ဂြိုလ်သားရှာဖွေမည့်သူများ Area 51 အနားကိုကပ်မလာဖို့ အမေရိကန်လေတပ် သတိပေး

အမေရိကန်နိုင်ငံက ကမ္ဘာ့အလျှို့ဝှက်ဆုံး နေရာဖြစ်တဲ့ Area 51 ဆီ ဝင်ရောက်စီးနင်းဖို့ လုပ်နေကြတဲ့လူတွေကို အမေရိကန်က သတိပေးချက်တွေ ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။

ထိပ်တန်းလျှို့ဝှက်တဲ့ သဲကန္တရာစစ်အခြေစိုက်စခန်း Area 51 ကို ဝင်စီးနင်းပြီး ဂြိုဟ်သားတွေကို ဝင်ရောက်ကြည့်ရှုကြဖို့ လုပ်ဆောင်နေတဲ့သူတွေကို အမေရိကန်လေတပ်က သတိပေးပြီး Area 51 ဆီ ဝင်ရောက်တာမျိုး မလုပ်ဖို့ ဆော်သြလျက် ရှိနေပါတယ်။

အွန်လိုင်း ဖေ့ဘုတ်ပေါ်မှာ “Area 51 ကို ဝင်စီးနင်း၊ ကျုပ်တို့ကို သူတို့ တားမြစ်နိုင်မှာ မဟုတ်”ဆိုတဲ့ event ကို ကမ္ဘာတစ်လွှားက လူထောင်သောင်းချီကာ လှုပ်ရှားလာခဲ့ရာက ခုလို အမေရိကန်ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ Area 51 နယ်မြေမှာ ဘာတွေ ရှိနေတယ်၊ ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာ သိရအောင် တကယ်ဝင်စီးဖို့ လုပ်ဆောင်လာတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်လေတပ်ကတော့ Area 51 ဟာ လေ့ကျင့််ရေးစခန်းနယ်မြေဖြစ်ပြီး ဝင်စီးနင်းဖို့ လုပ်တာဟာ တကယ့် ဆိုးဝါးတဲ့ အတွေးအခေါ်ပဲလို့ ပြောပါတယ်။

“Area 51 ဟာ အမေရိကန်လေတပ်ရဲ့ လေ့ကျင့်ရေး စခန်းပါ။ အမေရိကန် လက်နက်ကိုင်တပ်တွေ စစ်ရေးလေ့ကျင့်နေရာဆီ စီးနင်းဝင်ရောက်လိုသူ ဘယ်သူကိုမဆို ကျွန်တော်တို့ တားမြစ်သွားမှာ ဖြစ်ပါတယ်။”လို့ လေတပ်ပြောခွင့်ရသူ လော်ရာမတ်တအင်ဒရူးက ပြောပါတယ်။

“အမေရိကန်ဟာ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ အမြဲရပ်တည်သွားမှာ ဖြစ်ပါတယ်။”လို့ မတ်အင်ဒရူးက ဆိုပါတယ်။အဆိုပါ ဖေ့ဘုတ် event ကို စက်တင်ဘာ ၂၀ သောကြာနေ့မှာ စတင်ဖို့ ရှိနေပါတယ်။ ဒီ enent အရ Area 51 ဆီ ဝင်စီးဖို့ လက်မှတ်ထိုးထားသူ ၈၆၀၀၀၀ ကျော် ရှိနေပြီး ရ၅၄၀၀၀ ကလည်း စိတ်ဝင်စားကြောင်း ဆိုထားကြပါတယ်။

Rf; Lad Bible
မောင်သံဆင့်(XYZ News)