မြောက်ကိုရီးယားမှာ ဗိုလ်ချုပ်ကြီးတွေကို ဖျော်ဖြေပေးဖို ့ အပျိုစင်အမျိုးသမီးငယ်တွေ စုဆောင်းခံရ

ခေါင်းဆောင်တွေကို ဖျော်ဖြေဖို့ အမျိုးသမီးငယ် ၂၀၀၀ လောက်ကို စုဆောင်းထားပြီး အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေပေးသူ၊ သီချင်းဆိုကပြရသူနဲ့ နှိပ်ပေးရသူဆိုပြီး အုပ်စုသုံးစု ခွဲထားတယ်လို့ သိရပါတယ်။

ကမ္ဘာ့နဲ့ အဆက်အသွယ် မရှိတဲ့ မြောက်ကိုရီးယားမှာ လူကုံထံအသိုင်းအဝိုင်းနဲ့ ဗိုလ်ချုပ်တွေအတွက် ဖျော်ဖြေပေးဖို့ အမျိုးသမီးငယ်များစွာ စုဆောင်းခံရနေတယ်လို့ သိရပါတယ်။ ထိပ်သီးခေါင်းဆောင်တွေ ကျေနပ်စေဖို့အတွက် အမျိုးသမီးငယ်တွေ စုဆောင်းရာမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသူတွေတောင်း ပါဝင်ခဲ့တယ်လို့ သတင်းတွေက ရေးသားကြပါတယ်။

စုဆောင်းခံရတဲ့ အမျိုးသမီးငယ်တွေကို တပ်တွင်းအရာရှိတွေက ကြုံရာဆွဲယူပြီး ဆန္ဒပြည့်ဝဖို့အတွက် ဖျော်ဖြေခိုင်းကြတယ်လို့ ဆိုပါတယ်။ အမျိုးသမီးငယ်တွေကို စုဆောင်းရာမှာ မိသားစုနဲ့ ဆရာဝန်တွေဆီက အထောက်အထားတွေနဲ့ အပျိုစင်ဖြစ်သူတွေကိုသာ ကောက်ယူလေ့ရှိပါတယ်။

ကောက်ယူပြီးတဲ့နောက် ထိပ်တန်းဖျော်ဖြေရေးသမတစ်ဦး ဖြစ်လာအောင် လေ့ကျင့်ပေးကြတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မြောက်ကိုရီးယားက ထွက်ပြေးဖို့ ကြိုးစားသူမြောက်များစွာ ရှိခဲ့ပါတယ်။