တရုတ်နိုင်ငံကဘက်စကတ်ဘောကောင်မလေးရဲ့ဇာတ်လမ်းကမဖြစ်နိုင်တာဘာမှမရှိဘူးဆိုတဲ့သက်သေပါပဲ..။ မဖြစ်နိုင်တာဘာမှမရှိပါဘူး။အချိန်တိုင်းမှာမျှော်လင့်ချက်မဲ့တယ်ဆိုတာကိုလူတိုင်းခံစားရနိုင်ပါတယ်။ဘဝဆိုတာကကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာဖို့စိန်ခေါ်မှုတွေနဲ့ပြည့်နေတာပါ။သင့်ဘဝမှာတခုခုကိုအရှံူးပေးချင်တဲ့အခိုက်အတန့်ကြုံလာပြီဆိုရင်တော့တရုတ်နိုင်ငံကကွမ်ဟွန်ယန်လို့ခေါ်တဲ့ကောင်မလေးရဲ့ဇာတ်လမ်းကိုဖတ်လိုက်ပါ။

ကွမ်ဟန်ယန်ဆိုတဲ့အသက်၂၀အရွယ်ရှိတဲ့ကောင်မလေးကသူမရဲ့စိတ်ဝင်စားစရာဇာတ်လမ်းနဲ့အင်တာနက်ကိုဂယက်ရိုက်စေခဲ့တဲ့သူပါ။အသက်၂၀အရွယ်မှာတရုတ်နိုင်ငံမှာနေရင်းအရှိန်ပြင်းပြင်းမောင်းလာတဲ့ကုန်တင်ကားနဲ့တိုက်မိခဲ့ပြီးခြေထောက်တွေကိုဖြတ်ခဲ့ရတာပါ။သူမရဲ့မိသားစုကတရုတ်နိုင်ငံတောင်ပိုင်းယန်မန်ဆိုတဲ့ကျေးလက်ဒေသမှာနေတာဖြစ်လို့ခြေတုတပ်ဖို့မတတ်နိုင်ခဲ့ပါဘူး။

သူမရဲ့သွားလာမှုအဆင်ပြေဖို့တဝက်ကိုဖြတ်ခဲ့ရပါတယ်။ကွမ်းကသစ်သားတုံးနဲ့လက်ရဲ့အကူအညီကိုသုံးပြီးသွားလာရပါတယ်။ဒီလိုထူးဆန်းတဲ့အခြေအနေကြောင့်သူမကိုဘက်စကတ်ဘောကောင်မလေးလို့ခေါ်ကြပါတယ်။ ၂၀၀၅ခုနှစ်အသက်၁၀နှစ်ပြည့်တဲ့အချိန်မှာကွမ်ကလူမှုကွန်ယက်တွေမှာသူမဓာတ်ပုံတွေကိုမျှဝေခဲ့ပါတယ်။နိုင်ငံသားတော်တော်များများနဲ့တရုတ်လူမျိုးအများစုကလဲသူမရဲ့ကြိုးစားမှုကိုသတိပြုမိလာပါတယ်။အဲဒီနောက်ပေကျင်းမှာရှိတဲ့တရုတ်ပြန်လည်သန်စွမ်းရေးအဖွဲ့ကခြေတုတွေတပ်ပေးခဲ့ပါတယ်။

ပိုကြီးတဲ့ခြေတုကိုတော့ ၂၀၀၇ခုနှစ်မှာရခဲ့ပါတယ်။သူမရဲ့မိသားစုကဆင်းရဲလို့နောက်ထပ်ကုသမှုတွေမလုပ်ပေးနိုင်ပါဘူး။အရှံူးပေးဖို့မတွေးဘဲကွမ်ကသူမရဲ့ဘဝကိုရှေ့ဆက်လျှောက်ခဲ့ပါတယ်။သတ္တိရှိတဲ့ကောင်မလေးကတွေးလို့တောင်မရတဲ့ပယမသန်စွမ်းျားအတွက်ရေကူးအသင်းကိုဝ်ခဲ့ပါတယ်။အဲဒါကယန်နမ်ကမသန်စွမ်းသူများအတွက်ပထမဆုံးထောင်ပေးတဲ့အဖွဲ့ပါ။အစပိုင်းမှာတော့ရေကူးဖို့သူမအတော်အခက်တွေ့ခဲ့ပါတယ်။

၂၀၁၁ခုနှစ်မှာသူမကိုတရုတ်နေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။ကျွန်မအသက်ရှူမဝလို့ရေကူးဖို့ဆိုတာမဖြစ်နိုင်ခဲ့ပါဘူး။ဒါပေမယ့်ကွမ့်ရဲ့ကိုယ်အင်္ဂါမသန်စွမ်းမှုကအောင်မြင်တဲ့အားကစားသမားဖြစ်ဖို့အတားအဆီးမဟုတ်ခဲ့ပါဘူး။သူမကအနာဂတ်မှာပါရာလံပစ်ဂိမ်းကိုဝင်ပြိုင်ဖို့တနေ့ကို၄နာရီလေ့ကျင့်ခဲ့တာပါ။ ကွမ်အသက်၁၈နှစ်ကိုရောက်တဲ့အခါမှာခြေအတုအသစ် ၁စုံထပ်ရခဲ့ပါတယ်။သူမရဲ့နည်းပြလီခဲကွမ်က၂၀၀၈ခုနှစ်မှာBBCကိုပြောခဲ့တာလဲရှိပါတယ်။

လူတွေကမသန်စွမ်းတွေကိုမြင်ရင်ပိုက်ဆံလိုချင်လို့လာတဲ့သူတောင်းစားတွေလိုပဲထင်ကြပါတယ်။အခုလိုမသန်စွမ်းရေကူးသမားတွေကိုမြင်ရင်သူတို့လဲဘယ်လောက်ရုန်းကန်ကြလဲဆိုတာသိရမှပါလို့ပြောပါတယ်။သူမရဲ့အောင်မြင်မှုကအခုဆိုကွမ့်ကိုတရုတ်မှာနာမည်ကြီးတယောက်ဖြစ်စေနေပါပြီ။အဲဒါအပြင်ကမ္ဘာကိုလဲအတွေးအမြင်သစ်ပေးခြင်းဖြစ်ပါတယ်။

Writer -Min Thu ( XYZ NEWS )