ဒူရင်းသီးအနံ့ကြောင့် ဘိုးရင်းလေယာဉ်ကြီးမှ လေယာဉ်မှူး အောက်ဆီဂျင် မျက်နှာဖုံးတပ်ပြီး အရေးပေါ်ဆင်းသက်

ဒူးရင်းသီးအနံ့က လေယာဉ်မှူးအခန်းထိ အနံ့ရောက်လာတာကနေ ဘိုးရင်းလေယာဉ်ကြီးတစ်စင်း အရေးပေါ် ဆင်းသက်မှု ဖြစ်ပွားခဲ့ပါတယ်။

 

 

ကနေဒါနိုင်ငံက Air Canada Rouge လေကြောင်းလိုင်းက ဘိုးရင်း ရ၆၇ လေယာဉ်ကြီးဟာ မွန်တာရေးကနေ ဗန်ကူးဗားဆီ ပျံသန်းချိန်မှာ အနံ့ပြင်းတဲ့ ဒူးရင်းသီးနံ့ကြောင့် ခရီးမဆက်နိုင် ဖြစ်တော့တာပါ။

ဒူရင်းသီး အနံ့လာရာကို လေယာဉ်အမှုထမ်းတွေက လိုက်ရှာပေမယ့် မတွေ့တာကြောင့် လေယာဉ်မှူးဟာ အောက်ဆီဂျင်မျက်နှာဖုံး တပ်ပြီး အရေးပေါ်ဆင်းသက်ခွင့် တောင်းခဲ့ရတာ ဖြစ်ပါတယ်။

မွန်တာရေးဆီ ပြန်လည်ဆင်းသက်ပြီးချိန်မှပဲ အနံ့ထွက်ရာ ဒူရင်းသီးတွေကို ကုန်လှောင်ခန်းမှာ တွေ့ရှိတော့တာ ဖြစ်ပါတယ်။

တော်တော်ဆိုးတဲ့ ဒူရင်းသီးနံ့ပါပဲ။

Rf; Emirates 247
Writer_ မောင်သံဆင့်(XYZ News)