မီးရှူးစနက်တံတပ်ရာမှ ဘုန်းတော်ကြီးကျောင်း မီးလောင်

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ရှမ်းစု ရပ်ကွက်ရွှေကျောင်းပရိယတ္တိစာသင်တိုက်တွင် အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က မီးပုံးပျံအတွက် မီးရှူးစနစ်တံတပ်ဆင်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။

 

 

ရွှေကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တသီဟနန္ဒ (သာသနဓဇ ဓမ္မဇောတိကဓ) သက်တော် ၅၀ ပြည့် ရွှေရတု မွေးနေ့မင်္ဂလာအတွက် မီးပုံးပျံပူဇော်ရန် ၂ လက်မအရွယ်မီးရှူးကို စနက်တံတပ်ရာမှ မီးကူးစက်လောင်ခဲ့ခြင်းဖြစ်သည်။

ယင်းမီးလောင်မှုကို သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ် ၁၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၃ မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကယားပြည်နယ် မီးသတ်တပ်ဖွဲ့မှသိရသည်။

အမှုနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့မရဲစခန်းမှ (ပ) ၅၄၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ထားသည်။

( ယခုုဖော်ပြပါသတင်းကုုိ The Voice Daily ထံမှ တရားဝင်ဝယ်ယူပြီး ဖော်ပြပါသည် )