သင့်လက်ထဲ ငွေမပြတ်စေမယ့် အဖိုးတန်နည်းလမ်း ၄ မျိုး

တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိူက်ဖူးမှာပါ။ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို(အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။မြင်သမျှ ၀ယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်

(1) ၅၀/၃၀/၂၀ နည်း

-ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ်။
သင့်တစ်လတာဝင်ငွေကို ၃ပုံခွဲပါ။
၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက်(ထမင်းစရိတ်၊အိမ်စရိတ်၊ဘေလ်စသည်)
ဖယ်ပါ။
၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူအပ်သောအရာများအတွက်သုံးစွဲပါ(အဝတ်အစား၊ အသုံးအဆောင်)
၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ

(2)ရိုးစင်းသောနည်း

တအားစစ်စစ်စီစီမစုချင်သူများအတွက်ရည်ရွယ်ပါတယ်။
လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ။တစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊အပျော်အပါးကိစ္စများအတွက်ထားပါ။ အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိငွေမပြတ်တော့ဘူးပေါ့

(3)အခြေခံဝင်ငွေနည်း

ပုံမှန်ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများအတွက် ရည်ရွယ်ပါတယ်။
သင့်လစဉ် အနည်းဆုံးရသော ၀င်ငွေကိုတွက်ပါ။ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ။တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။အချိန်ကြာရင် စုငွေတွေများလာပါမယ်

(4)တစ်ပတ်တစ်ကြိမ်ထုတ်နည်း

ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်ပါ။
-သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကိုစုချင်လဲခွဲခြားပါ။ စုမယ့်ငွေကိုဖယ်ထားပါ။ သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို၁ပုံစာပဲသုံးပါ။လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ။

Writer Dr Jue(XYZ News)