ရန်ကုန်ဟာ စစ်ပြီးခေတ်ပြန်လည်ထူထောင်နေရသည့် မြို့လိုဖြစ်နေဟု ဝန်ကြီးချုပ်ပြော

ရန်ကုန်မြို့ဟာ စစ်ပြီးကာလတခုရဲ့ ပြည်လည်တည်ထောင်နေတဲ့ မြို့ကြီးတမြို့လို တွေ့မြင်နေရတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ဟာ ဆိပ်ကမ်းမြို့တမြို့ဖြစ်ပြီး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနေထိုင်ပြီး ချစ်ခင်ရင်းနှီးစွာ နေထိုင်တဲ့ မြို့တမြို့လည်း ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားယူနေတဲ့ မြို့တမြို့ဖြစ်သလို စစ်ပြီးကာလတခုရဲ့ ပြည်လည်တည်ထောင်နေတဲ့ မြို့ကြီးတမြို့လိုမျိုး တွေ့မြင်ရမှာဖြစ်တယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပတဲ့ Yangon Espo2019 –Yangon Then & Now ပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောခဲ့တာပါ။

လက်ရှိမှာလည်း ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဘက်ဘက်မှာ လုပ်ဆောင်နေသလို့ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရအပါအဝင်၊ သက်ဆိုင်ရာဌာနတွေက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )