မူးယစ်မှုနှင့် အဆိုတော်ဖြိုးပြည့်စုံအပါ သုံးဦး ပြန်လည်လွတ်မြောက်

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော အဆိုတော်ဖြိုးပြည့်စုံနှင့် တေးရေးဆရာနှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက အတည်ပြုပြောကြားသည်။

 

 

“ဥပဒေနဲ့ အညီပြန်လွှတ်လိုက်ပါပြီ”ဟု ရဲမှူးသိန်းက The Voice သတင်းစာ၏ မေးမြန်းမှု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုတော်ဖြိုးပြည့်စုံအပါအဝင် သုံးဦး အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဟူသည့် ဆေးပြားများမှာ ထိုင်းနိုင်ငံထုတ် ငုံဆေးပြားများဟု ပြည်သူများအကြား ဝေဖန်လျက်ရှိပြီးနောက် ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

( ယခုဖော်ပြပါသတင်းကို The Voice Daily ထံမှ တရားဝင်ဝယ်ယူပြီး ဖော်ပြပါသည် )