မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပြင်သစ် တို့ရဲ့ ကွင်းလယ် ကစားသမား ပေါလ် ပေါ့ဘာ က သူ ဟာ အသင်းဖော်သစ် Aurelien Tchouameni နဲ့ တွဲဖက် ကစားရမှု အပေါ် အလွန် ပျော်ရွှင် မိပြီး သူတို့ အမြဲတမ်း အတူတွဲ ကစားနိုင်ဖို့ ဆန္ဒ ရှိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ မိုနာကို ကွင်းလယ် ကစားသမားလေး ဟာ ချဲလ်ဆီး ၊ ရီးရဲမက်ဒရစ် ၊ ယူဗင်တပ် တို့လို ဥရောပ ထိပ်သီး အသင်းကြီးတွေရဲ့ စောင့်ကြည့်မှု ကို ခံထားရတဲ့ အလားအလာရှိ လူငယ်လေး တဦး ဖြစ်ပါတယ် ။

Tchouameni ဟာ အန်ဂိုလို ကန်တီ မပါဝင် နိုင်တဲ့ ပြင်သစ် အသင်းအတွက် နည်းပြ ဒက်ချမ့်စ် ရဲ့ ဆင့်ခေါ်မှုကို ရရှိခဲ့ပြီး နေးရှင်းလိဂ် ဖိုင်နယ် ပွဲစဉ်တွေမှာ ပါဝင် ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ် ။

လူငယ်လေးဟာ ဝါရင့် ကွင်းလယ်လူ ပေါ့ဘာ နဲ့ တွဲဖက်ပြီး စပိန် အသင်းကို အနိုင် ရခဲ့တဲ့ နေးရှင်းလိဂ် ဗိုလ်လု ပွဲမှာ ပါဝင် ကစားခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့ ပါတယ် ။ပေါ့ဘာ ကတော့ အဆိုပါ ပွဲအပြီးမှာ မိုနာကို ကြယ်ပွင့်လေးနဲ့ တွဲဖက် ကစားရတာကို နှစ်သက်မိကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“သူကစားတာ အရမ်း အရမ်းကို ကောင်းပါတယ် ။ သူက လူငယ်လေး တယောက် မဟုတ်ပါဘူး ၊ လူကြီး တယောက်လို ကစားသွားတာပါ ။သူနဲ့ အတူ တွဲကစားရတာ တကယ် ပျော်ဖို့ ကောင်းပါတယ် ။ သူက အသင်းအတွက် စွမ်းအင်တွေ အများကြီး ယူဆောင် လာခဲ့တာပါ ။ နည်းစနစ်ရော ကာယပိုင်းမှာပါ တကယ်ကို သာမာန်ထက် ပိုအောင် ကစားပြနိုင်ခဲ့ ပါတယ် ။

သူ နောက်ထပ် ပွဲတွေ အများကြီး ( ပြင်သစ် အသင်းနဲ့ ) ကစားနိုင်ဖို့ ဆုတောင်းပေး ပါတယ် ။ ကျွန်တော် ကတော့ သူ့ဘေးမှာ အမြဲ ရှိနေမှာပါ” လို့ ပေါ့ဘာ က ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ လာမယ့် နွေရာသီမှာ အမ်ဘာပေ ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဇန်နဝါရီမှာ သေချာအောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ Tchouameni ကို ကြိုးစား သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

ရီးရဲ က မိုနာကို လူငယ်လေးဟာ ကက်စမဲရိုး ရဲ့ နေရာ အတွက် ရေရှည် အသုံးပြုနိုင်မယ့် ကစားသမားလို့ ယူဆ ထားပြီး ကာမာဗင်ပါ ၊ ဗယ်ဗာဒီ တို့နဲ့ အတူ အနာဂါတ် ရီးရဲ မက်ဒရစ် ရဲ့ ကွင်းလယ်လူ အဖြစ် ပါဝင်ဖို့ စိတ်ကူး ရှိနေတယ်လို့လည်း သိရ ပါတယ် ။

ရီးရဲ မှာ ဘန်ဇီးမား ၊ ကာမာဗင်ဂါ တို့ ရှိနေပြီး ဘာပေ ကိုပါ ခေါ်ယူနိုင်ခဲ့မယ် ဆိုပါက ပြင်သစ် ကစားသမားတွေရဲ့ လွှမ်းမိုးမှု ပိုမိုကြီးမား လာဖွယ်ရှိပြီး Tchouameni တို့လို ပြင်သစ် လူငယ်လေးတွေကို ပိုမို ဆွဲဆောင် သွားနိုင်ဖွယ် ရှိနေပါတယ် ။

Tchouameni ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လီဂူးဝမ်း ရဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့ရုံသာမက တနှစ်တာ အကောင်းဆုံး အသင်းမှာလည်း ပါဝင် ခဲ့ပါတယ် ။

ဒီရာသီမှာလည်း ၂၁ နှစ်သားလေးဟာ မိုနာကို အတွက် ပြိုင်ပွဲစုံ ၁၅ ပွဲ ပါဝင် ကစားပေးထားခဲ့ပြီး ၂ ဂိုး သွင်းယူထားခဲ့ ပါတယ် ။

 

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *