လေဖြတ်တော့မယ်ဆုုိတာ ကြုုိတင်သိနုုိင်တဲ့အချက်များ နှင့် ကာကွယ်နည်းများ

လေဖြတ်ခြင်းကိုစောစောစီးစီးဘယ်လိုသိနိုင်မလဲ ?
လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိူးတွေကို ဘယ်လိုကာကွယ်မလဲ ?

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်သော WHOရဲ့ ကြေငြာချက်အရ သေစေတတ်သောရောဂါများအနက် လေဖြတ်ခြင်းဟာ တတိယမြောက်ဖြစ်ပါတယ်။လေဖြတ်ခြင်းကို အချိန်မီသိရှိပါက နောက်ဆက်တွဲဆိုးကျိူးတွေမဖြစ်အောင် ကာကွယ်နိုင်ပေမယ့်လဲ လူတော်တော်များများက အချိန်မီမသိရှိနိုင်တာမို့ စောစီးစွာ ဆေးကုသမှုခံယူချိန်မရလိုက်ပါဘူး။

လေဖြတ်ခြင်းကို ဘယ်လိုသိနိုင်မှာလဲ?

လေဖြတ်ခြင်းကို (၁)ဦးနှောက်သွေးကြောပေါက်ခြင်း (၂)ဦးနှောက်သွေးကြောပိတ်ခြင်းဆိုပြီး ဆေးပညာအရ၂မျိူခွဲထားပါတယ်။
စစ်တမ်းများအရ လေဖြတ်ခြင်းရဲ့၈၀ရာနှုန်းက ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။သွေးကြောပိတ်ဆို့ခြင်းကြောင့်လေဖြတ်ခြင်းဟာအဖြစ်များသလောက် အစပိုင်းတွင်ရောဂါ လက္ခဏာမပြသတာကြောင့် သိရှိဖို့လဲ ခဲယဉ်းပါတယ်။

ဦနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သောလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းမှာ ဦးနှောက်ဆီသို့ သွေးစီးဆင်းသောသွေးကြောတစ်နေရာတွင် သွေးခဲဖြင့်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ထိုအခါပိတ်ဆို့သွားသောသွေးကြောနေရာရှိ ဦးနှောက်တစ်ရှူးမှာ တဖြည်းဖြည်းဖောင်းလာပြီး ဦးခေါင်းခွံအတွင်းတွင် ပိုမိုနေရာယူလာရာမှ ဦးနှောက်အတွင်းသားဖိအားမြင့်တက်လာပါတယ်။ထိုအခါ အလွန်ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာပါတယ်။ ထို့နောက်မှာတော့ဦးနောက်တစ်ခုလုံးမှာဖိအားကိုခံစားလာရပါတယ်။ လေဖြတ်စဉ်မှာ ထိုလူရဲ့ ခြေ လက်များ လှူပ်မရနိုင်သလို သူ့ရဲ့စကားပြောအာရုံနဲ့ အကြားအာရုံတွေပါအလုပ်မလုပ်နိုင်တော့ပါဘူး။တစ်ချိူ့သောလေဖြတ်ခြင်းတွေမှာဆို လူနာအနေနဲ့ ထင်ယောင်ထငိမှားတွေပါဖြစ်လာတတ်ပါတယ်။
အချိူ့သော လေဖြတ်ခြင်းအနုစားတွေမှာ လွန်ခဲ့သော ၁၀နှစ်ခန့် သို့မဟုတ် မနေ့က အဖြစ်အပျက်များကိုပါ မေ့သွားတတ်ပါတယ်။ ပိုဆိုးလာပါက လူတစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ပါ၊

ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်းရဲ့ လက္ခဏာများ

– မျက်နှာ သို့ ခြေ လက်များ ရုတ်တရက်ထုံခြင်း၊အားနည်းခြင်း (များသောအားဖြင့် ကိုယ်တခြမ်းတည်း)
– စကားမပြောနိုင်တော့ခြင်း သို့ ပြောသည်ကိုနားမလည်ခြင်း
– အမြင်အာရုံအားနည်းခြင်း
– -မူးဝေခြင်း၊လမ်းမလျှောက်နိုင်ခြင်း၊အာရုံစိုက်မရခြင်း
– -ရုတ်တရက် အလွန်အမင်းခေါင်းကိုက်ခြင်း
အောက်ပါလကဏများရှိပါကလဲ ဆရာဝန်ထံ အမြန်သွားပြဖို့လိုပါတယ်။
-မူးဝေရာမှအော့အန်ခြင်း
-ဦးခေါင်းအနောက်ကြွက်သားနာကျင်ခြင်း
-အန်ခြင်း
-မျက်လုံးများညိုမည်းခြင်း
-တစ်နေရာတည်းကိုအချိန်ကြာမြင့်စွာကြည့်နေခြင်း(ရည်ရွယ်ချက်မရှိပဲ)

သင့်အနီးက လူတစ်ယောက် လေဖြတ်နေပြီဟု သံသယရှိပါက သင်ဘာလုပ်သင့်သနည်း

-သူ့ကို ပြုံးခိုင်းပါ။မျက်နှာ တစ်ခြမ်းရွဲ့မရွဲ့ကို အကဲခတ်ပါ။
-လက်နှစ်ဖက်လုံးကို အပေါ်မြှောက်ခိုင်းပါ။လက်တစ်ဖက်နဲ့တစ်ဖက်ညီမညီကြည့်ပါ။
-စာတစ်ကြောင်း ကိုထပ်ခါထပ်ခါရွတ်ခိုင်းပါ။စာလုံးများ ပီသမှန်ကန်မှု ရှိမရှိစစ်ဆေးပါ။
လေဖြတ်သည်ဟု သံသယရှိပါက ချက်ချင်းဆေးရုံပို့ရပါမည်။လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိူးများကို ကာကွယ်ဖို့အတွက် ပထမ၁နာရီအတွင်း ပို့နိုင်ပါက အကောင်းဆုံးဖြစ်သည်။

Writer – Dr Jue ( XYZ NEWS )