓူဝံယုလႈိင္မွ ၎၏ ဆိုင္ကယ္ကို မေပါင္ေပးႏိုင္ေၾကာင္း ေျပာဆို၍ ျပန္သြားခဲ့ရာမွ ယင္းေန႔ မြန္းလြဲပိုင္းတြင္ ဓူဝံယုလႈိင္၏ ေနအိမ္သို႔ ဟိန္းသူမွ အလည္လာေရာက္သျဖင့္ စည္သူထြန္းကို ဓူဝံယုလႈိင္က ၎၏ ဆိုင္ကယ္ျဖင့္ ဟိန္းသူ၏ ေနအိမ္သို႔ ျပန္ပို႔ခိုင္းခဲ့သည္။

စည္သူထြန္းမွ ဆိုင္ကယ္ျဖင့္ ဟိန္းသူကို လိုက္ပို႔စဥ္ ပဲခူးၿမိဳ႕၊ ေ႐ႊသာေလ်ာင္းဘုရားေဈးေရွ႕အေရာက္ ဆိုင္ကယ္ေနာက္ လိုက္ပါစီးနင္းသူ ဟိန္းသူက စည္သူထြန္းကို ဓားျဖင့္ေထာက္၍ အေပါင္ဆိုင္သို႔ ေမာင္းႏွင္ခိုင္းၿပီး ဆိုင္ကယ္ေပါင္ႏွံ၍ ရရွိသည့္ ေငြမ်ားကို ယူသြားသျဖင့္ ဓူဝံယုလႈိင္က ယင္းျဖစ္စဥ္ကို ႏိုဝင္ဘာ ၃ ရက္ေန႔တြင္ ရဲတပ္ဖြဲ႔ထံ တိုင္ၾကားခဲ့သည္။

လုယက္မႈက်ဴးလြန္ခဲ့သည့္ ဟိန္းသူကို ၎၏ေနအိမ္တြင္ ဖမ္းဆီးရမိသျဖင့္ ပဲခူးၿမိဳ႕ အမွတ္ (၂) နယ္ေျမ ရဲစခန္းမွ (ပ)၁၆၃၆/၂ဝ၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈၆ ျဖင့္ အမႈဖြင့္အေရးယူ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဒီသတင္းကိုကေတာ့ ဖတ္ျပီး သူငယ္ခ်င္းေတြထဲက ဂ်င္းေကာင္ေတြသတိထားၾကေနာ္။

Writer : Pheola (XYZ News)