ကုလသမဂ္ဂမှာ ဒီလမကုန်ခင် ပိုက်ဆံပြတ်တော့မယ်လို့ ဂူတာရပ်စ် ပြော

ကုလသမဂ္ဂဟာ အမေရိကန်ဒေါ်လာ သန်း ၂၃၀ လိုငွေပြနေပြီး ဒီ အောက်တိုဘာလမကုန်ခင် ငွေပြတ်သွားဖွယ် ရှိတယ်လို့ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ပြောပါတယ်။
ကုလသမဂ္ဂ ၀န်ထမ်း ၃၇၀၀၀ ဆီ ပို့မယ်စာကို အေအက်ဖ်ပီက ရရှိထားရာမှာ လစာနဲ့ ခံစားပိုင်ခွင့်တွေ ပေးဖို့အတွက် ထပ်တိုးဖြည့်စွက်ရန်ပုံငွေဟာ မကျိန်းသေဖြစ်နေကြောင်း ဂူတာရပ်စ်က ပြောထားပါတယ်။

 

 

“အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထည့်ဝင်မှုဟာ ၂၀၁၉ ပုံမှန်ဘတ်ဂျက်လိုအပ်ချက် စုစုပေါင်း ပမာဏရဲ့ ရ၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီအတွက် စက်တင်ဘာ အကုန်မှာ ငွေလိုအပ်မှု အမေရိကန်ဒေါ်လာ သန်း ၂၃၀ ရှိခဲ့ပါတယ်။ ဒီ လကုန်မှာ ငွေပြတ်လပ်သွားမယ့် ဘေးအခြေအနေ ရှိနေပါတယ်။”လို့ ဂူတာရပ်စ်က ပြောပါတယ်။

ကုန်ကျစရိတ်တွေ လျှော့ချဖို့အတွက် ညီလာခံနဲ့ အစည်းအဝေးတွေ ရွှေ့ဆိုင်းတာ၊ ဆားဗစ်ဝန်ဆောင်မှုတွေ လျှော့ချတာ၊ မလိုအပ်ဘဲ ခရီးသွားလာမှုတွေ လျှော့ချတာနဲ့ စွမ်းအင်ချွေတာတာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။

ခုနှစ်အစောပိုင်းမှာ ဂူတာရပ်စ်ဟာ ကမ္ဘာ့အဖွဲ့ကြီး ကုလသမဂ္ဂဆီ ငွေသား ပိုမိုထည့်ဝင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပေမယ့် အငြင်းခံရကြောင်း အမည်မဖော်တဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။”လို့ ဂူတာရပ်က ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပေးအပ်မှု မပါ၀င်တဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းလည်ပတ်မှု ၂၀၁၈-၁၉ ဘတ်ဂျက်ဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိပြီး အမေရိကန်က ၂၂ ရာခိုင်နှုန်း ထည့်ဝင်တာ ဖြစ်ပါတယ်။

Rf; Channel News Asia
Writer_ မောင်သံဆင့်(XYZ News)