ဘုန်းမောက် အသင်းနဲ့ တချိန် တုန်းက ပရီးမီးယားလိဂ် မှာ ပရိသတ်တွေရဲ့ အာရုံကို ဆွဲဆောင် နိုင်ခဲ့ ဖူးတဲ့ ဝေးလ် လူငယ် ကြယ်ပွင့်လေး ဒေးဗစ် ဘရွတ် ဟာ Hodgkin Lymphoma လို့ ခေါ်တဲ့ ကင်ဆာ ဝေဒနာ တမျိုး ကို အဆင့် ၂ အထိ ခံစား နေရပြီ ဖြစ်ကြောင်း အသိပေး လာခဲ့ ပါတယ် ။

၂၄ နှစ် ရှိပြီ ဖြစ်တဲ့ ဒေးဗစ် ဘရွတ် ဟာ ပြီးခဲ့တဲ့ နိုင်ငံ တကာ ရက်သတ္တပတ် မှာ ဆေးစစ်မှု ပြုလုပ် ခဲ့ အပြီး မှာတော့ ဝေးလ် လက်ရွေးစင် အသင်းကနေ အိမ်ကို ပြန်လည် စေလွှတ် ခံခဲ့ရတယ် လို့ သိရ ပါတယ် ။

ဘရွတ် ဟာ ၂၀၁၇ ခုနှစ် က စပြီး ဝေးလ် အသင်း အတွက် ၂၁ ပွဲ ပါဝင်ကစား ပေးထားသူ ဖြစ်ပြီး လက်ရှိ မှာတော့ ကင်ဆာ ရဲ့ ရောဂါ လက္ခဏာတွေ စတင် ပြသ နေပြီလို့ သိရ ပါတယ် ။

“ကျွန်တော့မှာ ကင်ဆာ ရှိနေပါပြီ ။ လာမယ့် အပတ်က စပြီး ကုသမှုကို ခံယူတော့မှာပါ ။

ဒီသတင်းဟာ ကျွန်တော့နဲ့ ကျွန်တော့ မိသားစု ကို တုန်လှုပ် စေခဲ့ ပါတယ် ။ ဆေးစစ်မှု ရလဒ်တွေ ကတော့ ကောင်းတဲ့ ဘက်မှာ ရှိနေပါတယ် ။

ဒါကို ကောင်းကောင်း ကျော်လွှားပြီး ပြန်လည် ကျန်းမာလာဖို့လည်း အပြည့်အ၀ ယုံကြည်ထားပါတယ် ။

ကွင်းထဲကို အတတ် နိုင်ဆုံး အမြန်ပြန်လာဖို့ ကြိုးစား သွားမှာပါ”

 

“ကျွန်တော့ကို ကြည့်ရှု ပေးခဲ့တဲ့ ဆရာဝန်တွေ ၊ သူနာပြုဝန်ထမ်းတွေ ၊ ဆွေးနွေးတိုင်ပင်သူတွေ အားလုံးကို သူတို့ရဲ့ နွေးထွေးမှု ၊ နားလည်ပေးမှုတွေ အတွက် ကျေးဇူးတင် အသိအမှတ်ပြုတယ်လို့ ပြောချင် ပါတယ် ။

ဝေးလ် လက်ရွေးစင် အသင်းက လူတိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်ချင် ပါတယ် ။

သူတို့ ဆေးအဖွဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် ဒီကင်ဆာကို သတိပြုမိမှာ မဟုတ်ပါဘူး ။

ဘုန်းမောက် အသင်းကိုလည်း ကျွန်တော့ကို အားပေး ထောက်ပံ့မှုတွေ အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”

“ကျွန်တော့ကို စိတ်ပူသူတွေ ၊ စာပို့သူတွေ ကိုလည်း ကျေးဇူးတင်ပါတယ် ။

ဒါပေမယ့် လာမယ့် ရက်တွေက စပြီး ကျွန်တော့ရဲ့ အခြေအနေတွေကို အမြဲ ပြောဖြစ်မှာ မဟုတ်တာကို နားလည်ပေးစေချင် ပါတယ် ။

ကျွန်တော် အဆင်ပြေတဲ့ အချိန် မှာ ဘယ်လောက်တိုးတက်မှု ရှိလာပြီ ဆိုတာကို အားလုံးကို အသိပေး သွားမှာပါ ။

အားလုံးကို အမြန်ဆုံး ပြန်တွေ့ချင်ပါတယ် ၊ ကျွန်တော်ချစ်တဲ့ အားကစား နဲ့လည်း အမြန်ဆုံး ပြန်ဆုံချင်ပါပြီ” လို့ ဒေးဗစ် ဘရွတ် က ဘုန်းမောက် အသင်းရဲ့ ဝက်ဘ်ဆိုက် က တဆင့် ပြောဆို သွားခဲ့ ပါတယ် ။

ဘုန်းမောက် အသင်းရဲ့ CEO နီးလ် ဘလိတ် ကလည်း ဘုန်းမောက် အသင်းက လူတိုင်းဟာ ဒေးဗစ် ဘရွတ် နဲ့ သူ့ရဲ့ မိသားစုတွေ အပေါ် ထောက်ခံ အားပေး နိုင်ဖို့ အရာအားလုံးကို လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဒေးဗစ် ဘရွတ် ဟာ ဘုန်းမောက် ဆီကို ၂၀၁၈ ခုနှစ် မှာ ရှက်ဖီး ယူနိုက်တက် ကနေ ပေါင် ၁၁.၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ပွဲပေါင်း ၉၁ ပွဲ ကစားထားကာ ၁၈ ဂိုး သွင်းယူပေးထား နိုင်ခဲ့ ပါတယ် ။

ကင်ဆာ ဝေဒနာကို ကျော်ဖြတ်ပြီး မြက်ခင်းစိမ်းပေါ်ကို အမြန်ဆုံး ပြန်လည် ရောက်ရှိလာပါစေလု့ို ဆုတောင်းပေးလိုက်ပါတယ် ဒေးဗစ် ဘရွတ် ရေ . . .

 

SPORTS MYANMAR

Leave a Comment

Your email address will not be published. Required fields are marked *