ခရုဇ်ဒုံးကျည်နဲ့ ခေတ်မီဒရုန်း ပေါင်းစည်းအုပ်စုနဲ့ ဆော်ဒီကအတိုင်း အစ္စရေးကို အီရန်က တိုက်ခိုက်လာနိုင်

ပြီးခဲ့တဲ့လက ဆော်ဒီအာရေဗျက ရေနံစက်ရုံတွေကို တိုက်ခိုက်ခဲ့တဲ့ နည်းလမ်းအတိုင်း အီရန်နိုင်ငံဟာ ခရုဇ်ဒုံးကျည်တွေနဲ့ ခေတ်ဒရုန်း ပေါင်းစပ်အုပ်စုနဲ့ အစ္စရေးနိုင်ငံကို တိုက်ခိုက်လာနိုင်တယ်လို့ အစ္စရေး လူဝင်မှုကြီးကြပ်ရေးနှင့် တားဆီးကာကွယ်ရေး ၀န်ကြီး ယိုအက်ဂါလန့်က စစ်တပ်ရေဒီယို အသံလွှင့်ဌာနကို ပြောပါတယ်။

 

 

ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး အစ္စရေးလုံခြုံရေးကက်ဘိနက်ဝင်တစ်ဦးဖြစ်တဲ့ ဂါလန့်ဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုအရေးနဲ့ ပတ်သက်ပြီး ဒီ သီတင်းပတ်မှာ ရေဒီယိုမှာ ဆွေးနွေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က လုံခြံုရေးကက်ဘိနက် ခေါ်ယူခဲ့ရာမှာ ဆော်ဒီက တိုက်ခိုက်မှုလိုမျိုးကို တန်ပြန်ထိုးစစ်ဆင်နိုင်မယ့် အစ္စရေးလေရန်ကာစနစ် အဆင့်မြှင့်တင်ရေးကို သဘောတူညီခဲ့ကြပါတယ်။

ဆော်ဒီ တိုက်ခိုက်ခံရတာမျိုး ဖြစ်လာနိုင်တာကို ထင်ကြေးပေး ပြောဆိုနေတာ မဟုတ်ဘူးလို့ ဂါလန့်က ပြောပါတယ်။ “အီရန်က ကီလိုမီတာ ရာပေါင်းများစွာအကွာအဝေးက ဆော်ဒီပစ်မှတ်တစ်ခုကို တိုက်ခိုက်နို်င်တယ်ဆိုရင် ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေးက အစ္စရေးပစ်မှတ်ကိုလည်း တိုက်ခိုက်နိုင်တာပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

ကျွန်တော်တို့ ပတ်လည်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေရတာပဲ ဖြစ်ပါတယ်။ အီရန်ဟာ ပေါ်ပင်ရန်သူမျိုးမဟုတ်ဘူး။ အစ္စရေးကို ဖျက်ဆီးပစ်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ထားတာ ဖြစ်တယ်။”လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

Rf; Bulgarian Military
Writer_ မောင်သံဆင့်(XYZ News)